ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ ကျန်ရှိတဲ့အဆင့်တွေကိုလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

 304

Pika (NP News) - မတ် ၂

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီချက်ရဲ့ ကျန်ရှိနေတဲ့အဆင့်တွေကို ဆက်လက် လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမက်လက်နက်ကိုင်အဖွဲ့က မတ်လ(၁)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့က “အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ ကျန်ရှိနေတဲ့အဆင့်တွေဖြစ်တဲ့ အပြည့်အဝ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြာင်ဒေသကနေ သိမ်းပိုက်ထားတဲ့ တပ်ဖွဲ့တွေ အပြည့်အဝ ဆုတ်ခွာရေး၊ ပြန်လည်တည်ဆောက်ရေးနဲ့ ဝိုင်းရံထားမှုကို ရုတ်သိမ်းပေးရေးတို့ကို ဆက်လက်လုပ်ဆောင်ဖို့ ကျွန်တော်တို့ဘက်က အဆင့်သင့်ဖြစ်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

အစ္စရေး-ဟားမက်အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ဟာ လာမယ့်ရက်ပိုင်းမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အမြဲတမ်း အပစ်အခတ်ရပ်စဲရေးရရှိဖို့ ရည်မှန်းထားတဲ့နောက်ထပ်အဆင့်တွေအတွက် ညှိနှိုင်းမှုတွေက လက်ရှိအချိန်အထိ ခိုင်လုံမှုမရှိသေးဘူးလို့လည်း သိရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (၁၅)လကျော်ကြာစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီလ(၁၉)ရက်မှာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က စတင်အသက်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ပိုင်းမှာ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပြီး တင်းမာမှုတွေ ပြန်လည်မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
Pika (NP News) - မတ် ၂



Related news

© 2021. All rights reserved.