အမေရိကန်သမ္မတနဲ့ ရန်ဖြစ်ခဲ့တဲ့ ယူကရိန်းသမ္မတကို ဒေါ်လာ ၂ ဘီလျံကျော် ကူညီ ချေးပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် လက်မှတ်ရေးထိုး

745

ဂျန်ဇက် (NP News) - မတ် ၂
အမေရိကန်နိုင်ငံ အိမ်ဖြုတော်မှာ အမေရိကန်သမ္မတ နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဗြိတိန်အစိုးရက ယူကရိန်းကို ကာကွယ်ရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန် စေဖို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလျံ အတိုးနဲ့ချေးပေးဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်စတာမာ နဲ့ ယူကရိန်းသမ္မတတို့ကြား မတ်လ ၁ ရက်က ဗြိတိန်ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် အတိုးနဲ့ချေးမယ့်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
သဘောတူညီမှုများအရ ရုရှားနိုင်ငံထံက သိမ်းယူထားတဲ့ပစ္စည်းများကို ပြန်လည်ရောင်းချပြီး အမြတ်ရရှိချိန်မှာ အဆိုပါချေးငွေများကို ပြန်လည် ဆပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်စတာမာက ဗြိတိန်နိုင်ငံ အနေနဲ့ ယူကရိန်းကို အပြည့်အဝကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲ အဆုံးသတ်အောင် ကြိုးပမ်းမှုအစိတ်အပိုင်းအဖြစ် လန်ဒန်မြို့မှာ ကနေဒါ၊ ဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာ နဲ့ ယူကရိန်းသမ္မတတို့ကြား ရရှိခဲ့တဲ့သဘောတူညီမှုအရ ဗြိတိန်အစိုးရဟာ ယူကရိန်းကို ကာကွယ်ရေးစွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၅၂သန်းကို သုံးနှစ်ကူညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်စတာမာက "ဗြိတိန်နိုင်ငံဟာ ယူကရိန်းသမ္မတ အပြင် ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည် သွားမယ်။ ယူကရိန်းကို ဘယ်လောက်ထောက်ခံကြောင်း သရုပ်ပြဖို့ ထွက်လာကြတာပါ” လို့ ပြောပါတယ်။ ယူကရိန်းသမ္မတ က "လူတွေအများကြီးတွေ့ခဲ့ပြီး ဒီစစ်ပွဲ အစကတည်းက ကြီးမားတဲ့ပံ့ပိုးမှုတွေအတွက် ဗြိတိန် နိုင်ငံကို ကျေးဇူးတင်ချင်ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ဗြိတိန်ဘုရင်နဲ့တွေ့ဆုံရခြင်းအပြင် ဥရောပထိပ်သီးအစည်းအဝေးမှာ ဥရောပနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ နဲ့တွေ့ဆုံဆွေးနွေးရခြင်းအတွက် ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတက ထပ်မံပြောပါတယ်။ ယူကရိန်းဟာ ဗြိတိန်နိုင်ငံက ချေးယူတဲ့ ကာကွယ်ရေးအသုံးစရိတ်အတွက် ချေးငွေများကို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဗြိတိန်နိုင်ငံဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ယူကရိန်းကို ငွေကြေး အတိုး နဲ့ ပထမဆုံးချေးပေးခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံကို အမေရိကန်နိုင်ငံက အဓိကထား ပံ့ပိုးကူညီခဲ့ပေမယ့် အမေရိကန်နိုင်ငံမှာ သမ္မတအပြောင်းအလဲဖြစ်လာခဲ့ပြီးနောက် ယူကရိန်းသမ္မတ နဲ့ သဘောထားကွဲလွဲမှုများ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္သမၼတနဲ႔ ရန္ျဖစ္ခဲ့တဲ့ ယူကရိန္းသမၼတကို ေဒၚလာ ၂ ဘီလ်ံေက်ာ္ ကူညီ ေခ်းေပးဖို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္လက္မွတ္ေရးထိုး
ဂ်န္ဇက္ (NP News) - မတ္ ၂
အေမရိကန္ႏိုင္ငံ အိမ္ျဖဳေတာ္မွာ အေမရိကန္သမၼတ နဲ႔ ယူကရိန္းသမၼတ ဇီလန္စကီးၾကား အျငင္းပြားမႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ၿဗိတိန္အစိုးရက ယူကရိန္းကို ကာကြယ္ေရးစြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ ေစဖို႔ အေမရိကန္ေဒၚလာ ၂ ဒသမ ၂၆ ဘီလ်ံ အတိုးနဲ႔ေခ်းေပးဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္စတာမာ နဲ႔ ယူကရိန္းသမၼတတို႔ၾကား မတ္လ ၁ ရက္က ၿဗိတိန္ဝန္ႀကီးခ်ဳပ္႐ုံးမွာ ေတြ႕ဆုံေဆြးေႏြး ခဲ့ၿပီးေနာက္ အတိုးနဲ႔ေခ်းမယ့္စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။
သေဘာတူညီမႈမ်ားအရ ႐ုရွားႏိုင္ငံထံက သိမ္းယူထားတဲ့ပစၥည္းမ်ားကို ျပန္လည္ေရာင္းခ်ၿပီး အျမတ္ရရွိခ်ိန္မွာ အဆိုပါေခ်းေငြမ်ားကို ျပန္လည္ ဆပ္ရမွာျဖစ္တယ္လို႔ သိရပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္စတာမာက ၿဗိတိန္ႏိုင္ငံ အေနနဲ႔ ယူကရိန္းကို အျပည့္အဝကူညီေထာက္ပံ့ေပးမႈေတြ ဆက္လက္လုပ္ေဆာင္မယ္လို႔ ကတိျပဳခဲ့တယ္လို႔ သိရပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲ အဆုံးသတ္ေအာင္ ႀကိဳးပမ္းမႈအစိတ္အပိုင္းအျဖစ္ လန္ဒန္ၿမိဳ႕မွာ ကေနဒါ၊ ဥေရာပသမဂၢေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ ေၾကာင္း သိရပါတယ္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာ နဲ႔ ယူကရိန္းသမၼတတို႔ၾကား ရရွိခဲ့တဲ့သေဘာတူညီမႈအရ ၿဗိတိန္အစိုးရဟာ ယူကရိန္းကို ကာကြယ္ေရးစြမ္းေဆာင္ရည္ပိုင္း ပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ တစ္ႏွစ္ကို အေမရိကန္ေဒၚလာ ၇၅၂သန္းကို သုံးႏွစ္ကူညီေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္စတာမာက "ၿဗိတိန္ႏိုင္ငံဟာ ယူကရိန္းသမၼတ အျပင္ ယူကရိန္းျပည္သူေတြနဲ႔အတူ ရပ္တည္ သြားမယ္။ ယူကရိန္းကို ဘယ္ေလာက္ေထာက္ခံေၾကာင္း သ႐ုပ္ျပဖို႔ ထြက္လာၾကတာပါ” လို႔ ေျပာပါတယ္။ ယူကရိန္းသမၼတ က "လူေတြအမ်ားႀကီးေတြ႕ခဲ့ၿပီး ဒီစစ္ပြဲ အစကတည္းက ႀကီးမားတဲ့ပံ့ပိုးမႈေတြအတြက္ ၿဗိတိန္ ႏိုင္ငံကို ေက်းဇူးတင္ခ်င္ပါတယ္" လို႔ ေျပာပါတယ္။
ဒါ့အျပင္ ၿဗိတိန္ဘုရင္နဲ႔ေတြ႕ဆုံရျခင္းအျပင္ ဥေရာပထိပ္သီးအစည္းအေဝးမွာ ဥေရာပႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြ နဲ႔ေတြ႕ဆုံေဆြးေႏြးရျခင္းအတြက္ ေက်းဇူးတင္တယ္လို႔ ယူကရိန္းသမၼတက ထပ္မံေျပာပါတယ္။ ယူကရိန္းဟာ ၿဗိတိန္ႏိုင္ငံက ေခ်းယူတဲ့ ကာကြယ္ေရးအသုံးစရိတ္အတြက္ ေခ်းေငြမ်ားကို စစ္လက္နက္ပစၥည္းထုတ္လုပ္ေရးမွာ အသုံးျပဳသြားမယ္လို႔ သိရပါတယ္။ ၿဗိတိန္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက ယူကရိန္းကို ေငြေၾကး အတိုး နဲ႔ ပထမဆုံးေခ်းေပးခဲ့တယ္လို႔ သိရပါတယ္။
ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ ယူကရိန္းႏိုင္ငံကို အေမရိကန္ႏိုင္ငံက အဓိကထား ပံ့ပိုးကူညီခဲ့ေပမယ့္ အေမရိကန္ႏိုင္ငံမွာ သမၼတအေျပာင္းအလဲျဖစ္လာခဲ့ၿပီးေနာက္ ယူကရိန္းသမၼတ နဲ႔ သေဘာထားကြဲလြဲမႈမ်ား ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။