ယူကရိန်းကို ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်မယ်လို့ ဥရောပသမဂ္ဂ ပြော

703

ဂျန်ဇက် (NP News) - မတ် ၂
အမေရိကန်နိုင်ငံ အိမ်ဖြုတော်မှာ အမေရိကန်သမ္မတ နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဗြိတိန်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ဥရောပထိပ်သီး အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဲဒီအစည်းဝေးကို ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အပြင် ဗြိတိန်၊ အီတလီ၊ ကနေဒါ နိုင်ငံတို့ အပါအဝင် ဥရောပတိုက်ရဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့တယ် လို့သိရပါတယ်။ ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌက ၎င်းတို့အနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ကိုင်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၎င်းက "ယူကရိန်းမှာ တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဦးတည်ပေးနိုင်အောင် ဥရောပ သမဂ္ဂ ရဲ့ ဆက်လက်ပံ့ပိုးကူညီမယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးလမ်းစက ခွန်အားပါ။ အားနည်းချက်က စစ်ပွဲကို ပိုဖြစ်စေတယ်။ ဥရောပကာကွယ်ရေးမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်မှာ ယူကရိန်းကို ပံ့ပိုးသွား မှာပါ" လို့ ပြောပါတယ်။
အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတနဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ထိပ်တိုက်တွေ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ယူကရိန်းစစ်ပွဲအကြောင်းဆွေးနွေးဖို့ ထိပ်သီးအစည်းအဝေးလုပ်ခဲ့တာဖြစ်ပြီး အီတလီဝန်ကြီးချုပ်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအချို့ ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲ အချိန်ပိုကြာဖို့လိုလားနေပြီး စစ်ပွဲကို နောက်ထပ်တစ်နှစ် ဖြစ်အောင်လုပ်ဆောင်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့ပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ သမ္မတ အပြောင်းအလဲဖြစ်လာ ခဲ့ပြီးနောက် အမေရိကန်သမ္မတထရမ့်ဟာ ယူကရိန်းကို စစ်ရေးကူညီထောက်ပံ့ပေးခြင်း ရပ်ဆိုင်းမှု အပါအဝင် စစ်ပွဲ အပစ်ခတ်ရပ်စဲရေးအတွက် ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးခဲ့ရာ အငြင်းပွားမှုများဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ဗြိတိန် အပါအဝင် ဥရောပသမဂ္ဂနိုင်ငံအချို့ဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးတာတွေ ဆက်လုပ်ဖို့ ကတိပြုထားကြောင်း သိရပါတယ်။
Zawgyi Version:
ယူကရိန္းကို ကူညီေထာက္ပံ့မႈမ်ား ဆက္လက္လုပ္ေဆာင္မယ္လို႔ ဥေရာပသမဂၢ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂
အေမရိကန္ႏိုင္ငံ အိမ္ျဖဳေတာ္မွာ အေမရိကန္သမၼတ နဲ႔ ယူကရိန္းသမၼတ ဇီလန္စကီးၾကား အျငင္းပြားမႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ၿဗိတိန္ႏိုင္ငံကအိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ၿပီး ဥေရာပထိပ္သီး အစည္းအေဝး က်င္းပခဲ့ေၾကာင္း သိရပါတယ္။ အဲဒီအစည္းေဝးကို ဥေရာပသမဂၢေကာ္မရွင္ဥကၠ႒ Ursula von der Leyen အျပင္ ၿဗိတိန္၊ အီတလီ၊ ကေနဒါ ႏိုင္ငံတို႔ အပါအဝင္ ဥေရာပတိုက္ရဲ႕ေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့တယ္ လို႔သိရပါတယ္။ ဥေရာပသမဂၢေကာ္မရွင္ဥကၠ႒က ၎တို႔အေနနဲ႔ ယူကရိန္းကို ကူညီေထာက္ပံ့ေပးမႈေတြ ဆက္လက္လုပ္ကိုင္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
၎က "ယူကရိန္းမွာ တရားမွ်တၿပီး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို ဦးတည္ေပးႏိုင္ေအာင္ ဥေရာပ သမဂၢ ရဲ႕ ဆက္လက္ပံ့ပိုးကူညီမယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးလမ္းစက ခြန္အားပါ။ အားနည္းခ်က္က စစ္ပြဲကို ပိုျဖစ္ေစတယ္။ ဥေရာပကာကြယ္ေရးမွာ အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ေနခ်ိန္မွာ ယူကရိန္းကို ပံ့ပိုးသြား မွာပါ" လို႔ ေျပာပါတယ္။
အိမ္ျဖဴေတာ္မွာ ယူကရိန္းသမၼတနဲ႔ အေမရိကန္သမၼတ ထရမ့္တို႔ ထိပ္တိုက္ေတြ႕ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ယူကရိန္းစစ္ပြဲအေၾကာင္းေဆြးေႏြးဖို႔ ထိပ္သီးအစည္းအေဝးလုပ္ခဲ့တာျဖစ္ၿပီး အီတလီဝန္ႀကီးခ်ဳပ္လည္း တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ ဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲ အခ်ိန္ပိုၾကာဖို႔လိုလားေနၿပီး စစ္ပြဲကို ေနာက္ထပ္တစ္ႏွစ္ ျဖစ္ေအာင္လုပ္ေဆာင္ေနတယ္လို႔ ေဝဖန္ခဲ့ပါတယ္။
ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္မွာ စတင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္း မရွိေသးဘဲ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ သမၼတ အေျပာင္းအလဲျဖစ္လာ ခဲ့ၿပီးေနာက္ အေမရိကန္သမၼတထရမ့္ဟာ ယူကရိန္းကို စစ္ေရးကူညီေထာက္ပံ့ေပးျခင္း ရပ္ဆိုင္းမႈ အပါအဝင္ စစ္ပြဲ အပစ္ခတ္ရပ္စဲေရးအတြက္ ႐ုရွားသမၼတပူတင္နဲ႔ေဆြးေႏြးခဲ့ရာ အျငင္းပြားမႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ၿဗိတိန္ အပါအဝင္ ဥေရာပသမဂၢႏိုင္ငံအခ်ိဳ႕ဟာ ယူကရိန္းကို ကူညီေထာက္ပံ့ေပးတာေတြ ဆက္လုပ္ဖို႔ ကတိျပဳထားေၾကာင္း သိရပါတယ္။