တိုင်းပြည်တို့၏ အကျင့်ပျက်ခြစားမှု ပြဒါးတိုင် (ဘာသာပြန်ဆောင်းပါး)

321

Htay Oung (NP News) - မတ် ၂
၎င်းတို့တိုင်းပြည်အတွင်း နိုင်ငံခြားသားများစွာတို့နဲ့ လည်ပတ်လုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှုစင်တာ နှိမ်နင်း မှုများကို အရှေ့တောင်အာရှနိုင်ငံ အာဏာပိုင်များက အရှိန်မြှင့်တင်လျှက်ရှိတယ်လို ဂျပန် NHK သတင်း အေဂျင်စီ က ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်မှာ ရေးသားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်လှည့်ဖျား မှု အချက်အချာနေရာတစ်ခုကို ဝင်ရောက်စီးနင်းရာ နိုင်ငံခြားသား ၄၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖမ်းဆီးခံ ရသူများအနက် တရုတ်လူမျိုး ၂၀၀ ကျော်နဲ့ ဗီယက်နမ်လူမျိုး ၁၃၀ ကျော် ပါဝင်တယ်လို့ တာဝန်ရှိသူများက ပြောပါတယ်။ အခြားသူတွေကတော့ တောင်ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့မှ ဖြစ်ကြောင်း သိရှိရပါတယ်။
အဲဒီလူတွေဟာ မက်ဆေ့ဘောက်စ်ကို အသုံးပြုပြီး အတုအယောင် ဆွတ်ပျံ့လွမ်းမောဖွယ် အချစ်ဇာတ်လမ်းများ၊ ခရစ်ပ်တိုကာရင်စီ လိမ်လည်ခြင်း၊ ရင်းနှီးမြှုပ်နှံချင်လို့ လုပ်ဖော်ကိုင်ဖက် ရှာဖွေလေဟန် အပါအဝင် လှည့်ဖျားမှုမှု အမျိုးမျိုးတို့မှာ ပါဝင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က မနီလာမြို့တော်မှာပဲ အလားတူ လိမ်လည်မှုစင်တာမျိုးကို ဖြိုခွင်းခဲ့ရပြီးပါပြီ။
ကမ္ဘောဒီးယားနယ်စပ်ဖြစ်တဲ့ ပွိုင်ပက်မြို့ လိမ်လည်မှုစင်တာတစ်ခုကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲ့ဒီစီးနင်းမှုကြောင့် လူ ၂၀၀ ကျော် လွတ်မြောက် လာခဲ့ကြောင်း၊ ထက်ဝက်ကျော်မှာ ထိုင်းလူမျိုးများဖြစ်ပြီး ကျန်တစ်ဝက်ကျော်မှာ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့မှ ဖြစ်တယ်လို့ ဆိုပါတယ်။
.
အဲဒီ လိမ်လည်မှုစင်တာတွေက ဖမ်းဆီးရမိတဲ့ လူအရေအတွက်ဟာ ကြားရသူအပေါင်း ကိုယ့်နားကိုယ်မယုံနိုင် အောင် တုန်လှုပ်သွားကြရပါတယ်။ အရှေ့တောင်အာရှတစ်ဝှန်း ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူပေါင်း သိန်းနဲ့ချီပြီး လူကုန်ကူးခံရဖွယ်ရှိတယ်လို့ ၂၀၂၃ ခုနှစ် ကုလသမဂ္ဂအစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
ကျားဖျန့်လို့လူသိများတဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ လူအလုံးအရင်းနဲ့ ပူးပေါင်းပါဝင်လာအောင် သွေးဆောင် စည်းရုံးခြင်း ခံနေရကြောင်း၊ သားကောင်ဖြစ်ရသူတို့မှာ အသက်ဘေး ခြိမ်းခြောက်ခံရခြင်း အပါအဝင် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အလွဲသုံးစားမှုများနဲ့ ရင်ဆိုင်နေရကြောင်း၊ အတော်များများတို့ဟာ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်းများ၊ ဥပဒေမဲ့ ပိတ်လှောင်ထားခံရခြင်း၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံရခြင်း၊ အင်အားသုံးပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခံရခြင်းနဲ့ အခြားလူ့အခွင့်အရေးချိုး ဖောက်မှုများကို ခံစားနေရကြောင်း OHCHR ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ကြီးက ၂ဝ၂၃ ခုနှစ် သြဂုတ်လ ၂၃ ရက် အစီရင်ခံပါတယ်။ အဲဒီ လိမ်လည်မှုလုပ်ငန်းတွေမှာ ဆန္ဒအလျောက်ဖြစ်စေ လူကုန်ကူးခံရသည်ဖြစ်စေ အလုပ်လုပ်ဖို့ အတင်းအကျပ်ခိုင်းစေခံရသူတွေဟာ ရာဇဝတ်မှုကျူးလွန်ရင်း ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခံနေ ရကြောင်း။ သားကောင်ဖြစ်ရသူ နှစ်မျိုးနှစ်စားရှိပြီး ရာဇဝတ်သားများ မဟုတ်ကြောင်း OHCHR က ပြောပါတယ်။
အာရှတောင်ပိုင်း အွန်လိုင်းလိမ်လည်မှုများမှာ လူကုန်ကူးခံရသူ ဘယ်လောက်ရှိမယ်ဆိုတာ ခန့်မှန်းရခက်ခဲ ကြောင်း။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အနည်းဆုံး လူ ၁၂၀,၀၀၀ ခန့်တို့ဟာ အွန်လိုင်းလိမ်လည်မှုများကို အတင်းအ ကျပ်လုပ်ဆောင်စေရန် ပိတ်လှောင်ထားခံရတယ်လို့ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်များက ပြောပြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း လူ ၁၀၀,၀၀၀ ခန့် ရှိနိုင်ပြီး လာအို၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့မှာလည်း လူအတော် များများ ပါဝင်နေတယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒီ လိမ်လည်မှုစင်တာတွေဟာ တစ်နှစ်ကို ဒေါ်လာဘီလီယံချီပြီး အမြတ်အစွန်းရရှိနေတယ်လို့ သိရှိရပါတယ်။
COVID-19 ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ အရေးယူဆောင်ရွက်မှုများဟာ ဒေသတစ်ဝှမ်းလုံးရှိ တရားမဝင် လုပ်ငန်း များအပေါ်ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ အများပြည်သူကျန်းမာရေးဆိုင်ရာ ကန့်သတ်မှုများကြောင့် နိုင်ငံ အများအပြားမှာ ကစားဝိုင်းများ ပိတ်သိမ်းခဲ့ရပြီး၊ ကစားဝိုင်းလုပ်ငန်းရှင်တွေဟာ အုပ်ချုပ်ရေးလက်လှမ်းမ မီနိုင်တဲ့ နယ်စပ်ဒေသများ၊ အထူးစီးပွားရေးဇုန်များနဲ့ အွန်လိုင်းလုပ်ငန်းများထံ စားကျက်ပြောင်းခဲ့ကြပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ရာဇဝတ်ဂိုဏ်းများက အလုပ်လက်မဲ့ ရွှေ့ပြောင်းလုပ်သားများကို အသုံးချခြင်းဟာ ဥပဒေ ရေးရာအပြင် မူဝါဒဆိုင်ရာကိစ္စများမှာ နိုင်ငံတကာစံနှုန်းများနဲ့ မကိုက်ညီမှုများရှိနေပါတယ်။ လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြည့်စုံစွာ ချဉ်းကပ်ခြင်းဖြင့် ဒုစရိုက်နွ ံသံသရာလည်မှုကိုရပ်တန့်ပြီး အကြီးအကျယ် အလွဲသုံးစားပြုခံရသူ တွေအတွက် ကာကွယ်ပေးမှုနဲ့ တရားမျှတမှုကို ဆောင်ရွက်သင့်တယ်လို့ OHCHR က ပြောပါတယ်။
(မြန်မာ-ထိုင်း-လာအို-ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့တောင်အာရှ ကျားဖျန့် နှိမ်နင်းရေး သိမ်းကြုံးဖမ်းဆီးရာမှာ တရုတ်နိုင်ငံထံ ပြန်ပို့ပေးရသူ အများဆုံးပါဝင်နေကြောင်း သတိပြုမိကြပါလိမ့်မယ်။ ဒီအတွက် ကျားဖျန့်ဆိုတာ တရုတ်ထောက်လှမ်းရေး MSS ဖြစ်ကြောင်း အွန်လိုင်း မဟော်သဓါလက်သစ်များက ဖြီးဖြန်းနေကြတယ်။ တရုတ် ပြည်မကြီးနဲ့ နီးကပ်တဲ့ နယ်မြေတဝှန်း ဖြစ်စရာရှိလျှင် ထိုင်ဝမ်တရုတ်ဖြူလက်ချက်လို့ ထင်စရာရှိပေမယ့် ထိုင်ဝမ် ရော ပြည်မကြီးပါ နောက်ကွယ်မှ ကြိုးကိုင်ကြောင်း အထောက်အထား မရှိပါ။ ဧရာမ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ကြီးမှာ အဲဒီလို ခြေရှုတ်မှုမျိုးသာ ရှိခဲ့လျှင် မျက်လုံးကလော်ထုတ်သလို စွပ်စွဲဖော်ထုတ်မယ့် အနောက်အုပ်စုရဲ့ ကမ္ဘာကျော်ထောက်လှမ်းရေးများကို မမေ့သင့်ပါ။
အလွန်ရှေးကျပြီး နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ တရုတ်လူမျိုးတို့ရဲ့မိရိုးဖလာဓလေ့ထဲမှာ လောင်းကစား သဘောကိုနားလည်စေရန် ငယ်စဉ်ကတည်းက ယေဘုယျအားဖြင့် သင်ကြားပေးလေ့ရှိပါတယ်။ ဒါပေမယ့် လောင်းကစားကနေ သင်ယူတာထက် ကွန်ဖြူးရှပ်ဝါဒ၊ တာအိုဝါဒနဲ့ ဗုဒ္ဓဘာသာတို့လို အတွေးအခေါ်များမှတဆင့် ဘဝအတွေ့အကြုံတွေ၊ ဘဝရဲ့အနိုင်အရှုံးတွေကို နားလည်ဖို့ ကူညီပေးကြပါတယ်။ ကံကြမ္မာနဲ့ လောကဓံကို နားလည်ဖို့ ကြိုးစားကြရာမှာ ကစားနည်းတွေနဲ့ ပျော်ရွှင်မှုတွေကို တန်ဖိုးထားတတ်ကြပြီး လောင်းကစားကိုတော့ လူကြီးပိုင်းတို့ကြား လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အပျင်းပြေတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။
အဲဒီအချက်ကို ဒုစရိုက်သမားတို့က အခွင့်ကောင်းယူပုံရပါတယ်။ လိမ်လည်မှုစင်တာများမှ ဖမ်းဆီးရမိ သူတို့အနက် ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနဲ့ ကမ္ဘာအရပ်ရပ်က တရုတ်နွယ်ဖွား ဒုစရိုက်သမားတွေ ပါဝင်နေခြင်းမှာ အမှန်ပင် ဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ငန်းတွေဟာ နိုင်ငံတကာမှာ ခြေကုပ်ယူထားတဲ့ ရာဇဝတ်ကွန်ရက်တွေနဲ့ ဆက်စပ်နေတာ ကြောင့်၊ ပါဝင်သူတွေဟာ မတူညီတဲ့နိုင်ငံတွေက လူတွေဖြစ်နေနိုင်ပါတယ်။ သို့သော်လည်း ပြည်မကြီးရဲ့ “တရုတ် တစ်ပြည်တည်း မူဝါဒ” အရ အဲဒီတရုတ်နွယ်ဖွား အားလုံးကို သူ့နိုင်ငံသားအဖြစ် အရင်ဆုံး လက်ခံပြီး နောက်မှ စစ်ဆေးပါလိမ့်မယ်။
အဲဒီလောက် ကြီးမားတဲ့ ဒုစရိုက်မှုတွေဟာ လူတစ်ယောက်တည်း (သို့) ဂိုဏ်းအုပ်စုတစ်ခုတည်းက ဦးဆောင် ကျူးလွန်တာမျိုး မဟုတ်ပါဘူး။ ဒီလိုမျိုး စနစ်တကျ ဖွဲ့စည်းထားတဲ့ လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေဟာ ရာဇဝတ်ဂိုဏ်းတွေ၊ လူမှုကွန်ရက်တွေ၊ နိုင်ငံတကာမှာ ခြေကုပ်ယူထားတဲ့ လူမှုရေးနဲ့ စီးပွားရေးအဖွဲ့အစည်းတို့ အကြား ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။
ဒီလိုမျိုးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်နေသူတွေဟာ မတူညီတဲ့အခန်းကဏ္ဍတွေက လူတွေ ပါဝင်နေပါတယ်။ ဥပမာ -
(၁) ဒီလုပ်ငန်းတွေကို စီမံခန့်ခွဲသူ၊ ငွေကြေးထောက်ပံ့သူ၊ နိုင်ငံတကာမှာ ခြေကုပ်ယူပြီး "ဦးဆောင်လှုပ်ရှား" တဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ။
(၂) လူကုန်ကူးမှု၊ အတင်းအကျပ်ခိုင်းစေမှု၊ အွန်လိုင်းလိမ်လည်မှုတွေမှာ တိုက်ရိုက်ပါဝင်ပြီး "လက်တွေ့အကောင် အထည်ဖော်သူများ "
(၃) ဒေသခံအာဏာပိုင်များ၊ အကျင့်ပျက်ခြစားခြင်းအားဖြင့် ဒီလုပ်ငန်းတွေကို "အကာအကွယ်ပေး ပူးပေါင်းနေ သူများ"
(၄) လိမ်လည်မှုတွေမှာ ပါဝင်ဖို့ အတင်းအကျပ်ခိုင်းစေခံရသူများ၊ လူကုန်ကူးခံ "သားကောင်ဖြစ်ရသူများ" လို့ အုပ်စုခွဲ သတ်မှတ်နိုင်ပါတယ်။
စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်ကွန်ရက်တွေကြောင့် ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ဒီလိုမျိုးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံတကာအဆင့်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဥပဒေရေးရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ လိမ်လည်မှုစင်တာတွေ ကျယ်ကျယ်ပြန့် ပြန့်တည်ရှိ နေခြင်းဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အာဏာပိုင်အဖွဲ့အစည်းများအတွင်း အကျင့်ပျက်ခြစားမှုတွေနဲ့ ဆက်စပ် နေတယ်လို့ ယုံကြည်ရပါတယ်။ ဒီလိုမျိုး လုပ်ငန်းတွေဟာ နယ်စပ်ဒေသတွေ၊ အထူးစီးပွားရေးဇုန်တွေမှာ အများ ဆုံး တည်ရှိနေပြီး၊ ဒီနေရာတွေဟာ ဥပဒေရေးရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ထိန်းချုပ်မှုအားနည်းတဲ့နေရာတွေဖြစ် နေတတ်ပါတယ်။ လုပ်ငန်းတွေကနေရရှိတဲ့ ငွေကြေးအမြတ်အစွန်းတွေဟာ အင်မတန်များပြားတာကြောင့်၊ ဒေသခံအာဏာပိုင်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေအတွက် ဆွဲဆောင်မှုရှိနေပါတယ်။
နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းတာကြောင့် ဒီလိုမျိုးလုပ်ငန်းတွေကို အပြည့်အဝ ထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံအတွင်း ကျားဖျန့်မှာ လူဘယ်လောက်များများ ပါဝင်နေတယ်ဆိုတာ အဲဒီတိုင်းပြည်မှာ အကျင့်ပျက်ခြစားမှု ဘယ်လောက်ရှိကြောင်း ညွှန်ပြနေတဲ့ "ပြဒါးတိုင်" သဖွယ်ဖြစ်ပါတယ်။ နာ မည်ပျက်ရင်တော့ အဲဒီတိုင်းပြည်နေသူအားလုံး တစ်ပြားတစ်ချပ်မှ မခံစားရပဲ ဗိုက်အငှားနဲ့ ဒါးထိုးခံရသလို ဖြစ် နေပါတယ်။
#HtayOung #OungMarine
#ကျားဖျန့် #မြန်မာ #ထိုင်း #ဖိလစ်ပိုင်

Zawgyi Version:
တိုင္းျပည္တို႔၏ အက်င့္ပ်က္ျခစားမႈ ျပဒါးတိုင္ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - မတ္ ၂
၎တို႔တိုင္းျပည္အတြင္း ႏိုင္ငံျခားသားမ်ားစြာတို႔နဲ႔ လည္ပတ္လုပ္ကိုင္ေနတဲ့ အြန္လိုင္းလိမ္လည္မႈစင္တာ ႏွိမ္နင္း မႈမ်ားကို အေရွ႕ေတာင္အာရွႏိုင္ငံ အာဏာပိုင္မ်ားက အရွိန္ျမႇင့္တင္လွ်က္ရွိတယ္လို ဂ်ပန္ NHK သတင္း ေအဂ်င္စီ က ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၈ ရက္မွာ ေရးသားခဲ့ပါတယ္။
ဗုဒၶဟူးေန႔ (ေဖေဖာ္ဝါရီ ၂၆ ရက္) ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ေတာ္မွာ အြန္လိုင္းေလာင္းကစားနဲ႔ လိမ္လည္လွည့္ဖ်ား မႈ အခ်က္အခ်ာေနရာတစ္ခုကို ဝင္ေရာက္စီးနင္းရာ ႏိုင္ငံျခားသား ၄၀၀ ခန႔္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ဖမ္းဆီးခံ ရသူမ်ားအနက္ တ႐ုတ္လူမ်ိဳး ၂၀၀ ေက်ာ္နဲ႔ ဗီယက္နမ္လူမ်ိဳး ၁၃၀ ေက်ာ္ ပါဝင္တယ္လို႔ တာဝန္ရွိသူမ်ားက ေျပာပါတယ္။ အျခားသူေတြကေတာ့ ေတာင္ကိုရီးယား၊ မေလးရွား၊ အင္ဒိုနီးရွားနဲ႔ ျမန္မာႏိုင္ငံတို႔မွ ျဖစ္ေၾကာင္း သိရွိရပါတယ္။
အဲဒီလူေတြဟာ မက္ေဆ့ေဘာက္စ္ကို အသုံးျပဳၿပီး အတုအေယာင္ ဆြတ္ပ်ံ႕လြမ္းေမာဖြယ္ အခ်စ္ဇာတ္လမ္းမ်ား၊ ခရစ္ပ္တိုကာရင္စီ လိမ္လည္ျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံခ်င္လို႔ လုပ္ေဖာ္ကိုင္ဖက္ ရွာေဖြေလဟန္ အပါအဝင္ လွည့္ဖ်ားမႈမႈ အမ်ိဳးမ်ိဳးတို႔မွာ ပါဝင္ခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္က မနီလာၿမိဳ႕ေတာ္မွာပဲ အလားတူ လိမ္လည္မႈစင္တာမ်ိဳးကို ၿဖိဳခြင္းခဲ့ရၿပီးပါၿပီ။
ကေမာၻဒီးယားနယ္စပ္ျဖစ္တဲ့ ပြိဳင္ပက္ၿမိဳ႕ လိမ္လည္မႈစင္တာတစ္ခုကို ေဖေဖာ္ဝါရီ ၂၃ ရက္မွာ ထိုင္းနဲ႔ ကေမာၻဒီးယားအာဏာပိုင္ေတြက ဝင္ေရာက္စီးနင္းခဲ့ပါတယ္။ အဲ့ဒီစီးနင္းမႈေၾကာင့္ လူ ၂၀၀ ေက်ာ္ လြတ္ေျမာက္ လာခဲ့ေၾကာင္း၊ ထက္ဝက္ေက်ာ္မွာ ထိုင္းလူမ်ိဳးမ်ားျဖစ္ၿပီး က်န္တစ္ဝက္ေက်ာ္မွာ ပါကစၥတန္နဲ႔ အိႏၵိယႏိုင္ငံတို႔မွ ျဖစ္တယ္လို႔ ဆိုပါတယ္။
.
အဲဒီ လိမ္လည္မႈစင္တာေတြက ဖမ္းဆီးရမိတဲ့ လူအေရအတြက္ဟာ ၾကားရသူအေပါင္း ကိုယ့္နားကိုယ္မယုံႏိုင္ ေအာင္ တုန္လႈပ္သြားၾကရပါတယ္။ အေရွ႕ေတာင္အာရွတစ္ဝွန္း က်ားဖ်န႔္လို႔ေခၚတဲ့ အြန္လိုင္းလိမ္လည္မႈလုပ္ငန္း မ်ားမွာ ဝင္ေရာက္လုပ္ကိုင္ဖို႔ ကမာၻ႔ႏိုင္ငံအသီးသီးမွ လူေပါင္း သိန္းနဲ႔ခ်ီၿပီး လူကုန္ကူးခံရဖြယ္ရွိတယ္လို႔ ၂၀၂၃ ခုႏွစ္ ကုလသမဂၢအစီရင္ခံစာမွာ ခန႔္မွန္းထားပါတယ္။
က်ားဖ်န႔္လို႔လူသိမ်ားတဲ့ အြန္လိုင္းလိမ္လည္မႈေတြမွာ လူအလုံးအရင္းနဲ႔ ပူးေပါင္းပါဝင္လာေအာင္ ေသြးေဆာင္ စည္း႐ုံးျခင္း ခံေနရေၾကာင္း၊ သားေကာင္ျဖစ္ရသူတို႔မွာ အသက္ေဘး ၿခိမ္းေျခာက္ခံရျခင္း အပါအဝင္ ျပင္းထန္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား၊ အလြဲသုံးစားမႈမ်ားနဲ႔ ရင္ဆိုင္ေနရေၾကာင္း၊ အေတာ္မ်ားမ်ားတို႔ဟာ ညႇင္းပန္းႏွိပ္စက္ခံရျခင္း၊ ရက္စက္ၾကမ္းၾကဳတ္စြာ ဆက္ဆံျခင္းမ်ား၊ ဥပေဒမဲ့ ပိတ္ေလွာင္ထားခံရျခင္း၊ လိင္ပိုင္း ဆိုင္ရာအၾကမ္းဖက္ခံရျခင္း၊ အင္အားသုံးၿပီး အတင္းအဓမၼ အလုပ္ခိုင္းေစခံရျခင္းနဲ႔ အျခားလူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈမ်ားကို ခံစားေနရေၾကာင္း OHCHR ကုလသမဂၢလူ႔အခြင့္အေရးအဖြဲ႕ႀကီးက ၂ဝ၂၃ ခုႏွစ္ ၾသဂုတ္လ ၂၃ ရက္ အစီရင္ခံပါတယ္။ အဲဒီ လိမ္လည္မႈလုပ္ငန္းေတြမွာ ဆႏၵအေလ်ာက္ျဖစ္ေစ လူကုန္ကူးခံရသည္ျဖစ္ေစ အလုပ္လုပ္ဖို႔ အတင္းအက်ပ္ခိုင္းေစခံရသူေတြဟာ ရာဇဝတ္မႈက်ဴးလြန္ရင္း ရက္စက္ၾကမ္းၾကဳတ္စြာ ဆက္ဆံခံေန ရေၾကာင္း။ သားေကာင္ျဖစ္ရသူ ႏွစ္မ်ိဳးႏွစ္စားရွိၿပီး ရာဇဝတ္သားမ်ား မဟုတ္ေၾကာင္း OHCHR က ေျပာပါတယ္။
အာရွေတာင္ပိုင္း အြန္လိုင္းလိမ္လည္မႈမ်ားမွာ လူကုန္ကူးခံရသူ ဘယ္ေလာက္ရွိမယ္ဆိုတာ ခန႔္မွန္းရခက္ခဲ ေၾကာင္း။ ျမန္မာႏိုင္ငံတစ္ဝွမ္းမွာ အနည္းဆုံး လူ ၁၂၀,၀၀၀ ခန႔္တို႔ဟာ အြန္လိုင္းလိမ္လည္မႈမ်ားကို အတင္းအ က်ပ္လုပ္ေဆာင္ေစရန္ ပိတ္ေလွာင္ထားခံရတယ္လို႔ ယုံၾကည္စိတ္ခ်ရတဲ့ အရင္းအျမစ္မ်ားက ေျပာျပပါတယ္။ ကေမာၻဒီးယားႏိုင္ငံမွာလည္း လူ ၁၀၀,၀၀၀ ခန႔္ ရွိႏိုင္ၿပီး လာအို၊ ဖိလစ္ပိုင္၊ ထိုင္းႏိုင္ငံတို႔မွာလည္း လူအေတာ္ မ်ားမ်ား ပါဝင္ေနတယ္လို႔ ခန႔္မွန္းရပါတယ္။ အဲ့ဒီ လိမ္လည္မႈစင္တာေတြဟာ တစ္ႏွစ္ကို ေဒၚလာဘီလီယံခ်ီၿပီး အျမတ္အစြန္းရရွိေနတယ္လို႔ သိရွိရပါတယ္။
COVID-19 ကပ္ေရာဂါနဲ႔ ဆက္စပ္တဲ့ အေရးယူေဆာင္႐ြက္မႈမ်ားဟာ ေဒသတစ္ဝွမ္းလုံးရွိ တရားမဝင္ လုပ္ငန္း မ်ားအေပၚႀကီးမားတဲ့ သက္ေရာက္မႈရွိခဲ့ပါတယ္။ အမ်ားျပည္သူက်န္းမာေရးဆိုင္ရာ ကန႔္သတ္မႈမ်ားေၾကာင့္ ႏိုင္ငံ အမ်ားအျပားမွာ ကစားဝိုင္းမ်ား ပိတ္သိမ္းခဲ့ရၿပီး၊ ကစားဝိုင္းလုပ္ငန္းရွင္ေတြဟာ အုပ္ခ်ဳပ္ေရးလက္လွမ္းမ မီႏိုင္တဲ့ နယ္စပ္ေဒသမ်ား၊ အထူးစီးပြားေရးဇုန္မ်ားနဲ႔ အြန္လိုင္းလုပ္ငန္းမ်ားထံ စားက်က္ေျပာင္းခဲ့ၾကပါတယ္။
ဒီလိုအေျခအေနမ်ိဳးမွာ ရာဇဝတ္ဂိုဏ္းမ်ားက အလုပ္လက္မဲ့ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို အသုံးခ်ျခင္းဟာ ဥပေဒ ေရးရာအျပင္ မူဝါဒဆိုင္ရာကိစၥမ်ားမွာ ႏိုင္ငံတကာစံႏႈန္းမ်ားနဲ႔ မကိုက္ညီမႈမ်ားရွိေနပါတယ္။ လြတ္ၿငိမ္းခ်မ္းသာ ခြင့္နဲ႔ ျပည့္စုံစြာ ခ်ဥ္းကပ္ျခင္းျဖင့္ ဒုစ႐ိုက္ႏြ ံသံသရာလည္မႈကိုရပ္တန႔္ၿပီး အႀကီးအက်ယ္ အလြဲသုံးစားျပဳခံရသူ ေတြအတြက္ ကာကြယ္ေပးမႈနဲ႔ တရားမွ်တမႈကို ေဆာင္႐ြက္သင့္တယ္လို႔ OHCHR က ေျပာပါတယ္။
(ျမန္မာ-ထိုင္း-လာအို-ကေမာၻဒီးယားႏိုင္ငံတို႔ရဲ႕ေတာင္အာရွ က်ားဖ်န္႔ ႏွိမ္နင္းေရး သိမ္းႀကဳံးဖမ္းဆီးရာမွာ တ႐ုတ္ႏိုင္ငံထံ ျပန္ပို႔ေပးရသူ အမ်ားဆုံးပါဝင္ေနေၾကာင္း သတိျပဳမိၾကပါလိမ့္မယ္။ ဒီအတြက္ က်ားဖ်န႔္ဆိုတာ တ႐ုတ္ေထာက္လွမ္းေရး MSS ျဖစ္ေၾကာင္း အြန္လိုင္း မေဟာ္သဓါလက္သစ္မ်ားက ၿဖီးျဖန္းေနၾကတယ္။ တ႐ုတ္ ျပည္မႀကီးနဲ႔ နီးကပ္တဲ့ နယ္ေျမတဝွန္း ျဖစ္စရာရွိလွ်င္ ထိုင္ဝမ္တ႐ုတ္ျဖဴလက္ခ်က္လို႔ ထင္စရာရွိေပမယ့္ ထိုင္ဝမ္ ေရာ ျပည္မႀကီးပါ ေနာက္ကြယ္မွ ႀကိဳးကိုင္ေၾကာင္း အေထာက္အထား မရွိပါ။ ဧရာမ ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈ ႀကီးမွာ အဲဒီလို ေျခရႈတ္မႈမ်ိဳးသာ ရွိခဲ့လွ်င္ မ်က္လုံးကေလာ္ထုတ္သလို စြပ္စြဲေဖာ္ထုတ္မယ့္ အေနာက္အုပ္စုရဲ႕ ကမာၻေက်ာ္ေထာက္လွမ္းေရးမ်ားကို မေမ့သင့္ပါ။
အလြန္ေရွးက်ၿပီး ႏွစ္ေပါင္းေထာင္ခ်ီ သက္တမ္းရွိ တ႐ုတ္လူမ်ိဳးတို႔ရဲ႕မိ႐ိုးဖလာဓေလ့ထဲမွာ ေလာင္းကစား သေဘာကိုနားလည္ေစရန္ ငယ္စဥ္ကတည္းက ေယဘုယ်အားျဖင့္ သင္ၾကားေပးေလ့ရွိပါတယ္။ ဒါေပမယ့္ ေလာင္းကစားကေန သင္ယူတာထက္ ကြန္ျဖဴးရွပ္ဝါဒ၊ တာအိုဝါဒနဲ႔ ဗုဒၶဘာသာတို႔လို အေတြးအေခၚမ်ားမွတဆင့္ ဘဝအေတြ႕အႀကဳံေတြ၊ ဘဝရဲ႕အႏိုင္အရႈံးေတြကို နားလည္ဖို႔ ကူညီေပးၾကပါတယ္။ ကံၾကမၼာနဲ႔ ေလာကဓံကို နားလည္ဖို႔ ႀကိဳးစားၾကရာမွာ ကစားနည္းေတြနဲ႔ ေပ်ာ္႐ႊင္မႈေတြကို တန္ဖိုးထားတတ္ၾကၿပီး ေလာင္းကစားကိုေတာ့ လူႀကီးပိုင္းတို႔ၾကား လူမႈေရးနဲ႔ စီးပြားေရးဆိုင္ရာ အပ်င္းေျပတစ္ခုအျဖစ္ ရႈျမင္ၾကပါတယ္။
အဲဒီအခ်က္ကို ဒုစ႐ိုက္သမားတို႔က အခြင့္ေကာင္းယူပုံရပါတယ္။ လိမ္လည္မႈစင္တာမ်ားမွ ဖမ္းဆီးရမိ သူတို႔အနက္ ထိုင္ဝမ္၊ ေဟာင္ေကာင္၊ မကာအိုနဲ႔ ကမာၻအရပ္ရပ္က တ႐ုတ္ႏြယ္ဖြား ဒုစ႐ိုက္သမားေတြ ပါဝင္ေနျခင္းမွာ အမွန္ပင္ ျဖစ္ပါတယ္။ ဒီလိုမ်ိဳးလုပ္ငန္းေတြဟာ ႏိုင္ငံတကာမွာ ေျခကုပ္ယူထားတဲ့ ရာဇဝတ္ကြန္ရက္ေတြနဲ႔ ဆက္စပ္ေနတာ ေၾကာင့္၊ ပါဝင္သူေတြဟာ မတူညီတဲ့ႏိုင္ငံေတြက လူေတြျဖစ္ေနႏိုင္ပါတယ္။ သို႔ေသာ္လည္း ျပည္မႀကီးရဲ႕ “တ႐ုတ္ တစ္ျပည္တည္း မူဝါဒ” အရ အဲဒီတ႐ုတ္ႏြယ္ဖြား အားလုံးကို သူ႔ႏိုင္ငံသားအျဖစ္ အရင္ဆုံး လက္ခံၿပီး ေနာက္မွ စစ္ေဆးပါလိမ့္မယ္။
အဲဒီေလာက္ ႀကီးမားတဲ့ ဒုစ႐ိုက္မႈေတြဟာ လူတစ္ေယာက္တည္း (သို႔) ဂိုဏ္းအုပ္စုတစ္ခုတည္းက ဦးေဆာင္ က်ဴးလြန္တာမ်ိဳး မဟုတ္ပါဘူး။ ဒီလိုမ်ိဳး စနစ္တက် ဖြဲ႕စည္းထားတဲ့ လူကုန္ကူးမႈနဲ႔ အြန္လိုင္းလိမ္လည္မႈေတြဟာ ရာဇဝတ္ဂိုဏ္းေတြ၊ လူမႈကြန္ရက္ေတြ၊ ႏိုင္ငံတကာမွာ ေျခကုပ္ယူထားတဲ့ လူမႈေရးနဲ႔ စီးပြားေရးအဖြဲ႕အစည္းတို႔ အၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြေၾကာင့္ ျဖစ္ေပၚလာတာပါ။
ဒီလိုမ်ိဳးလုပ္ငန္းစဥ္ေတြမွာ ပါဝင္ပတ္သက္ေနသူေတြဟာ မတူညီတဲ့အခန္းက႑ေတြက လူေတြ ပါဝင္ေနပါတယ္။ ဥပမာ -
(၁) ဒီလုပ္ငန္းေတြကို စီမံခန႔္ခြဲသူ၊ ေငြေၾကးေထာက္ပံ့သူ၊ ႏိုင္ငံတကာမွာ ေျခကုပ္ယူၿပီး "ဦးေဆာင္လႈပ္ရွား" တဲ့ ရာဇဝတ္ဂိုဏ္းေခါင္းေဆာင္မ်ား။
(၂) လူကုန္ကူးမႈ၊ အတင္းအက်ပ္ခိုင္းေစမႈ၊ အြန္လိုင္းလိမ္လည္မႈေတြမွာ တိုက္႐ိုက္ပါဝင္ၿပီး "လက္ေတြ႕အေကာင္ အထည္ေဖာ္သူမ်ား "
(၃) ေဒသခံအာဏာပိုင္မ်ား၊ အက်င့္ပ်က္ျခစားျခင္းအားျဖင့္ ဒီလုပ္ငန္းေတြကို "အကာအကြယ္ေပး ပူးေပါင္းေန သူမ်ား"
(၄) လိမ္လည္မႈေတြမွာ ပါဝင္ဖို႔ အတင္းအက်ပ္ခိုင္းေစခံရသူမ်ား၊ လူကုန္ကူးခံ "သားေကာင္ျဖစ္ရသူမ်ား" လို႔ အုပ္စုခြဲ သတ္မွတ္ႏိုင္ပါတယ္။
စနစ္တက် ဖြဲ႕စည္းထားတဲ့ ရာဇဝတ္ကြန္ရက္ေတြေၾကာင့္ ျဖစ္ေပၚလာတာပါ။ ဒါေၾကာင့္ ဒီလိုမ်ိဳးျပႆနာေတြကို ေျဖရွင္းဖို႔ဆိုရင္ ႏိုင္ငံတကာအဆင့္မွာ ပူးေပါင္းေဆာင္႐ြက္မႈေတြ၊ ဥပေဒေရးရာနဲ႔ အုပ္ခ်ဳပ္ေရးဆိုင္ရာျပဳျပင္ ေျပာင္းလဲမႈေတြ လိုအပ္ပါတယ္။
ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ လိမ္လည္မႈစင္တာေတြ က်ယ္က်ယ္ျပန႔္ ျပန႔္တည္ရွိ ေနျခင္းဟာ သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ အာဏာပိုင္အဖြဲ႕အစည္းမ်ားအတြင္း အက်င့္ပ်က္ျခစားမႈေတြနဲ႔ ဆက္စပ္ ေနတယ္လို႔ ယုံၾကည္ရပါတယ္။ ဒီလိုမ်ိဳး လုပ္ငန္းေတြဟာ နယ္စပ္ေဒသေတြ၊ အထူးစီးပြားေရးဇုန္ေတြမွာ အမ်ား ဆုံး တည္ရွိေနၿပီး၊ ဒီေနရာေတြဟာ ဥပေဒေရးရာနဲ႔ အုပ္ခ်ဳပ္ေရးဆိုင္ရာ ထိန္းခ်ဳပ္မႈအားနည္းတဲ့ေနရာေတြျဖစ္ ေနတတ္ပါတယ္။ လုပ္ငန္းေတြကေနရရွိတဲ့ ေငြေၾကးအျမတ္အစြန္းေတြဟာ အင္မတန္မ်ားျပားတာေၾကာင့္၊ ေဒသခံအာဏာပိုင္ေတြနဲ႔ ရာဇဝတ္ဂိုဏ္းေတြအတြက္ ဆြဲေဆာင္မႈရွိေနပါတယ္။
ႏိုင္ငံတကာအဆင့္ ပူးေပါင္းေဆာင္႐ြက္မႈအားနည္းတာေၾကာင့္ ဒီလိုမ်ိဳးလုပ္ငန္းေတြကို အျပည့္အဝ ထိန္းခ်ဳပ္ဖို႔ ခက္ခဲႏိုင္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံအတြင္း က်ားဖ်န႔္မွာ လူဘယ္ေလာက္မ်ားမ်ား ပါဝင္ေနတယ္ဆိုတာ အဲဒီတိုင္းျပည္မွာ အက်င့္ပ်က္ျခစားမႈ ဘယ္ေလာက္ရွိေၾကာင္း ၫႊန္ျပေနတဲ့ "ျပဒါးတိုင္" သဖြယ္ျဖစ္ပါတယ္။ နာ မည္ပ်က္ရင္ေတာ့ အဲဒီတိုင္းျပည္ေနသူအားလုံး တစ္ျပားတစ္ခ်ပ္မွ မခံစားရပဲ ဗိုက္အငွားနဲ႔ ဒါးထိုးခံရသလို ျဖစ္ ေနပါတယ္။
#HtayOung #OungMarine
#က်ားဖ်န႔္ #ျမန္မာ #ထိုင္း #ဖိလစ္ပိုင္