လူပြုန်းတီးနေသော KIA က ဒေသသုံးခုမှ လူမျိုးဘာသာမရွေးကို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းနေ

626

သန့်ဇင် (NP News) - မတ် ၃
တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများတွင် အသေအပျောက်များသောကြောင့် လူပြုန်းတီးနေသည့် KIA က လူမျိုး ဘာသာမရွေးကို တပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
KIA အဖွဲ့သည် တပ်သားသစ်စုဆောင်းခြင်းကို ယခင်ထက်ပိုမိုလုပ်ဆောင်လာခဲ့ပြီး အသက်(၁၈)နှစ်မှ အသက် (၃၀)ကျော်အရွယ်အများစုကို လူမျိုးဘာသာမရွေး ပစ်မှတ်ထားဖမ်းဆီးနေကာ အချို့ကို ပိုက်ဆံဖြင့် ပြန်လည် ရွေးယူရခြင်းများလည်းရှိနေကြောင်း သိရသည်။
တပ်မတော်နှင့် KIA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေသော ဗန်းမော်မြို့တွင် KIA ဘက်က သေဆုံးသူများပြားနေရာ အတွေ့အကြုံမရှိသော တပ်သားသစ် ပမာဏအများအပြားကို စစ်မြေပြင်သို့ စေလွှတ်နေကြောင်း စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက NP News သို့ ပြောကြားခဲ့ဖူးသည်။
“ဒီဖားကန့်-မြစ်ကြီးနားလမ်းတစ်ဝိုက်မှာတောင်မှ ကားပေါ်ကဆွဲချထားတာ။ အသက်က (၁၈) နဲ့ (၂၀)၊ (၃၀)ချည်း ပဲ ဆွဲချတာ။ ဖားကန့်၊ ဆိုင်းတောင်မှာတော့ ပိုက်ဆံနဲ့ရွေးရင်ပြန်လွှတ်ပေးတယ်တဲ့။ တချို့ သိန်းရာချီတွေကုန်တာ နော်။ KIA မှာ အဖွဲ့အစည်းတွေ များတာကိုး။ သူတို့မှာ ထောက်လှမ်းရေးရှိတယ်။ ဘာရှိတယ်။ ညာရှိတယ်ပေါ့” ဟု အထက်ပါဒေသခံက ပြောသည်။
KIA ၏ တပ်သားသစ်စုဆောင်းခံရသူများကို လက်ရှိတပ်မတော်နှင့်ရင်ဆိုင်နေရသော စစ်မျက်နှာများသို့ စေလွှတ် ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
“လူမျိုးဘာသာမရွေး တွေ့သမျှ လူအကုန်ဆွဲတာချည်းကို။ ကျွန်တော်တို့မသိတဲ့နေရာတွေလည်း ရှိမှာပဲလေ။ ဆက်သွယ်ရေးက ကောင်းနေတာမှ မဟုတ်တာ။ ကျွန်တော်တို့က Online ရတဲ့နေရာလောက်ပဲ သိရတာပဲ” ဟု ၎င်းက ပြောသည်။
KIA က ၎င်းတို့ထိန်းချုပ်ရာ ကချင်ပြည်နယ်မှ ဒေသအများအပြားတွင် အထက်ပါအတိုင်း တပ်သားသစ် စုဆောင်း နေခြင်းဖြစ်ကာ အရေအတွက် မည်မျှစုဆောင်းမည်၊ မည်သည့်နေရာသို့စေလွှတ်မည်ကို သိရခြင်းမရှိသေးကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။
“KIA က စစ်သားတော်တော်လိုနေပုံရတယ်။ ဗန်းမော်လည်း သူတို့ဘက်က အသေအပျောက် တော်တော်များ တယ်။ အခုစုနေတာက KPDF အတွက် မဟုတ်ဘူး။ KIA မှာ စစ်သားလုပ်ဖို့ စုနေတာ။ တချို့နေရာတွေမှာဆိုရင် လူငယ်တွေ မသွားရဲမလာရဲကြတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၄)ရက်ကလည်း မန္တလေးမြို့မှဖားကန့်မြို့သို့သွားရောက် ကျောက်လုပ်ကိုင် သည့် အမျိုးသား(၅)ဦးအနက် တစ်ဦးကို မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ဆေးနေသည့် KIA အဖွဲ့က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၀)ရက်၊ ညပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘော ကျေး ရွာအုပ်စု၊ ပင်းကြိုင်း ကျေးရွာအတွင်းသို့ KIA ပူးပေါင်းအဖွဲ့အင်အား(၆၀)ဦးခန့်က ရောက်လာပြီး အသက် (၁၈)နှစ်နှင့် (၄၅)နှစ်အတွင်းရှိ သည့် ဒေသခံပြည်သူ အမျိုးသား(၄၂)ဦး နှင့် အမျိုးသမီး(၄)ဦး တို့ကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ(၂၃)ရက်က လည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ MYITKYINA SKY မိုတယ်နှင့် GREAT တည်းခိုခန်းတို့တွင် တည်းခိုနေထိုင်သူ(၂၈)ဦးကို KIA လက်နက်ကိုင်ပူးပေါင်းအဖွဲ့အင်အား (၂၀)ဦးခန့် ရောက်ရှိလာပြီး အတင်းအဓမ္မချုပ်နှောင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရ သည်။
Zawgyi Version:
လူျပဳန္းတီးေနေသာ KIA က ေဒသသုံးခုမွ လူမ်ိဳးဘာသာမေ႐ြးကို တပ္သားသစ္အျဖစ္ အတင္းအက်ပ္ စုေဆာင္းေန
သန႔္ဇင္ (NP News) - မတ္ ၃
တပ္မေတာ္ႏွင့္ ရင္ဆိုင္တိုက္ပြဲမ်ားတြင္ အေသအေပ်ာက္မ်ားေသာေၾကာင့္ လူျပဳန္းတီးေနသည့္ KIA က လူမ်ိဳး ဘာသာမေ႐ြးကို တပ္သားသစ္အျဖစ္ အတင္းအက်ပ္စုေဆာင္းေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
KIA အဖြဲ႕သည္ တပ္သားသစ္စုေဆာင္းျခင္းကို ယခင္ထက္ပိုမိုလုပ္ေဆာင္လာခဲ့ၿပီး အသက္(၁၈)ႏွစ္မွ အသက္ (၃၀)ေက်ာ္အ႐ြယ္အမ်ားစုကို လူမ်ိဳးဘာသာမေ႐ြး ပစ္မွတ္ထားဖမ္းဆီးေနကာ အခ်ိဳ႕ကို ပိုက္ဆံျဖင့္ ျပန္လည္ ေ႐ြးယူရျခင္းမ်ားလည္းရွိေနေၾကာင္း သိရသည္။
တပ္မေတာ္ႏွင့္ KIA တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ေနေသာ ဗန္းေမာ္ၿမိဳ႕တြင္ KIA ဘက္က ေသဆုံးသူမ်ားျပားေနရာ အေတြ႕အႀကဳံမရွိေသာ တပ္သားသစ္ ပမာဏအမ်ားအျပားကို စစ္ေျမျပင္သို႔ ေစလႊတ္ေနေၾကာင္း စစ္ေရးသတင္း ရင္းျမစ္တစ္ဦးက NP News သို႔ ေျပာၾကားခဲ့ဖူးသည္။
“ဒီဖားကန႔္-ျမစ္ႀကီးနားလမ္းတစ္ဝိုက္မွာေတာင္မွ ကားေပၚကဆြဲခ်ထားတာ။ အသက္က (၁၈) နဲ႔ (၂၀)၊ (၃၀)ခ်ည္း ပဲ ဆြဲခ်တာ။ ဖားကန႔္၊ ဆိုင္းေတာင္မွာေတာ့ ပိုက္ဆံနဲ႔ေ႐ြးရင္ျပန္လႊတ္ေပးတယ္တဲ့။ တခ်ိဳ႕ သိန္းရာခ်ီေတြကုန္တာ ေနာ္။ KIA မွာ အဖြဲ႕အစည္းေတြ မ်ားတာကိုး။ သူတို႔မွာ ေထာက္လွမ္းေရးရွိတယ္။ ဘာရွိတယ္။ ညာရွိတယ္ေပါ့” ဟု အထက္ပါေဒသခံက ေျပာသည္။
KIA ၏ တပ္သားသစ္စုေဆာင္းခံရသူမ်ားကို လက္ရွိတပ္မေတာ္ႏွင့္ရင္ဆိုင္ေနရေသာ စစ္မ်က္ႏွာမ်ားသို႔ ေစလႊတ္ ဖြယ္ရွိေၾကာင္း ၎က ဆိုသည္။
“လူမ်ိဳးဘာသာမေ႐ြး ေတြ႕သမွ် လူအကုန္ဆြဲတာခ်ည္းကို။ ကြၽန္ေတာ္တို႔မသိတဲ့ေနရာေတြလည္း ရွိမွာပဲေလ။ ဆက္သြယ္ေရးက ေကာင္းေနတာမွ မဟုတ္တာ။ ကြၽန္ေတာ္တို႔က Online ရတဲ့ေနရာေလာက္ပဲ သိရတာပဲ” ဟု ၎က ေျပာသည္။
KIA က ၎တို႔ထိန္းခ်ဳပ္ရာ ကခ်င္ျပည္နယ္မွ ေဒသအမ်ားအျပားတြင္ အထက္ပါအတိုင္း တပ္သားသစ္ စုေဆာင္း ေနျခင္းျဖစ္ကာ အေရအတြက္ မည္မွ်စုေဆာင္းမည္၊ မည္သည့္ေနရာသို႔ေစလႊတ္မည္ကို သိရျခင္းမရွိေသးေၾကာင္း အျခားေဒသခံတစ္ဦးက ဆိုသည္။
“KIA က စစ္သားေတာ္ေတာ္လိုေနပုံရတယ္။ ဗန္းေမာ္လည္း သူတို႔ဘက္က အေသအေပ်ာက္ ေတာ္ေတာ္မ်ား တယ္။ အခုစုေနတာက KPDF အတြက္ မဟုတ္ဘူး။ KIA မွာ စစ္သားလုပ္ဖို႔ စုေနတာ။ တခ်ိဳ႕ေနရာေတြမွာဆိုရင္ လူငယ္ေတြ မသြားရဲမလာရဲၾကေတာ့ဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၂၄)ရက္ကလည္း မႏၲေလးၿမိဳ႕မွဖားကန႔္ၿမိဳ႕သို႔သြားေရာက္ ေက်ာက္လုပ္ကိုင္ သည့္ အမ်ိဳးသား(၅)ဦးအနက္ တစ္ဦးကို မႏၲေလး-ျမစ္ႀကီးနားလမ္းပိုင္းတြင္ စစ္ေဆးေနသည့္ KIA အဖြဲ႕က စစ္မႈထမ္းရန္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ေဖေဖာ္ဝါရီလ (၂၀)ရက္၊ ညပိုင္းကလည္း ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ ပင္းေဘာ ေက်း ႐ြာအုပ္စု၊ ပင္းႀကိဳင္း ေက်း႐ြာအတြင္းသို႔ KIA ပူးေပါင္းအဖြဲ႕အင္အား(၆၀)ဦးခန႔္က ေရာက္လာၿပီး အသက္ (၁၈)ႏွစ္ႏွင့္ (၄၅)ႏွစ္အတြင္းရွိ သည့္ ေဒသခံျပည္သူ အမ်ိဳးသား(၄၂)ဦး ႏွင့္ အမ်ိဳးသမီး(၄)ဦး တို႔ကို အဓမၼ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အလားတူ ေဖေဖာ္ဝါရီလ(၂၃)ရက္က လည္း ျမစ္ႀကီးနားၿမိဳ႕၊ တပ္ကုန္းရပ္ကြက္ရွိ MYITKYINA SKY မိုတယ္ႏွင့္ GREAT တည္းခိုခန္းတို႔တြင္ တည္းခိုေနထိုင္သူ(၂၈)ဦးကို KIA လက္နက္ကိုင္ပူးေပါင္းအဖြဲ႕အင္အား (၂၀)ဦးခန႔္ ေရာက္ရွိလာၿပီး အတင္းအဓမၼခ်ဳပ္ေႏွာင္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရ သည္။