ကျိုင်းတုံတွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်အတွင်းထိုးကျတိမ်းမှောက်မှုကြောင့် (၇)ဦးသေဆုံး

 661

သန့်ဇင်(NP News)-မတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်အတွင်းထိုးကျတိမ်းမှောက်မှုကြောင့် (၇)ဦးသေဆုံးသွားခဲ့ကြောင်း တိုင်းနေလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မက်လ ၁ရက်)၊ ည ၈နာရီ ၁၀မိနစ်အချိန်ခန့်က ကျိုင်းတုံမြို့နယ်၊စပါယ်ရှယ်တောင်၊ လက်ပံကွေ့( ၁) ၊ ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားက ခရီးသည်တင် GIကားပါ။ ဘရိတ်ပေါက်ပြီး ချောက်နက်ထဲကျသွားတာ။ ကားပေါ်မှာ လူ(၃၀)ကျော်ပါတယ်။ တာချီလိတ်ကနေ ရန်ကုန်ကိုလာတဲ့ကားပါ”ဟု တိုင်းနေလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသူ(၃၂)ဦးအနက် အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၂)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အမျိုသားက (၅)ယောက်သေတယ်။ အမျိုးသမီး(၂)ယောက်သေတယ်။ အမျိုးသမီး(၂)ယောက်က သားမိတွေလို့သိရတယ်။ မှောက်တဲ့နေရာမှာပဲသေတဲ့လူတွေလည်းရှိတယ်။ တချို့ကလည်း လမ်းမှာသေတယ်။ တချို့လည်း ဆေးရုံရောက်မှ ဆုံးကြတာ။ အဲဒီနားက ခဏခဏဖြစ်တယ်”ဟု ၎င်းကဆက်ပြောသည်။

ထို့ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းနေလူမှုကူညီရေးအသင်းမှလူနာတင်ယာဉ်၊ မိဘသွေးလူမှုကူညီရေး အသင်းမှလူနာတင်ယာဉ်နှင့် နှလုံးလှလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
က်ိဳင္းတုံတြင္ ခရီးသည္တင္ကားတစ္စီး ဘရိတ္ေပါက္ကာ ေခ်ာက္အတြင္းထိုးက်တိမ္းေမွာက္မႈေၾကာင့္ (၇)ဦးေသဆုံး

သန႔္ဇင္(NP News)-မက္လ ၂

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕နယ္တြင္ ခရီးသည္တင္ကားတစ္စီး ဘရိတ္ေပါက္ကာ ေခ်ာက္အတြင္းထိုးက်တိမ္းေမွာက္မႈေၾကာင့္ (၇)ဦးေသဆုံးသြားခဲ့ေၾကာင္း တိုင္းေနလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မက္လ ၁ရက္)၊ ည ၈နာရီ ၁၀မိနစ္အခ်ိန္ခန႔္က က်ိဳင္းတုံၿမိဳ႕နယ္၊စပါယ္ရွယ္ေတာင္၊ လက္ပံေကြ႕( ၁) ၊ ျပည္ေထာင္စု လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၃၆၆မိုင္ ၆/၇ ဖာလုံ)ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားက ခရီးသည္တင္ GIကားပါ။ ဘရိတ္ေပါက္ၿပီး တဲ့ေခ်ာက္ထဲက်သြားတာ။ ကားေပၚမွာ လူ(၃၀)ေက်ာ္ပါတယ္။ တာခ်ီလိတ္ကေန ရန္ကုန္ကိုလာတဲ့ကားပါ”ဟု တိုင္းေနလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ကားေပၚတြင္လိုက္ပါလာသူ(၃၂)ဦးအနက္ အမ်ိဳးသား(၅)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အမ်ိဳသားက (၅)ေယာက္ေသတယ္။ အမ်ိဳးသမီး(၂)ေယာက္ေသတယ္။ အမ်ိဳးသမီး(၂)ေယာက္က သားမိေတြလို႔သိရတယ္။ ေမွာက္တဲ့ေနရာမွာပဲေသတဲ့လူေတြလည္းရွိတယ္။ တခ်ိဳ႕ကလည္း လမ္းမွာေသတယ္။ တခ်ိဳ႕လည္း ေဆး႐ုံေရာက္မွ ဆုံးၾကတာ။ အဲဒီနားက ခဏခဏျဖစ္တယ္”ဟု ၎ကဆက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား တိုင္းေနလူမႈကူညီေရးအသင္းမွလူနာတင္ယာဥ္၊ မိဘေသြးလူမႈကူညီေရး အသင္းမွလူနာတင္ယာဥ္ႏွင့္ ႏွလုံးလွလူမႈကူညီေရးအသင္းမွ လူနာတင္ယာဥ္မ်ားျဖင့္ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.