တရုတ်နိုင်ငံမှာ ရေနံယိုဖိတ်မှုရှင်းလင်းရေးသင်္ဘောနဲ့ ဖယ်ရီသင်္ဘောတို့ တိုက်မိခဲ့ပြီး အနည်းဆုံး လူ(၁၁)ဦးသေဆုံး

 209

Pika (NP News) - မတ် ၂

တရုတ်နိုင်ငံတောင်ပိုင်း မြစ်တစ်စင်းထဲမှာ ရေနံယိုဖိတ်မှုရှင်းလင်းရေး သင်္ဘောတစ်စီးနဲ့ ဖယ်ရီသင်္ဘောတစ်စီးတို့ တိုက်မိခဲ့ရာ အနည်းဆုံးလူ(၁၁)ဦးသေဆုံးခဲ့ပြီး အခြားလူ(၅)ဦးပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဟူနန်ပြည်နယ် Yuanshui မြစ်ထဲမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်အတွင်း လူ(၁၉)ဦးဟာ ရေထဲကို ပြုတ်ကျသွားခဲ့ပြီး သုံးဦးကို ချက်ချင်းကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆင်ဟွာသတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Yuanshui မြစ်ရဲ့အနက်(၆၀)မီတာကျော်နဲ့ အကျယ်(၅၀၀)မီတာလောက်ရှိတဲ့ နေရာမှာ အဲဒီမတော်တဆမှုဖြစ်ပွား ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဖေဖော်ဝါရီလ(၂၈)ရက် ညမှာ ဖယ်ရီ သင်္ဘောကို ပြန်လည်ဆယ်ယူမှုတွေ လုပ်ဆောင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

ကယ်ဆယ်မှုကို ခံခဲ့ရတဲ့ လူတစ်ဦးဟာ ဖယ်ရီသင်္ဘောရဲ့ ပြတင်းပေါက်မှန်ကို ခြေထောက်နဲ့ ကန်ခွဲခဲ့ပြီး အသက်ရှင် လွတ်မြောက်ခဲ့တာဖြစ်တယ်လို့ ၎င်းရဲ့ဆွေမျိုးတစ်ဦးက ဆင်ဟွာသတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။ အဲဒီဖယ်ရီသင်္ဘောဟာ ၎င်းတို့ရဲ့ရွာကို လူတွေအသွားအလာလုပ်ဖို့အတွက် လည်ပတ်နေတဲ့သင်္ဘောတစ်စီး ဖြစ်တယ်လို့လည်း အသက်ရှင်လွတ်မြောက်ခဲ့သူတစ်ဦးရဲ့ ဆွေမျိုးတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ ပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ကြီးမားတဲ့ရေနံယိုဖိတ်မှု ရှင်းလင်းရေးသင်္ဘောဟာ ငြိမ်သက်နေတဲ့ရေပြင် မှာ ဖယ်ရီသင်္ဘောကို နောက်ဘက်ကနေ ဝင်တိုက်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွာ ေရနံယိုဖိတ္မႈရွင္းလင္းေရးသေဘၤာနဲ႔ ဖယ္ရီသေဘၤာတို႔ တိုက္မိခဲ့ၿပီး အနည္းဆုံး လူ(၁၁)ဦးေသဆုံး
Pika (NP News) - မတ္ ၂

တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ျမစ္တစ္စင္းထဲမွာ ေရနံယိုဖိတ္မႈရွင္းလင္းေရး သေဘၤာတစ္စီးနဲ႔ ဖယ္ရီသေဘၤာတစ္စီးတို႔ တိုက္မိခဲ့ရာ အနည္းဆုံးလူ(၁၁)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၅)ဦးေပ်ာက္ဆုံးေနတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ဟူနန္ျပည္နယ္ Yuanshui ျမစ္ထဲမွာျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္အတြင္း လူ(၁၉)ဦးဟာ ေရထဲကို ျပဳတ္က်သြားခဲ့ၿပီး သုံးဦးကို ခ်က္ခ်င္းကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ဆင္ဟြာသတင္းေအဂ်င္စီရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
Yuanshui ျမစ္ရဲ႕အနက္(၆၀)မီတာေက်ာ္နဲ႔ အက်ယ္(၅၀၀)မီတာေလာက္ရွိတဲ့ ေနရာမွာ အဲဒီမေတာ္တဆမႈျဖစ္ပြား ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ကယ္ဆယ္ေရးအဖြဲ႕ေတြဟာ ေဖေဖာ္ဝါရီလ(၂၈)ရက္ ညမွာ ဖယ္ရီ သေဘၤာကို ျပန္လည္ဆယ္ယူမႈေတြ လုပ္ေဆာင္ခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ ေနတယ္လို႔ သိရပါတယ္။

ကယ္ဆယ္မႈကို ခံခဲ့ရတဲ့ လူတစ္ဦးဟာ ဖယ္ရီသေဘၤာရဲ႕ ျပတင္းေပါက္မွန္ကို ေျခေထာက္နဲ႔ ကန္ခြဲခဲ့ၿပီး အသက္ရွင္ လြတ္ေျမာက္ခဲ့တာျဖစ္တယ္လို႔ ၎ရဲ႕ေဆြမ်ိဳးတစ္ဦးက ဆင္ဟြာသတင္းေအဂ်င္စီကို ေျပာၾကားခဲ့ပါတယ္။ အဲဒီဖယ္ရီသေဘၤာဟာ ၎တို႔ရဲ႕႐ြာကို လူေတြအသြားအလာလုပ္ဖို႔အတြက္ လည္ပတ္ေနတဲ့သေဘၤာတစ္စီး ျဖစ္တယ္လို႔လည္း အသက္ရွင္လြတ္ေျမာက္ခဲ့သူတစ္ဦးရဲ႕ ေဆြမ်ိဳးတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဆိုရွယ္မီဒီယာ ေပၚမွာတင္ထားတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ ႀကီးမားတဲ့ေရနံယိုဖိတ္မႈ ရွင္းလင္းေရးသေဘၤာဟာ ၿငိမ္သက္ေနတဲ့ေရျပင္ မွာ ဖယ္ရီသေဘၤာကို ေနာက္ဘက္ကေန ဝင္တိုက္ခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.