မြန်မာလုပ်သား(၅၀)ကျော်ကို ရုရှားသို့ ပထမဆုံးအသုတ်အဖြစ် ရက်ပိုင်းအတွင်း စေလွှတ်မည်

 4304

ယွန်း (NP News) - မတ် ၄

မတ်လပထမပတ်အတွင်း မြန်မာလုပ်သား(၅၀)ကျော်ကို ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ်စေလွှတ်မည် ဖြစ် ကြောင်း အလုပ်သမားပို့ဆောင်ရေးအေဂျင်စီ တစ်ခုထံမှသိရသည်။

လက်ရှိတွင် ရုရှားနိုင်ငံအနေဖြင့် လုပ်သားလို အပ်ချက်မြင့်တက်နေပြီး မြန်မာနိုင်ငံမှလုပ်သားများကိုလည်း ခေါ်ယူမှုရှိနေရာ Pilot Project အနေဖြင့် မြန်မာလုပ်သား (၅၄) ဦးကို ပထမဆုံးအနေဖြင့် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။ “သွားမယ့်သူတွေက အဆင်သင့်ဖြစ်နေပြီ။ တစ်နှစ်လောက်ရှိပြီ စောင့်နေကြတာ။ သူတို့အတွက် ဗီဇာတွေ လည်းရပြီလေ ယာဉ်လက်မှတ်တွေလည်းရပြီ မတ်လမှာထွက်ဖြစ်မယ်။ (၅၃)ယောက်ကို ဘာသာစကားအခက်အခဲ ထပ်ဖြစ်မှာစိုးလို့ ဘာသာစကားကျွမ်းကျင်တဲ့သူတစ် ယောက်ထပ်ထည့်ထားတယ်။
(၅၄)ယောက်ဖြစ်သွားတာပေါ့။ ရုရှားက လုပ်သားလိုအပ်ချက်ကများနေတယ်။ အဓိကကတော့ ယူကရိန်းစစ်ပွဲကြောင့်ဖြစ်ခဲ့တဲ့ နေရာတွေမှာ အဆောက် အအုံတွေလိုအပ်တယ်။ မတ်လပထမပတ်ထဲမှာလွှတ်မှာ (၅၄)ယောက်စလုံးတော့ မဟုတ်ဘူး။ နှစ်ဖွဲ့ခွဲလွှတ်မှာပေါ့။ (၂၄)ယောက် အရင် ထွက်မယ်။ ဒုတိယပတ်၊ တတိယပတ်‌လောက်ဆို နောက်ထပ်ကျန်တဲ့ (၃၀)ထွက်မယ်။ ပထမဦးဆုံး လွှတ်မှာဖြစ်တဲ့အတွက် ဗီဇာက (၅၄) ယောက်စလုံး အတွက်ကျမလာလို့ခွဲလွှတ်တာပါ တခြားဟာကြောင့် တော့ မဟုတ်ပါဘူး”ဟု အထက်ပါ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လုပ်ခလစာများအနေဖြင့် ကျွမ်းကျင်မှုပေါ်မူ တည်၍ အနည်းဆုံး ဒေါ်လာ (၇၀ဝ) မှ ဒေါ်လာ (၂၀ဝဝ) အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံ၏လုပ်သားလိုအပ်ချက်ကြောင့် Pilot Project အနေဖြင့် မြန်မာလုပ်သား (၅၀ဝ)နီးပါးကို စေလွှတ်မည်ဖြစ်ပြီး နှစ်နိုင်ငံ MOU ကိုလည်း ရေးထိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဝန်ကြီးကတော့ လူ (၄၀ဝ) (၅၀ဝ)လောက် အထိတော့ Pilot Project နဲ့လွှတ်ကြည့်မယ်။ ပြီးရင် MOU ထိုးမယ်။ Pilot Project လွှတ်ရင်းနဲ့ အစိုးရ အချင်းချင်း MOU ထိုးဖို့ဆောင်ရွက်နေတယ်။ ရုရှား ဘက်ကလိုအပ်ချက်က သောင်းဂဏန်းလောက်အထိ လိုချင်တာ။ အရင်ဆုံး Pilot Project အနေနဲ့ လူ (၄၀ဝ)(၅၀ဝ)လောက် လွှတ်ကြည့် အဲဒီလိုလွှတ်ရင်းနဲ့မှ MOU လည်းထိုးမယ် ပြီးရင် ဘယ်လောက်ပဲဖြစ် ဖြစ်လွှတ်လို့ရမယ်ဆိုတဲ့ သဘောတရားရှိပါ တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိစေလွှတ်မည့် လုပ်သား (၅၄)ဦး၏ နေစရိတ်၊ စားစရိတ်နှင့်လေယာဉ်ခများကို ရုရှားနိုင်ငံမှကျခံမည် ဖြစ် သော်လည်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် Zero cost (စားရိတ်ငြိမ်း)ဖြင့် သွားရောက်ရခြင်းမျိုး မဟုတ်ကြောင်း သိရသည်။ ရုရှားနိုင်ငံသို့ မြန်မာလုပ်သားစတင်စေလွှတ်ခြင်းကို နိုင်ငံတော်အနေဖြင့် သေချာစိစစ်စေ လွှတ်ခြင်းဖြစ်ပြီး အစိုးရ၏ တရားဝင်ခွင့်ပြုသည့်အမိန့်မရှိဘဲ ပြောဆိုနေခြင်းများကို သတိထားသင့်ကြောင်း အထက်ပါ တာဝန်ရှိသူက အသိပေးပြောဆိုထားသည်။

ရုရှားနိုင်ငံ၏ အသက်အရွယ် ကန့်သတ်ချက်အရလုပ်သားများကို အသက်(၂၀)မှ (၄၀)အထိ ကန့် သတ်ထား သော်လည်း နိုင်ငံတကာပုံစံအရ ပညာရှင်များကိုမူ အသက် (၄၅) အထိ ခေါ်ယူလျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာလုပ္သား(၅၀)ေက်ာ္ကို ႐ုရွားသို႔ ပထမဆုံးအသုတ္အျဖစ္ ရက္ပိုင္းအတြင္း ေစလႊတ္မည္
ယြန္း (NP News) - မတ္ ၄

မတ္လပထမပတ္အတြင္း ျမန္မာလုပ္သား(၅၀)ေက်ာ္ကို ႐ုရွားႏိုင္ငံသို႔ ပထမဆုံးအႀကိမ္ေစလႊတ္မည္ ျဖစ္ ေၾကာင္း အလုပ္သမားပို႔ေဆာင္ေရးေအဂ်င္စီ တစ္ခုထံမွသိရသည္။

လက္ရွိတြင္ ႐ုရွားႏိုင္ငံအေနျဖင့္ လုပ္သားလို အပ္ခ်က္ျမင့္တက္ေနၿပီး ျမန္မာႏိုင္ငံမွလုပ္သားမ်ားကိုလည္း ေခၚယူမႈရွိေနရာ Pilot Project အေနျဖင့္ ျမန္မာလုပ္သား (၅၄) ဦးကို ပထမဆုံးအေနျဖင့္ ေစလႊတ္မည္ျဖစ္ေၾကာင္း သိရသည္။ “သြားမယ့္သူေတြက အဆင္သင့္ျဖစ္ေနၿပီ။ တစ္ႏွစ္ေလာက္ရွိၿပီ ေစာင့္ေနၾကတာ။ သူတို႔အတြက္ ဗီဇာေတြ လည္းရၿပီေလ ယာဥ္လက္မွတ္ေတြလည္းရၿပီ မတ္လမွာထြက္ျဖစ္မယ္။ (၅၃)ေယာက္ကို ဘာသာစကားအခက္အခဲ ထပ္ျဖစ္မွာစိုးလို႔ ဘာသာစကားကြၽမ္းက်င္တဲ့သူတစ္ ေယာက္ထပ္ထည့္ထားတယ္။
(၅၄)ေယာက္ျဖစ္သြားတာေပါ့။ ႐ုရွားက လုပ္သားလိုအပ္ခ်က္ကမ်ားေနတယ္။ အဓိကကေတာ့ ယူကရိန္းစစ္ပြဲေၾကာင့္ျဖစ္ခဲ့တဲ့ ေနရာေတြမွာ အေဆာက္ အအုံေတြလိုအပ္တယ္။ မတ္လပထမပတ္ထဲမွာလႊတ္မွာ (၅၄)ေယာက္စလုံးေတာ့ မဟုတ္ဘူး။ ႏွစ္ဖြဲ႕ခြဲလႊတ္မွာေပါ့။ (၂၄)ေယာက္ အရင္ ထြက္မယ္။ ဒုတိယပတ္၊ တတိယပတ္‌ေလာက္ဆို ေနာက္ထပ္က်န္တဲ့ (၃၀)ထြက္မယ္။ ပထမဦးဆုံး လႊတ္မွာျဖစ္တဲ့အတြက္ ဗီဇာက (၅၄) ေယာက္စလုံး အတြက္က်မလာလို႔ခြဲလႊတ္တာပါ တျခားဟာေၾကာင့္ ေတာ့ မဟုတ္ပါဘူး”ဟု အထက္ပါ ေအဂ်င္စီမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လုပ္ခလစာမ်ားအေနျဖင့္ ကြၽမ္းက်င္မႈေပၚမူ တည္၍ အနည္းဆုံး ေဒၚလာ (၇၀ဝ) မွ ေဒၚလာ (၂၀ဝဝ) အထိ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံ၏လုပ္သားလိုအပ္ခ်က္ေၾကာင့္ Pilot Project အေနျဖင့္ ျမန္မာလုပ္သား (၅၀ဝ)နီးပါးကို ေစလႊတ္မည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံ MOU ကိုလည္း ေရးထိုးသြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ဝန္ႀကီးကေတာ့ လူ (၄၀ဝ) (၅၀ဝ)ေလာက္ အထိေတာ့ Pilot Project နဲ႔လႊတ္ၾကည့္မယ္။ ၿပီးရင္ MOU ထိုးမယ္။ Pilot Project လႊတ္ရင္းနဲ႔ အစိုးရ အခ်င္းခ်င္း MOU ထိုးဖို႔ေဆာင္႐ြက္ေနတယ္။ ႐ုရွား ဘက္ကလိုအပ္ခ်က္က ေသာင္းဂဏန္းေလာက္အထိ လိုခ်င္တာ။ အရင္ဆုံး Pilot Project အေနနဲ႔ လူ (၄၀ဝ)(၅၀ဝ)ေလာက္ လႊတ္ၾကည့္ အဲဒီလိုလႊတ္ရင္းနဲ႔မွ MOU လည္းထိုးမယ္ ၿပီးရင္ ဘယ္ေလာက္ပဲျဖစ္ ျဖစ္လႊတ္လို႔ရမယ္ဆိုတဲ့ သေဘာတရားရွိပါ တယ္”ဟု ၎ကဆိုသည္။

လက္ရွိေစလႊတ္မည့္ လုပ္သား (၅၄)ဦး၏ ေနစရိတ္၊ စားစရိတ္ႏွင့္ေလယာဥ္ခမ်ားကို ႐ုရွားႏိုင္ငံမွက်ခံမည္ ျဖစ္ ေသာ္လည္း လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပေနသည့္ Zero cost (စားရိတ္ၿငိမ္း)ျဖင့္ သြားေရာက္ရျခင္းမ်ိဳး မဟုတ္ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံသို႔ ျမန္မာလုပ္သားစတင္ေစလႊတ္ျခင္းကို ႏိုင္ငံေတာ္အေနျဖင့္ ေသခ်ာစိစစ္ေစ လႊတ္ျခင္းျဖစ္ၿပီး အစိုးရ၏ တရားဝင္ခြင့္ျပဳသည့္အမိန႔္မရွိဘဲ ေျပာဆိုေနျခင္းမ်ားကို သတိထားသင့္ေၾကာင္း အထက္ပါ တာဝန္ရွိသူက အသိေပးေျပာဆိုထားသည္။

႐ုရွားႏိုင္ငံ၏ အသက္အ႐ြယ္ ကန႔္သတ္ခ်က္အရလုပ္သားမ်ားကို အသက္(၂၀)မွ (၄၀)အထိ ကန႔္ သတ္ထား ေသာ္လည္း ႏိုင္ငံတကာပုံစံအရ ပညာရွင္မ်ားကိုမူ အသက္ (၄၅) အထိ ေခၚယူလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.