နှစ်ပေါင်း ၄၀ ကြာတိုက်ခိုက်မှုကို အဆုံးသတ်ဖို့ အပစ်ခတ်ရပ်စဲမယ်လို့ ကာဒစ်လက်နက်ကိုင်အုပ်စုပြော

 513

ဂျန်ဇက် (NP News) - မတ် ၂

ကာဒစ်လက်နက်ကိုင်အဖွဲ့တို့ဟာ နှစ်ပေါင်း ၄၀ ကြာ ပစ်ခတ်မှုတွေကို အဆုံးသတ်ဖို့ အပစ်ခတ်ရပ်စဲရေး ရယူမယ် လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အကျဥ်းကျနေတဲ့ ကာဒစ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က ကာဒစ်လက်နက် ကိုင်အဖွဲ့ကို ဖျက်သိမ်းဖို့တောင်းဆိုခဲ့ပြီးနောက် ကာဒစ်အဖွဲ့က တူရကီအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကာဒစ်လက်နက်ကိုင်အဖွဲ့အုပ်ချုပ်ရေးကော်မတီက "ကျွန်တော်တို့ခေါင်းဆောင်က ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ အရေးကို လုပ်ဆောင်ဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော်တို့ကလည်း ဒီနေ့က စတင်ပြီး အပစ်ခတ်ရပ်စဲရေးရယူဖို့ ကြေညာတယ်" လို့ ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေမရှိဘူးဆိုရင် ကာဒစ်လက်နက်ကိုင်အဖွဲ့လည်း လက်နက်ကိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ကာဒစ်လက်နက်ကိုင်အဖွဲ့ဟာ လွတ်လပ်ရေးရယူဖို့ ၁၉၈၄ ခုနှစ်ကတည်းက တူရကီအစိုးရကို လက်နက်ကိုင် ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ ကာဒစ်လူမျိုးဟာ တူရကီနိုင်ငံသားတွေထဲမှာ ၂ဝ ရာခိုင်နှုန်းရှိနေပြီး လွတ်လပ်ရေး ရယူဖို့ကြိုးပမ်းခဲ့ရာ အမေရိကန် တူရကီအစိုးရတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
ကာဒစ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဖြစ်သူ အိုကလမ်ဟာ ၁၉၉၉ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

Zawgyi Version:
ႏွစ္ေပါင္း ၄၀ ၾကာတိုက္ခိုက္မႈကို အဆုံးသတ္ဖို႔ အပစ္ခတ္ရပ္စဲမယ္လို႔ ကာဒစ္လက္နက္ကိုင္အုပ္စုေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂

ကာဒစ္လက္နက္ကိုင္အဖြဲ႕တို႔ဟာ ႏွစ္ေပါင္း ၄၀ ၾကာ ပစ္ခတ္မႈေတြကို အဆုံးသတ္ဖို႔ အပစ္ခတ္ရပ္စဲေရး ရယူမယ္ လို႔ သတင္းထုတ္ျပန္လိုက္ပါတယ္။ အက်ဥ္းက်ေနတဲ့ ကာဒစ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္က ကာဒစ္လက္နက္ ကိုင္အဖြဲ႕ကို ဖ်က္သိမ္းဖို႔ေတာင္းဆိုခဲ့ၿပီးေနာက္ ကာဒစ္အဖြဲ႕က တူရကီအစိုးရနဲ႔ အပစ္ခတ္ရပ္စဲေရး ေၾကညာခဲ့တာ ျဖစ္ပါတယ္။
ကာဒစ္လက္နက္ကိုင္အဖြဲ႕အုပ္ခ်ဳပ္ေရးေကာ္မတီက "ကြၽန္ေတာ္တို႔ေခါင္းေဆာင္က ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီ အေရးကို လုပ္ေဆာင္ဖို႔ ေတာင္းဆိုခဲ့တယ္။ ကြၽန္ေတာ္တို႔ကလည္း ဒီေန႔က စတင္ၿပီး အပစ္ခတ္ရပ္စဲေရးရယူဖို႔ ေၾကညာတယ္" လို႔ ေျပာပါတယ္။
ပစ္ခတ္တိုက္ခိုက္မႈေတြမရွိဘူးဆိုရင္ ကာဒစ္လက္နက္ကိုင္အဖြဲ႕လည္း လက္နက္ကိုင္မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။ ကာဒစ္လက္နက္ကိုင္အဖြဲ႕ဟာ လြတ္လပ္ေရးရယူဖို႔ ၁၉၈၄ ခုႏွစ္ကတည္းက တူရကီအစိုးရကို လက္နက္ကိုင္ ဆန္႔က်င္ခဲ့တာျဖစ္ပါတယ္။ ကာဒစ္လူမ်ိဳးဟာ တူရကီႏိုင္ငံသားေတြထဲမွာ ၂ဝ ရာခိုင္ႏႈန္းရွိေနၿပီး လြတ္လပ္ေရး ရယူဖို႔ႀကိဳးပမ္းခဲ့ရာ အေမရိကန္ တူရကီအစိုးရတို႔က အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခံထားရပါတယ္။
ကာဒစ္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ျဖစ္သူ အိုကလမ္ဟာ ၁၉၉၉ ခုႏွစ္ကတည္းက ဖမ္းဆီးခံခဲ့ရေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.