ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံဆွေးဆွေးနွေးရန် နစကဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ယနေ့ စတင်ထွက်ခွာ

1254

သန့်ဇင် (NP News) - မတ်လ ၃
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးဆွေးနွေးရန် အပါအဝင် ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ်သွားရောက်ရန် နစကဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ရုရှားနိုင်ငံသို့ ယနေ့(မက်လ ၃ ရက်) တွင် စတင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရီးစဉ်တွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီဝင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ရုရှားအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများ နှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
႐ုရွားသမၼတပူတင္ႏွင့္ေတြ႕ဆုံေဆြးေဆြးေႏြးရန္ နစကဥကၠ႒ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ ယေန႔ စတင္ထြက္ခြာ
သန႔္ဇင္ (NP News) - မတ္လ ၃
႐ုရွားသမၼတဗလာဒီမာပူတင္ႏွင့္ ေတြ႕ဆုံေဆြးေဆြးေႏြးရန္ အပါအဝင္ ဖိတ္ၾကားခ်က္အရ တရားဝင္ခ်စ္ၾကည္ေရးခရီးစဥ္သြားေရာက္ရန္ နစကဥကၠ႒ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္ အဖြဲ႕႐ုရွားႏိုင္ငံသို႔ ယေန႔(မက္လ ၃ ရက္) တြင္ စတင္ ထြက္ခြာသြားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာအဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ နံနက္ပိုင္းက အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္ တပ္မေတာ္ေလဆိပ္မွ ထြက္ခြာသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ခရီးစဥ္တြင္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္အတူ ေကာင္စီဝင္ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဦးသန္းေဆြ၊ ေဒါက္တာ ကံေဇာ္၊ ဦးကိုကိုလြင္၊ ေဒါက္တာ မ်ိဳးသိန္းေက်ာ္၊ ပဲခူးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေဆြဝင္း ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ဒုတိယဝန္ႀကီးမ်ား၊ စစ္ဘက္၊ နယ္ဘက္မွ တာဝန္ရွိသူမ်ား ခရီးစဥ္တြင္ လိုက္ပါသြားၾကေၾကာင္း သိရသည္။
ခရီးစဥ္အတြင္း ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတဗလာဒီမာပူတင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ႏွင့္ေတြ႕ဆုံေဆြးေႏြးျခင္း၊ လႊတ္ေတာ္ဥကၠ႒မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ား အပါအဝင္ ႐ုရွားအစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ခ်စ္ၾကည္ေရးခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရး၊ လုံၿခဳံေရးဆိုင္ရာမ်ား ႏွင့္ က႑ေပါင္းစုံတြင္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား ပိုမိုတိုးတက္ခိုင္မာေအာင္ေဆြးေႏြးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။