ငြိမ်းချမ်းရေးလိုချင်တဲ့ ယူကရိန်းခေါင်းဆောင်ကို အမေရိကန်က လိုအပ်တယ်လို့ အမေရိကန်အစိုးရပြော

 734

Pika (NP News) - မတ် ၃

ရုရှားနဲ့ အပြီးသတ်ငြိမ်းချမ်းရေး ရယူဖို့ ဆန္ဒရှိနေတဲ့ ယူကရိန်းခေါင်းဆောင်တစ်ဦးကိုသာ အမေရိကန်က လိုအပ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ထိပ်တန်းအကြံပေးမိုက်ဝေါ့ဇ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားနဲ့ အပြီးသတ်ငြိမ်းချမ်းရေးရယူဖို့ ပြင်ဆင်ထားတာမျိုးရှိ/မရှိဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ မိုက်ဝေါ့ဇ်က ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ကြား အခြေအတင်ပြောဆိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်း အကြာမှာ မိုက်ဝေါ့ဇ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်ဟာ ဥရောပဦးဆောင်တဲ့ လုံခြုံရေးအာမခံချက်နဲ့အတူ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာလိုက်လျောမှုတွေပါဝင်တဲ့ ရုရှားနဲ့ယူကရိန်းကြား အမြဲတမ်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရယူလိုတယ်လို့ မိုက်ဝေါ့ဇ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်က ဇီလန်စကီးကို ရာထူးကနေ နှုတ်ထွက်စေလိုသလားဆိုသည့်မေးခွန်းများကို ၎င်းက တုံံ့ပြန် ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက “ကျွန်တော်တို့နဲ့ဆက်ဆံနိုင်မယ့်ခေါင်းဆောင်တစ်ဦးကို လိုအပ်ပါ တယ်။ အထူးသဖြင့် ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ဆန္ဒရှိတဲ့ခေါင်းဆောင်တစ်ဦးကို လိုအပ်ပါတယ်။ ဇီလန်စကီးက အဲဒီလိုမျိုးဆန္ဒတွေ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ ပြဿနာတစ်ခုနဲ့ကြုံတွေ့နေရပြီလို့ ထင်ပါ တယ်” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးလိုခ်င္တဲ့ ယူကရိန္းေခါင္းေဆာင္ကို အေမရိကန္က လိုအပ္တယ္လို႔ အေမရိကန္အစိုးရေျပာ
Pika (NP News) - မတ္ ၃

႐ုရွားနဲ႔ အၿပီးသတ္ၿငိမ္းခ်မ္းေရး ရယူဖို႔ ဆႏၵရွိေနတဲ့ ယူကရိန္းေခါင္းေဆာင္တစ္ဦးကိုသာ အေမရိကန္က လိုအပ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ထိပ္တန္းအႀကံေပးမိုက္ေဝါ့ဇ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းသမၼတဇီလန္စကီးဟာ ႐ုရွားနဲ႔ အၿပီးသတ္ၿငိမ္းခ်မ္းေရးရယူဖို႔ ျပင္ဆင္ထားတာမ်ိဳးရွိ/မရွိဆိုတာကို ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ မိုက္ေဝါ့ဇ္က ေျပာၾကားခဲ့ပါတယ္။
အိမ္ျဖဴေတာ္မွာ ေဒၚနယ္ထရမ့္နဲ႔ ဇီလန္စကီးတို႔ၾကား အေျခအတင္ေျပာဆိုမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္း အၾကာမွာ မိုက္ေဝါ့ဇ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္ဟာ ဥေရာပဦးေဆာင္တဲ့ လုံၿခဳံေရးအာမခံခ်က္နဲ႔အတူ နယ္ေျမပိုင္ဆိုင္မႈဆိုင္ရာလိုက္ေလ်ာမႈေတြပါဝင္တဲ့ ႐ုရွားနဲ႔ယူကရိန္းၾကား အၿမဲတမ္း ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ရယူလိုတယ္လို႔ မိုက္ေဝါ့ဇ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္က ဇီလန္စကီးကို ရာထူးကေန ႏႈတ္ထြက္ေစလိုသလားဆိုသည့္ေမးခြန္းမ်ားကို ၎က တုံံ့ျပန္ ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က “ကြၽန္ေတာ္တို႔နဲ႔ဆက္ဆံႏိုင္မယ့္ေခါင္းေဆာင္တစ္ဦးကို လိုအပ္ပါ တယ္။ အထူးသျဖင့္ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔ ဆႏၵရွိတဲ့ေခါင္းေဆာင္တစ္ဦးကို လိုအပ္ပါတယ္။ ဇီလန္စကီးက အဲဒီလိုမ်ိဳးဆႏၵေတြ မရွိခဲ့ဘူးဆိုရင္ ကြၽန္ေတာ္တို႔ဟာ ျပႆနာတစ္ခုနဲ႔ႀကဳံေတြ႕ေနရၿပီလို႔ ထင္ပါ တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.