မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးတွေမြှင့်တင်ဖို့ အစီအစဉ်တွေကို တောင်ကိုရီးယားသုံးသပ်နေ

 163

Pika (NP News) - ဇူလိုင် ၂၂

တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးတက်လာစေဖို့အတွက် အစီအစဉ်အမျိုးမျိုးကို လေ့လာနေတယ်လို့ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားသို့ တစ်ဦးချင်းခရီးစဉ်တွေ ခွင့်ပြုဖို့ စဉ်းစားနေတယ်ဆိုတဲ့ မီဒီယာတွေရဲ့ဖော်ပြချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ကိုရီးယားနှစ်နိုင်ငံကြားအရေးကို ကိုင်တွယ်ဖြေရှင်းတဲ့ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Koo Byung-sam က အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း တစ်ဦးချင်းခရီးစဉ်တွေဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တာမျိုးမဟုတ်ဘူးဆိုတာကို နားလည်ထားတယ်လို့လည်း Koo Byung-sam ကပြောကြားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းဟာ နျူကလီးယားနဲ့စစ်လက်နက်ပစ္စည်းအစီအစဉ်တွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုတွေအောက်မှာ ပစ်မှတ်ထားတာမျိုးမရှိတဲ့ မြောက်ကိုရီးယားအတွက် ကျဉ်းမြောင်းတဲ့ငွေကြေးအရင်းအမြစ်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ကိုရီးယားသမ္မတသစ်လီဂျေးမြောင်ဟာ နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်ကိုရောက်ရှိသွားခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ဆက်ဆံရေးတွေကို တိုးမြှင့်သွားဖို့ ကတိပြုခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

zawgyi version
ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ဆက္ဆံေရးေတြျမႇင့္တင္ဖို႔ အစီအစဥ္ေတြကို ေတာင္ကိုရီးယားသုံးသပ္ေန
Pika (NP News) - ဇူလိုင္ ၂၂

ေတာင္ကိုရီးယားအစိုးရဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ဆက္ဆံေရးေတြ တိုးတက္လာေစဖို႔အတြက္ အစီအစဥ္အမ်ိဳးမ်ိဳးကို ေလ့လာေနတယ္လို႔ ေတာင္ကိုရီးယားရဲ႕ ျပန္လည္ေပါင္းစည္းေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ေတာင္ကိုရီးယားအစိုးရဟာ ေျမာက္ကိုရီးယားသို႔ တစ္ဦးခ်င္းခရီးစဥ္ေတြ ခြင့္ျပဳဖို႔ စဥ္းစားေနတယ္ဆိုတဲ့ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္ေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ကိုရီးယားႏွစ္ႏိုင္ငံၾကားအေရးကို ကိုင္တြယ္ေျဖရွင္းတဲ့ဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Koo Byung-sam က အဲ့ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း တစ္ဦးခ်င္းခရီးစဥ္ေတြဟာ ႏိုင္ငံတကာပိတ္ဆို႔အေရးယူမႈေတြကို ခ်ိဳးေဖာက္တာမ်ိဳးမဟုတ္ဘူးဆိုတာကို နားလည္ထားတယ္လို႔လည္း Koo Byung-sam ကေျပာၾကားခဲ့ပါတယ္။

ခရီးသြားလုပ္ငန္းဟာ န်ဴကလီးယားနဲ႔စစ္လက္နက္ပစၥည္းအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ကုလသမဂၢရဲ႕ပိတ္ဆို႔အေရးယူမႈေတြေအာက္မွာ ပစ္မွတ္ထားတာမ်ိဳးမရွိတဲ့ ေျမာက္ကိုရီးယားအတြက္ က်ဥ္းေျမာင္းတဲ့ေငြေၾကးအရင္းအျမစ္ေတြထဲက တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ ေတာင္ကိုရီးယားသမၼတသစ္လီေဂ်းေျမာင္ဟာ ႏွစ္ေပါင္းမ်ားစြာအတြင္း အနိမ့္ဆုံးအဆင့္ကိုေရာက္ရွိသြားခဲ့တဲ့ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ဆက္ဆံေရးေတြကို တိုးျမႇင့္သြားဖို႔ ကတိျပဳခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.