မွေးချင်းမောင်နှမအသစ်တစ်ယောက် ရရှိတော့မယ့် Peppa Pig

581
ရောင်နီ (NP News) - မတ် ၃
ကလေးတွေကြားရေပန်းစားတဲ့ Peppa Pig ကာတွန်းဇာတ်လမ်းတွဲမှာ ဇာတ်ကောင်အသစ် ထပ်တိုးလာတော့ မယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Peppa Pig ရဲ့ အမေ Mummy pig အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး မောဝမ်နာဘန်ခ် က Good Morning Britain အစီအစဉ်မှာ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ Peppa Pig တို့မိသားစုဟာ ၂၀၀၄ ခုနှစ်၊ UK's Channel 5 နဲ့ Nick Jr Channel မှာ ပွဲဦးထွက် စပြသကတည်းက Mummy Pig၊ Daddy Pig နဲ့ ညီလေး George ဆိုပြီး စုစု ပေါင်း ၄ ဦးသာ ရှိခဲ့တာဖြစ်ပါတယ်။
အခုနောက်ထပ် မိသားစုဝင်တစ်ဦး ထပ်တိုးလာမှာဖြစ်လို့ မိသားစုဟာ ပိုကြီးမားလာတော့မှာပါလို့ မောဝမ်နာ (Mummy Pig) က ပြောပါတယ်။
Mummy Pig ကိုယ်ဝန်ရှိနေတဲ့အပိုင်းကတော့ မတ်လ ၃၀ ရက်မှာ ပါဝင်မယ့်အပိုင်းမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါ တယ်။ ဇာတ်ကောင်အသစ်အတွက် နာမည်မပေးရသေးဘူးလို့ သိရပါတယ်။
Peppa Pig ကို Animator နဗေးလ်အက်လေနဲ့ မက်ခ်ဘိတ်ကာတို့က ဖန်တီးခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၈၀ ကျော် မှာ ပြသနေပါတယ်။
Zawgyi Version:
ေမြးခ်င္းေမာင္ႏွမအသစ္တစ္ေယာက္ ရရွိေတာ့မယ့္ Peppa Pig
ေရာင္နီ (NP News) - မတ္ ၃
ကေလးေတြၾကားေရပန္းစားတဲ့ Peppa Pig ကာတြန္းဇာတ္လမ္းတြဲမွာ ဇာတ္ေကာင္အသစ္ ထပ္တိုးလာေတာ့ မယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို Peppa Pig ရဲ႕ အေမ Mummy pig အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး ေမာဝမ္နာဘန္ခ္ က Good Morning Britain အစီအစဥ္မွာ ထုတ္ေဖာ္ေျပာၾကားလိုက္ျခင္းျဖစ္ပါတယ္။ Peppa Pig တို႔မိသားစုဟာ ၂၀၀၄ ခုႏွစ္၊ UK's Channel 5 နဲ႔ Nick Jr Channel မွာ ပြဲဦးထြက္ စျပသကတည္းက Mummy Pig၊ Daddy Pig နဲ႔ ညီေလး George ဆိုၿပီး စုစု ေပါင္း ၄ ဦးသာ ရွိခဲ့တာျဖစ္ပါတယ္။
အခုေနာက္ထပ္ မိသားစုဝင္တစ္ဦး ထပ္တိုးလာမွာျဖစ္လို႔ မိသားစုဟာ ပိုႀကီးမားလာေတာ့မွာပါလို႔ ေမာဝမ္နာ (Mummy Pig) က ေျပာပါတယ္။
Mummy Pig ကိုယ္ဝန္ရွိေနတဲ့အပိုင္းကေတာ့ မတ္လ ၃၀ ရက္မွာ ပါဝင္မယ့္အပိုင္းမွာ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါ တယ္။ ဇာတ္ေကာင္အသစ္အတြက္ နာမည္မေပးရေသးဘူးလို႔ သိရပါတယ္။
Peppa Pig ကို Animator နေဗးလ္အက္ေလနဲ႔ မက္ခ္ဘိတ္ကာတို႔က ဖန္တီးခဲ့တာျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၈၀ ေက်ာ္ မွာ ျပသေနပါတယ္။