ဘိုလီးဗီးယားနိုင်ငံမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

215
ရောင်နီ (NP News) - မတ် ၂
ဘိုလီးဗီးယားနိုင်ငံ အနောက်ပိုင်း ပိုတိုစီ ဒေသမှာ ဘတ်စ်ကားနှစ်စီး တိမ်းမှောက်ပြီး အနည်းဆုံး လူ ၃၇ ဦး သေဆုံး ကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ဒေသဆိုင်ရာအာဏာပိုင်တွေက စနေနေ့(မတ်လ ၁ ရက်) မှာ ပြော ကြားပါတယ်။
အူယူနီနဲ့ ကိုလ်ချာနီမြို့ကြား ကားလမ်းပေါ်မှာ မတ်လ ၁ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ "ဒီဖြစ်စဉ်ကြောင့် အူယူနီ မြို့ရှိ ဆေးရုံလေးရုံမှာ လူ ၃၉ ဦး ဒဏ်ရာရခဲ့ပြီး ၃၇ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်" လို့ ပိုတိုစီ ဌာနဆိုင်ရာရဲကွပ်ကဲမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ ဖြစ်စဉ်ကတော့ လမ်းအကွေ့မှာ ကရိန်း ယာဉ်တစ်စီးနဲ့ ဘတ်စ်ကားတစ်စီး တိုက်မိတာဖြစ်ပြီး ပဏာမစုံစမ်းစစ်ဆေးမှုအရ ဘတ်စ်ကားဟာ အရှိန်လွန်ကာ ဝင်တိုက်မိခြင်းဖြစ်တယ်လို့ ယူဆထားပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ဘယ်သူဘယ်ဝါဆိုတာဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
Zawgyi Version:
ဘိုလီးဗီးယားႏိုင္ငံမွာ ဘတ္စ္ကားတိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံး လူ ၃၇ ဦး ေသဆုံးၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရ
ေရာင္နီ (NP News) - မတ္ ၂
ဘိုလီးဗီးယားႏိုင္ငံ အေနာက္ပိုင္း ပိုတိုစီ ေဒသမွာ ဘတ္စ္ကားႏွစ္စီး တိမ္းေမွာက္ၿပီး အနည္းဆုံး လူ ၃၇ ဦး ေသဆုံး ကာ ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔ေဒသဆိုင္ရာအာဏာပိုင္ေတြက စေနေန႔(မတ္လ ၁ ရက္) မွာ ေျပာ ၾကားပါတယ္။
အူယူနီနဲ႔ ကိုလ္ခ်ာနီၿမိဳ႕ၾကား ကားလမ္းေပၚမွာ မတ္လ ၁ ရက္ေန႔ နံနက္အေစာပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ "ဒီျဖစ္စဥ္ေၾကာင့္ အူယူနီ ၿမိဳ႕ရွိ ေဆး႐ုံေလး႐ုံမွာ လူ ၃၉ ဦး ဒဏ္ရာရခဲ့ၿပီး ၃၇ ဦး အသက္ဆုံးရႈံးခဲ့ပါတယ္" လို႔ ပိုတိုစီ ဌာနဆိုင္ရာရဲကြပ္ကဲမႈအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားပါတယ္။ ျဖစ္စဥ္ကေတာ့ လမ္းအေကြ႕မွာ ကရိန္း ယာဥ္တစ္စီးနဲ႔ ဘတ္စ္ကားတစ္စီး တိုက္မိတာျဖစ္ၿပီး ပဏာမစုံစမ္းစစ္ေဆးမႈအရ ဘတ္စ္ကားဟာ အရွိန္လြန္ကာ ဝင္တိုက္မိျခင္းျဖစ္တယ္လို႔ ယူဆထားပါတယ္။
ေသဆုံးသူေတြနဲ႔ ဒဏ္ရာရသူေတြ ဘယ္သူဘယ္ဝါဆိုတာေဖာ္ထုတ္ႏိုင္ဖို႔ ရဲတပ္ဖြဲ႕ဝင္ေတြက ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။