ယူကရိန်းသမ္မတရဲ့အမေရိကန်ခရီးစဉ်က လုံးဝကျရှုံးသွားတဲ့ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ရုရှားအစိုးရပြော

 282

Pika (NP News) - မတ် ၂

ယူကရိန်းသမ္မတဇီလန်စကီးရဲ့အမေရိကန်ကို သွားရောက်လည်ပတ်ခဲ့တဲ့ခရီးစဉ်က ကျရှုံးခဲ့တဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့ တယ်လို့ ရုရှားအစိုးရက မတ်လ(၁)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အိမ်ဖြူတော်မှာတွေ့ဆုံချိန်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ကြား အခြေအတင်ပြောဆိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် ရုရှားအစိုးရက ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ဇီလန်စကီးဟာ အမေရိကန်နဲ့ တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ အတွက် စီစဉ်ထားခဲ့ပေမယ့်လည်း အခြေအတေပြောဆိုမှုတွေဖြစ်ပွားခဲ့မှုနဲ့အတူ သဘောတူညီချက်ကို လက်မှတ် ရေးထိုးတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဇီလန်စကီးဟာ ရိုင်းပျတယ်လို့ ဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတ JD Vance တို့က စွပ်စွဲပြောဆိုခဲ့ကာ အမေရိကန်နဲ့ နိုင်ငံတကာမီဒီယာတွေရှေ့မှာ သတိပေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးတာမျိုး မရှိခဲ့ဘဲနဲ့ အဆုံးသတ်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တွင်းထွက်ပစ္စည်းဆိုင်ရာ သဘောတူညီချက်ဟာ ယူကရိန်းအတွက် အမေရိကန်ဆီကနေ လုံခြုံရေး အာမခံချက်တစ်ခုကို ရရှိအောင်လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယူကရိန်းဘက်က မျှော်လင့်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက “ဇီလန်စကီးရဲ့ အမေရိကန်ကို သွားရောက် လည်ပတ်တဲ့ခရီးစဉ်က လုံးဝကျရှုံးသွားတဲ့ ခရီးစဉ်တစ်ခုဖြစ်သွားပါပြီ။ ဆွေးနွေးပွဲအတွင်း ဇီလန်စကီးရဲ့ ဒေါသတကြီး တုံ့ပြန်တဲ့အပြုအမူတွေဟာ သူက ကမ္ဘာ့အသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့တာမျိုးပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းသမၼတရဲ႕အေမရိကန္ခရီးစဥ္က လုံးဝက်ရႈံးသြားတဲ့ခရီးစဥ္တစ္ခုျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၂

ယူကရိန္းသမၼတဇီလန္စကီးရဲ႕အေမရိကန္ကို သြားေရာက္လည္ပတ္ခဲ့တဲ့ခရီးစဥ္က က်ရႈံးခဲ့တဲ့ခရီးစဥ္တစ္ခုျဖစ္ခဲ့ တယ္လို႔ ႐ုရွားအစိုးရက မတ္လ(၁)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အိမ္ျဖဴေတာ္မွာေတြ႕ဆုံခ်ိန္အတြင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ဇီလန္စကီးတို႔ၾကား အေျခအတင္ေျပာဆိုမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ႐ုရွားအစိုးရက ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ခရီးစဥ္အတြင္း ဇီလန္စကီးဟာ အေမရိကန္နဲ႔ တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးဖို႔ အတြက္ စီစဥ္ထားခဲ့ေပမယ့္လည္း အေျခအေတေျပာဆိုမႈေတြျဖစ္ပြားခဲ့မႈနဲ႔အတူ သေဘာတူညီခ်က္ကို လက္မွတ္ ေရးထိုးတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဇီလန္စကီးဟာ ႐ိုင္းပ်တယ္လို႔ ေဒၚနယ္ထရမ့္နဲ႔ ဒုသမၼတ JD Vance တို႔က စြပ္စြဲေျပာဆိုခဲ့ကာ အေမရိကန္နဲ႔ ႏိုင္ငံတကာမီဒီယာေတြေရွ႕မွာ သတိေပးမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီ ခ်က္ကို လက္မွတ္ေရးထိုးတာမ်ိဳး မရွိခဲ့ဘဲနဲ႔ အဆုံးသတ္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ တြင္းထြက္ပစၥည္းဆိုင္ရာ သေဘာတူညီခ်က္ဟာ ယူကရိန္းအတြက္ အေမရိကန္ဆီကေန လုံၿခဳံေရး အာမခံခ်က္တစ္ခုကို ရရွိေအာင္လုပ္ေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ယူကရိန္းဘက္က ေမွ်ာ္လင့္ထားခဲ့တာလည္း ျဖစ္ပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက “ဇီလန္စကီးရဲ႕ အေမရိကန္ကို သြားေရာက္ လည္ပတ္တဲ့ခရီးစဥ္က လုံးဝက်ရႈံးသြားတဲ့ ခရီးစဥ္တစ္ခုျဖစ္သြားပါၿပီ။ ေဆြးေႏြးပြဲအတြင္း ဇီလန္စကီးရဲ႕ ေဒါသတႀကီး တုံ႔ျပန္တဲ့အျပဳအမူေတြဟာ သူက ကမာၻ႔အသိုင္းအဝိုင္းအတြက္ အႏၲရာယ္ရွိတဲ့ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္တယ္ဆိုတာကို အတည္ျပဳခဲ့တာမ်ိဳးပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.