ဗြိတိန်၊ ပြင်သစ် နဲ့ ယူကရိန်းတို့က ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမေရိကန်ကို တင်ပြသွားမယ်

1033

Pika (NP News) - မတ် ၃
ဗြိတိန် နဲ့ ပြင်သစ်အစိုးရတို့ဟာ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အစီအစဉ်တွေအတွက် ယူကရိန်းနဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့ ဗြိတန်ဝန်ကြီးချုပ် ကီရာစတာမာက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ ဒါ့ပြင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် အတူတကွလက်တွဲလုပ်ဆောင်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ကို ကီရာစတာမာက တိုက်တွန်းခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ကြား ဖြစ်ပွားခဲ့တဲ့အခြေအတင်ပြောဆိုမှုတွေလိုမျိုး မြင်ကွင်းတွေကို ဘယ်သူကမှ မမြင်ချင်ကြဘူးလို့ ပြောဆိုခဲ့ပါတယ်။ ကီရာစတာမာက “ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်နိုင်တဲ့နည်းလမ်းကို ရှာဖွေရပါမယ်။ ဘာကြောင့်လဲဆို တော့ ယူကရိန်းပဋိပက္ခဖြစ်ပွားတာက သုံးနှစ်တောင်ရှိနေပါပြီ။ လက်ရှိအချိန်မှာ အပြီးသတ်ငြိမ်းချမ်းရေးကို ရရှိဖို့ လိုအပ်နေပါပြီ။ ဗြိတိန် နဲ့ ပြင်သစ်တို့ဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအစီအစဉ်တွေအတွက် ယူကရိန်းနဲ့အတူ လက်တွဲ လုပ်ဆောင်နေပါတယ်။ ပြီးရင် အဲဒီအစီအစဉ်ကို အမေရိကန်နိုင်ငံနဲ့အတူ ကျွန်တော်တို့ဆွေးနွေးသွား မှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အနောက်အုပ်စုပြိုကွဲမှုအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ အလွန်အရေးကြီးတယ်လို့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက ကီရာစတာမာနဲ့ တွေ့ဆုံချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ၿဗိတိန္၊ ျပင္သစ္ နဲ႔ ယူကရိန္းတို႔က ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို အေမရိကန္ကို တင္ျပသြားမယ္
Pika (NP News) - မတ္ ၃
ၿဗိတိန္ နဲ႔ ျပင္သစ္အစိုးရတို႔ဟာ ႐ုရွားနဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အစီအစဥ္ေတြအတြက္ ယူကရိန္းနဲ႔အတူ လက္တြဲလုပ္ေဆာင္ေနတယ္လို႔ ၿဗိတန္ဝန္ႀကီးခ်ဳပ္ ကီရာစတာမာက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ ဒါ့ျပင္ ယူကရိန္းစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အတူတကြလက္တြဲလုပ္ေဆာင္ၾကဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြ ကို ကီရာစတာမာက တိုက္တြန္းခဲ့ၿပီး အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ၾကား ျဖစ္ပြားခဲ့တဲ့အေျခအတင္ေျပာဆိုမႈေတြလိုမ်ိဳး ျမင္ကြင္းေတြကို ဘယ္သူကမွ မျမင္ခ်င္ၾကဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ ကီရာစတာမာက “ကြၽန္ေတာ္တို႔အားလုံး ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့နည္းလမ္းကို ရွာေဖြရပါမယ္။ ဘာေၾကာင့္လဲဆို ေတာ့ ယူကရိန္းပဋိပကၡျဖစ္ပြားတာက သုံးႏွစ္ေတာင္ရွိေနပါၿပီ။ လက္ရွိအခ်ိန္မွာ အၿပီးသတ္ၿငိမ္းခ်မ္းေရးကို ရရွိဖို႔ လိုအပ္ေနပါၿပီ။ ၿဗိတိန္ နဲ႔ ျပင္သစ္တို႔ဟာ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးအစီအစဥ္ေတြအတြက္ ယူကရိန္းနဲ႔အတူ လက္တြဲ လုပ္ေဆာင္ေနပါတယ္။ ၿပီးရင္ အဲဒီအစီအစဥ္ကို အေမရိကန္ႏိုင္ငံနဲ႔အတူ ကြၽန္ေတာ္တို႔ေဆြးေႏြးသြား မွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေနာက္အုပ္စုၿပိဳကြဲမႈအႏၲရာယ္ကို ေရွာင္ရွားႏိုင္ဖို႔ အလြန္အေရးႀကီးတယ္လို႔ အီတလီဝန္ႀကီးခ်ဳပ္ ေဂ်ာ္ဂ်ီယာမယ္လိုနီက ကီရာစတာမာနဲ႔ ေတြ႕ဆုံခ်ိန္အတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။