ပူတင်က လွတ်လပ်တဲ့ကမ္ဘာကြီးကို ဦးဆောင်သင့်တယ်လို့ ရုရှားသမ္မတဟောင်းပြော

251

Pika (NP News) - မတ် ၂
ရုရှားသမ္မတပူတင်ဟာ လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး မူဝါဒပြောင်းလဲမှုတွေကိုလုပ်ဆောင်ခဲ့တဲ့ အမေရိကန်ကို ဥရောပသမဂ္ဂထိပ်တန်း သံတမန် ကာဂျာကဲလက်စ်က ဝေဖန်မှုတွေ လုပ်ဆာင်ခဲ့ပြီးနောက် ဒီမစ်ထရီမက်ဗီဒက်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အိမ်ဖြူတော်မှာ တွေ့ဆုံချိန်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ အခြေအတင်ပြောဆိုမှုတွေဖြစ်ပွားခဲ့တဲ့ ယူကရိန်းသမ္မတဇီလန်စကီးအပေါ် ၎င်းတို့ရဲ့ထောက်ခံမှုတွေကို ကာဂျာကဲလက်စ်နဲ့အတူ အခြားဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေက ထပ်လောင်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဇီလန်စကီးဟာ အမေရိကန်ရဲ့အကူအညီတွေအတွက် ကျေးဇူးတင်တာမျိုးမရှိတဲ့အပြင် ပဋိပက္ခကို အဆုံးသတ်ဖို့ အတွက် ဆန္ဒမရှိဘူးလို့ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း ဇီလန်စကီးက ယူကရိန်းကို စစ်ရေးကူညီမှုတွေ ဆက်လက်လုပ်ဆောင်ပေးဖို့ အမေရိကန်ကိုတိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။
ကာဂျာကဲလက်စ်က “ယူကရိန်းက ဥရောပကပါ။ ကျွန်မတို့ ယူကရိန်းနဲ့အတူ ရပ်တည်သွားမှာပါ။ ရန်သူတွေကို ဆက်လက်တိုက်ခိုက်နိုင်ဖို့ ယူကရိန်းအတွက် ကျွန်မတို့ရဲ့ကူညီပံ့ပိုးမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာပါ။ ဒီနေ့မှာ လွတ်လပ်တဲ့ကမ္ဘာကြီးဟာ ခေါင်းဆောင်အသစ်လိုအပ်နေတယ်ဆိုတာ သိသာထင်ရှားလာပါပြီ။ ဒီစိန်ခေါ်မှုကို ကိုင်တွယ် ဖြေရှင်းဖို့က ဥရောပသားတွေအပေါ်မှာ မူတည်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version:
ပူတင္က လြတ္လပ္တဲ့ကမာၻႀကီးကို ဦးေဆာင္သင့္တယ္လို႔ ႐ုရွားသမၼတေဟာင္းေျပာ
Pika (NP News) - မတ္ ၂
႐ုရွားသမၼတပူတင္ဟာ လြတ္လပ္တဲ့ကမာၻႀကီးရဲ႕ေခါင္းေဆာင္ျဖစ္သင့္တယ္လို႔ ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး မူဝါဒေျပာင္းလဲမႈေတြကိုလုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ကို ဥေရာပသမဂၢထိပ္တန္း သံတမန္ ကာဂ်ာကဲလက္စ္က ေဝဖန္မႈေတြ လုပ္ဆာင္ခဲ့ၿပီးေနာက္ ဒီမစ္ထရီမက္ဗီဒက္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံခ်ိန္အတြင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ အေျခအတင္ေျပာဆိုမႈေတြျဖစ္ပြားခဲ့တဲ့ ယူကရိန္းသမၼတဇီလန္စကီးအေပၚ ၎တို႔ရဲ႕ေထာက္ခံမႈေတြကို ကာဂ်ာကဲလက္စ္နဲ႔အတူ အျခားဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြက ထပ္ေလာင္းေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ဇီလန္စကီးဟာ အေမရိကန္ရဲ႕အကူအညီေတြအတြက္ ေက်းဇူးတင္တာမ်ိဳးမရွိတဲ့အျပင္ ပဋိပကၡကို အဆုံးသတ္ဖို႔ အတြက္ ဆႏၵမရွိဘူးလို႔ ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ေဆြးေႏြးပြဲအတြင္း ဇီလန္စကီးက ယူကရိန္းကို စစ္ေရးကူညီမႈေတြ ဆက္လက္လုပ္ေဆာင္ေပးဖို႔ အေမရိကန္ကိုတိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။
ကာဂ်ာကဲလက္စ္က “ယူကရိန္းက ဥေရာပကပါ။ ကြၽန္မတို႔ ယူကရိန္းနဲ႔အတူ ရပ္တည္သြားမွာပါ။ ရန္သူေတြကို ဆက္လက္တိုက္ခိုက္ႏိုင္ဖို႔ ယူကရိန္းအတြက္ ကြၽန္မတို႔ရဲ႕ကူညီပံ့ပိုးမႈေတြကို တိုးျမႇင့္လုပ္ေဆာင္သြားမွာပါ။ ဒီေန႔မွာ လြတ္လပ္တဲ့ကမာၻႀကီးဟာ ေခါင္းေဆာင္အသစ္လိုအပ္ေနတယ္ဆိုတာ သိသာထင္ရွားလာပါၿပီ။ ဒီစိန္ေခၚမႈကို ကိုင္တြယ္ ေျဖရွင္းဖို႔က ဥေရာပသားေတြအေပၚမွာ မူတည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။