ရှမ်းမြောက်တွင် KIA နှင့် TNLA တို့ နယ်မြေအငြင်းပွားပြီး ထိုးကြိတ်မှုမှတစ်ဆင့် တိုက်ပွဲဖြစ်ရန် တာစူနေ

 1377

သန့်ဇင် (NP News) - မတ် ၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA နှင့် ပလောင်လက်နက်ကိုင်အဖွဲ့ TNLA အကြား နယ်မြေအငြင်းပွားမှုများ ဇာတ်ရှိန်မြင့်လာကာ တိုက်ပွဲဆီဦးတည်နေရာ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေ ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ထိုသို့ ပိုင်နက်နယ်မြေအငြင်းပွားမှုများ ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့ရာ အချေအတင်ပြောဆိုသည့်အဆင့်မှ ကိုယ်ထိ လက်ရောက်အငြင်းပွားသည့်အခြေအနေအထိ ဆိုးရွားလာခဲ့ရာ ယခင်ကတစ်ဦးချင်း ထိုးပွဲများမှ လက်ရှိတွင် အုပ်စု ဖွဲ့ ထိုးကြိတ်သည်အထိ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။
ထင်ရှားသည့်ဖြစ်စဉ်များအနက် ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းက နယ်မြေအငြင်းပွားမှုဖြစ်နေသော နမ့် ဖတ်ကာ၊ မုံးဝီး၊ နမ့်အွန်၊ ပန်ခါးလေး ဒေသဘက်တွင် KIA နှင့် TNLA အကြား အပြန်အလှန် ထိုးကြိတ်မှု ဖြစ်ပွားခဲ့ သည်။ ယခုနှစ် ဖေဖော် ဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၄) လက်အောက်ခံတပ်ရင်း (၃၄) နယ်မြေတွင် TNLA က KIO ၏ တိုက်နယ်ရုံး(၂)ရုံး၊ ဂိတ်စခန်း(၄)ခုနှင့် ပြည်သူ့စစ် MHH စခန်းတစ်ခု စုစုပေါင်း (၇) နေရာကို အင်အားအလုံးအရင်းအသုံးပြုကာ သိမ်းယူထားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
“လက်ရှိကျွန်တော်တို့ ရှမ်းပြည်နယ်မြောက် ပိုင်း ဒေသပေါ့နော်။ အဲဒါကို ရှမ်းအရှေ့မြောက်ခေါ်တာ ပေါ့နော်။ အဲဒီဒေသမှာ အလားတူဖြစ်စဉ် နယ်မြေအမှုကို စကားဝိုင်းတွေ့ပြီးဖြေရှင်းတာတော့ရှိတာပေါ့။ ဒါပေမဲ့ ထိရောက်တဲ့ အောင်မြင်မှုမျိုးမရှိဘူး။ ဆက်ပြီးတော့ အငြင်းပွားနေဆဲ။ ရုံးတွေဘာတွေကို ဖြိုတာတွေဒါတွေက ရှိနေဆဲပေါ့။ မပြေလည်သေးပါ ဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၂)ရက်က မန်တုံ မြို့နယ် လောက်ကျယ်ဒေသတွင်ဖြစ်ပွားခဲ့သော KIA နှင့် TNLA တို့၏ နယ်မြေအငြင်းပွားမှုမှ ထွက်ပေါ်လာသော ရုပ်သံဖိုင်တွင် KIA အဖွဲ့ဝင်တစ်ဦးကို TNLA အဖွဲ့က ဝိုင်းဝန်းထိုးကြိတ်ကန်ကြောက်နေကြသည်ကိုမြင်တွေ့ခဲ့ရပြီး “မင်းတို့လူအားလုံး ခေါ်လာခဲ့”ဟု စိန်ခေါ်သည့် TNLA အဖွဲ့ဝင်တစ်ဦး၏ ပြောဆိုသံလည်းပါဝင်ခဲ့သည်။
အလားတူ ဖေဖော်ဝါရီ(၂၇)ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် မန်မောက် ကျေးရွာတွင် ရောက်ရှိနေသည့် KIA အဖွဲ့ဝင် (၁၆၀) ကျော်ကို မန်တုံနှင့်ဟိုမိန်းဘက်မှ အင်အားအလုံး အရင်းဖြင့်တက်လာသော TNLA အဖွဲ့မှ အင်အား (၄၀ဝ)ခန့်က ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး KIA အဖွဲ့ဝင်(၁၂)ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဒေသ တွင်း မီဒီယာများ၏ရေးသားထားချက်အရ သိရသည်။
ထိုသို့ လက်နက်ကိုင်အဖွဲ့(၂)၏နယ်မြေအငြင်း ပွားမှုများ အရှိန်မြင့်တက်လာခြင်းကြောင့် ဒေသခံများမှာ နယ်မြေလုတိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ “ပစ်ခတ်မှု တွေဖြစ်လာနိုင်တဲ့အနေအထားတွေတော့ ဖြစ်လာနိုင်တယ်။ အဲဒီလိုမျိုးတွေတော့ ရှိလာနိုင်တယ်။ တိုက်ပွဲတွေ ပြန်ဖြစ် လာနိုင်တယ်။ KIA ကလည်း ခွဲထွက်ပြီးတော့ အမျိုးသားရေးလှုံ့ဆော်မှုတွေ ဖြစ်လာနိုင်တာပေါ့။ အဲဒါကြောင့် အခုလက်ရှိဖြစ်နေတာပေါ့။ နယ်မြေအငြင်းပွားမှုကလည်း ပိုပိုပြီးဆိုးလာတယ်။ အရင်က အောက်ပိုင်း မှာပဲ မပြေလည်တာ။ အခုက အပေါ်ပိုင်းမှာပါဖြစ်လာတဲ့ဟာလေးတွေ တွေ့ရတာပေါ့။ ဒေသခံတွေကတော့ ဘယ်အချိန်ထဖြစ်မလဲ။ နောက်ပြီးတော့ အခွန်အခတွေပေါ့။ ဟိုဘက်ဒီ ဘက်သွားရတဲ့အခါကျတော့ ပိုပြီးတော့အခက်အခဲ ကြုံရတာပေါ့”ဟု ၎င်းက ဆက်ပြော သည်။
(၁၀၂၇) စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း KIA လက်နက်ကိုင်အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA, MNDAA လက်နက်ကိုင်အဖွဲ့တို့ အပြင် “ဝ” လက်နက်ကိုင်အဖွဲ့ UWSA တို့နှင့် နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။
အလားတူ TNLA အဖွဲ့ကလည်း (၁၀၂၇) စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ရှိမြို့ပေါင်း (၁၁)မြို့အပါအဝင် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မိုးကုတ်မြို့ကို တိုက်ခိုက်ထိန်းချုပ်ထားပြီး KIA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များနှင့် မကြာခဏ နယ်မြေအငြင်းပွားမှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Zawgyi Version:
ရွမ္းေျမာက္တြင္ KIA ႏွင့္ TNLA တို႔ နယ္ေျမအျငင္းပြားၿပီး ထိုးႀကိတ္မႈမွတစ္ဆင့္ တိုက္ပြဲျဖစ္ရန္ တာစူေန
သန႔္ဇင္ (NP News) - မတ္ ၂

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ကခ်င္လက္နက္ကိုင္အဖြဲ႕ KIA ႏွင့္ ပေလာင္လက္နက္ကိုင္အဖြဲ႕ TNLA အၾကား နယ္ေျမအျငင္းပြားမႈမ်ား ဇာတ္ရွိန္ျမင့္လာကာ တိုက္ပြဲဆီဦးတည္ေနရာ ေဒသခံမ်ားအၾကား စိုးရိမ္မႈျမင့္တက္ေန ေၾကာင္း ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ား ခပ္စိပ္စိပ္ျဖစ္ပြားလာခဲ့ရာ အေခ်အတင္ေျပာဆိုသည့္အဆင့္မွ ကိုယ္ထိ လက္ေရာက္အျငင္းပြားသည့္အေျခအေနအထိ ဆိုး႐ြားလာခဲ့ရာ ယခင္ကတစ္ဦးခ်င္း ထိုးပြဲမ်ားမွ လက္ရွိတြင္ အုပ္စု ဖြဲ႕ ထိုးႀကိတ္သည္အထိ ျဖစ္ပြားလာခဲ့ေၾကာင္း သိရသည္။
ထင္ရွားသည့္ျဖစ္စဥ္မ်ားအနက္ ၿပီးခဲ့သည့္ ဇန္နဝါရီလေႏွာင္းပိုင္းက နယ္ေျမအျငင္းပြားမႈျဖစ္ေနေသာ နမ့္ ဖတ္ကာ၊ မုံးဝီး၊ နမ့္အြန္၊ ပန္ခါးေလး ေဒသဘက္တြင္ KIA ႏွင့္ TNLA အၾကား အျပန္အလွန္ ထိုးႀကိတ္မႈ ျဖစ္ပြားခဲ့ သည္။ ယခုႏွစ္ ေဖေဖာ္ ဝါရီလအတြင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ KIA ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ တပ္မဟာ (၄) လက္ေအာက္ခံတပ္ရင္း (၃၄) နယ္ေျမတြင္ TNLA က KIO ၏ တိုက္နယ္႐ုံး(၂)႐ုံး၊ ဂိတ္စခန္း(၄)ခုႏွင့္ ျပည္သူ႔စစ္ MHH စခန္းတစ္ခု စုစုေပါင္း (၇) ေနရာကို အင္အားအလုံးအရင္းအသုံးျပဳကာ သိမ္းယူထားသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။
“လက္ရွိကြၽန္ေတာ္တို႔ ရွမ္းျပည္နယ္ေျမာက္ ပိုင္း ေဒသေပါ့ေနာ္။ အဲဒါကို ရွမ္းအေရွ႕ေျမာက္ေခၚတာ ေပါ့ေနာ္။ အဲဒီေဒသမွာ အလားတူျဖစ္စဥ္ နယ္ေျမအမႈကို စကားဝိုင္းေတြ႕ၿပီးေျဖရွင္းတာေတာ့ရွိတာေပါ့။ ဒါေပမဲ့ ထိေရာက္တဲ့ ေအာင္ျမင္မႈမ်ိဳးမရွိဘူး။ ဆက္ၿပီးေတာ့ အျငင္းပြားေနဆဲ။ ႐ုံးေတြဘာေတြကို ၿဖိဳတာေတြဒါေတြက ရွိေနဆဲေပါ့။ မေျပလည္ေသးပါ ဘူး”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၂)ရက္က မန္တုံ ၿမိဳ႕နယ္ ေလာက္က်ယ္ေဒသတြင္ျဖစ္ပြားခဲ့ေသာ KIA ႏွင့္ TNLA တို႔၏ နယ္ေျမအျငင္းပြားမႈမွ ထြက္ေပၚလာေသာ ႐ုပ္သံဖိုင္တြင္ KIA အဖြဲ႕ဝင္တစ္ဦးကို TNLA အဖြဲ႕က ဝိုင္းဝန္းထိုးႀကိတ္ကန္ေၾကာက္ေနၾကသည္ကိုျမင္ေတြ႕ခဲ့ရၿပီး “မင္းတို႔လူအားလုံး ေခၚလာခဲ့”ဟု စိန္ေခၚသည့္ TNLA အဖြဲ႕ဝင္တစ္ဦး၏ ေျပာဆိုသံလည္းပါဝင္ခဲ့သည္။
အလားတူ ေဖေဖာ္ဝါရီ(၂၇)ရက္ကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း မန္တုံၿမိဳ႕နယ္ မန္ေမာက္ ေက်း႐ြာတြင္ ေရာက္ရွိေနသည့္ KIA အဖြဲ႕ဝင္ (၁၆၀) ေက်ာ္ကို မန္တုံႏွင့္ဟိုမိန္းဘက္မွ အင္အားအလုံး အရင္းျဖင့္တက္လာေသာ TNLA အဖြဲ႕မွ အင္အား (၄၀ဝ)ခန႔္က ဝိုင္းဝန္း႐ိုက္ႏွက္မႈျဖစ္ပြားခဲ့ၿပီး KIA အဖြဲ႕ဝင္(၁၂)ဦး ဒဏ္ရာျပင္းထန္ခဲ့ေၾကာင္း ေဒသ တြင္း မီဒီယာမ်ား၏ေရးသားထားခ်က္အရ သိရသည္။
ထိုသို႔ လက္နက္ကိုင္အဖြဲ႕(၂)၏နယ္ေျမအျငင္း ပြားမႈမ်ား အရွိန္ျမင့္တက္လာျခင္းေၾကာင့္ ေဒသခံမ်ားမွာ နယ္ေျမလုတိုက္ပြဲမ်ား ျဖစ္ေပၚလာမည္ကို စိုးရိမ္ေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ “ပစ္ခတ္မႈ ေတြျဖစ္လာႏိုင္တဲ့အေနအထားေတြေတာ့ ျဖစ္လာႏိုင္တယ္။ အဲဒီလိုမ်ိဳးေတြေတာ့ ရွိလာႏိုင္တယ္။ တိုက္ပြဲေတြ ျပန္ျဖစ္ လာႏိုင္တယ္။ KIA ကလည္း ခြဲထြက္ၿပီးေတာ့ အမ်ိဳးသားေရးလႈံ႕ေဆာ္မႈေတြ ျဖစ္လာႏိုင္တာေပါ့။ အဲဒါေၾကာင့္ အခုလက္ရွိျဖစ္ေနတာေပါ့။ နယ္ေျမအျငင္းပြားမႈကလည္း ပိုပိုၿပီးဆိုးလာတယ္။ အရင္က ေအာက္ပိုင္း မွာပဲ မေျပလည္တာ။ အခုက အေပၚပိုင္းမွာပါျဖစ္လာတဲ့ဟာေလးေတြ ေတြ႕ရတာေပါ့။ ေဒသခံေတြကေတာ့ ဘယ္အခ်ိန္ထျဖစ္မလဲ။ ေနာက္ၿပီးေတာ့ အခြန္အခေတြေပါ့။ ဟိုဘက္ဒီ ဘက္သြားရတဲ့အခါက်ေတာ့ ပိုၿပီးေတာ့အခက္အခဲ ႀကဳံရတာေပါ့”ဟု ၎က ဆက္ေျပာ သည္။
(၁၀၂၇) စစ္ဆင္ေရးစတင္ခဲ့ၿပီးေနာက္ပိုင္း KIA လက္နက္ကိုင္အဖြဲ႕သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ TNLA, MNDAA လက္နက္ကိုင္အဖြဲ႕တို႔ အျပင္ “ဝ” လက္နက္ကိုင္အဖြဲ႕ UWSA တို႔ႏွင့္ နယ္ေျမအျငင္းပြားမႈ ျဖစ္ပြားေနေၾကာင္း သိရသည္။
အလားတူ TNLA အဖြဲ႕ကလည္း (၁၀၂၇) စစ္ဆင္ေရးစတင္ၿပီးေနာက္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ရွိၿမိဳ႕ေပါင္း (၁၁)ၿမိဳ႕အပါအဝင္ မႏၲေလးတိုင္းေဒသ ႀကီးအတြင္းရွိ မိုးကုတ္ၿမိဳ႕ကို တိုက္ခိုက္ထိန္းခ်ဳပ္ထားၿပီး KIA ႏွင့္ MNDAA လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ မၾကာခဏ နယ္ေျမအျငင္းပြားမႈျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.