ထိခိုက်ပျက်စီးသွားခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပြန်လည်အစားထိုးပြီးပြီလို့ အီရန်ပြော

 272

Pika (NP News) - ဇူလိုင် ၂၂

ပြီးခဲ့တဲ့လက အစ္စရေးနဲ့ဖြစ်ပွားခဲ့‌တဲ့ပဋိပက္ခအတွင်း ထိခိုက်ပျက်စီးသွားခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပြန်လည်အစားထိုးပြီးပြီဖြစ်တယ်လို့ အီရန်စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကိုကိုးကားပြီး Defah Press သတင်းအေဂျင်စီကရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အစ္စရေးလေတပ်ဟာ အီရန်ရဲ့လေပိုင်နက်ကို လွှမ်းမိုးထားခဲ့ပြီး အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပြင်းထန်စွာထိခိုက်ပျက်စီးစေခဲ့တဲ့ ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အီရန်ဘက်ကလည်း အစ္စရေးနယ်မြေတွေဘက်ကို အလားတူတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အီရန်စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးက "အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ကျွန်တော်တို့လေကြောင်းရန်ကာကွယ်ရေးစနစ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ပြည်တွင်းအရင်းအမြစ်တွေကို အသုံးပြုပြီး လေကြောင်းပိုင်နက်ကိုလုံခြုံစေဖို့အတွက် သင့်လျော်တဲ့နေရာတွေမှာ သိုလှောင်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပြန်လည်အစားထိုးခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အစ္စရေးနဲ့အီရန်ကြား (၁၂)ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲဟာ အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုတွေနဲ့အတူ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ အဆုံးသတ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
ထိခိုက္ပ်က္စီးသြားခဲ့တဲ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ျပန္လည္အစားထိုးၿပီးၿပီလို႔ အီရန္ေျပာ
Pika (NP News) - ဇူလိုင္ ၂၂

ၿပီးခဲ့တဲ့လက အစၥေရးနဲ႔ျဖစ္ပြားခဲ့‌တဲ့ပဋိပကၡအတြင္း ထိခိုက္ပ်က္စီးသြားခဲ့တဲ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ျပန္လည္အစားထိုးၿပီးၿပီျဖစ္တယ္လို႔ အီရန္စစ္ဘက္ဆိုင္ရာအရာရွိတစ္ဦးရဲ႕ ေျပာၾကားခ်က္ကိုကိုးကားၿပီး Defah Press သတင္းေအဂ်င္စီကေရးသားေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇြန္လကျဖစ္ပြားခဲ့တဲ့ ပဋိပကၡအတြင္း အစၥေရးေလတပ္ဟာ အီရန္ရဲ႕ေလပိုင္နက္ကို လႊမ္းမိုးထားခဲ့ၿပီး အီရန္ရဲ႕ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ျပင္းထန္စြာထိခိုက္ပ်က္စီးေစခဲ့တဲ့ ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔ တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔သိရပါတယ္။ အီရန္ဘက္ကလည္း အစၥေရးနယ္ေျမေတြဘက္ကို အလားတူတိုက္ခိုက္မႈေတြ ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အီရန္စစ္ဘက္ဆိုင္ရာအရာရွိတစ္ဦးက "အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့ ပဋိပကၡအတြင္း ကြၽန္ေတာ္တို႔ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အခ်ိဳ႕ ထိခိုက္ပ်က္စီးသြားခဲ့ပါတယ္။ ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြဟာ ျပည္တြင္းအရင္းအျမစ္ေတြကို အသုံးျပဳၿပီး ေလေၾကာင္းပိုင္နက္ကိုလုံၿခဳံေစဖို႔အတြက္ သင့္ေလ်ာ္တဲ့ေနရာေတြမွာ သိုေလွာင္ထားတဲ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြကို ျပန္လည္အစားထိုးခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

အစၥေရးနဲ႔အီရန္ၾကား (၁၂)ရက္ၾကာျဖစ္ပြားခဲ့တဲ့စစ္ပြဲဟာ အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈေတြနဲ႔အတူ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္နဲ႔ အဆုံးသတ္သြားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.