PDF အဖွဲ့ များစွာဝန်းရံခံထားရသည့် ဟံသာဝတီရွာတွင် ဆား (၁) ပိဿာကျပ် (၁) သိန်းကျော်အထိ ဈေးမြင့်တက်

 389

သန့်ဇင် (NP News)-စက်တင်ဘာ ၂၉
ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးအပါအဝင် နယ်မြေတည်ငြိမ်သောဒေသများတွင် မီးဖိုချောင် သုံး ဆားတစ်ပိဿာလျှင် ကျပ်(၆၀ဝဝ) ကျော် ဝန်းကျင်သာ ပေါက်ဈေးရှိနေချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မြို့နယ်တွင်းရှိ PDF အဖွဲ့များစွာ ဝန်းရံထားသည့် ဟံသာဝတီကျေးရွာတွင် ဆား(၁)ပိဿာ လျှင် ငွေကျပ်(၁)သိန်းကျော်အထိ စံချိန်တင်အထိ ဈေးမြင့်တက်နေကြောင်း ဒေသခံများက NP News သို့ပြောသည်။
အဆိုပါကျေးရွာသည် ဂန့်ဂေါ-ကလေး သွားကားလမ်းပေါ်တွင် တည်ရှိပြီး ရပ်ကွက်(၇) ခု ထိရှိ ကာ အိမ်ခြေထောင်ကျော်ရှိ ရွာကြီးတစ်ရွာ ဖြစ်ကြောင်း သိရသည်။ ယင်းကျေးရွာသည် လမ်းပန်း ဆက် သွယ်ရေးကောင်းသည့် ကျေးရွာတစ်ရွာဖြစ်သော်လည်း ပြီးခဲ့သည့် (၂)နှစ်ကျော်ကာလကစတင်ကာ PDF များက ဟံသာဝတီရွာသို့ ဝင်ရောက်သည့် ကုန်စည်လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခဲ့သဖြင့် ဆား နှင့် စက်သုံးဆီများလည်း ယနေ့အထိ ပြတ်လပ်နေကြောင်း သိရသည်။
“နှစ်ပေါက်နေပြီ။ တစ်ခါတစ်ခါ ရဟတ်ယာဉ်နဲ့ပို့ရတယ်။ အသားတွေ၊ ငါးတွေကမွေးလို့ရပေ မယ့် ဆားကတော့ တစ်ပိဿာကို (၁)သိန်းကျော် တယ်။ ဒီနေ့အထိပဲ။ ဘေးပတ်လည်မှာလည်း PDF တွေကြီးစိုးတဲ့နေရာတွေပဲ။ ဒေသခံတွေကလည်း အဲဒီမှာပဲ။ စက်သုံးဆီကလည်း မရှိတာ။ ရှားတယ်။ ဆားဆိုရင်လည်း တစ်ပိဿာ(၁)သိန်းကျော်ဆိုတော့ တစ်အိတ်ကို သိန်း(၁၀ဝ)ကျော်ပေး ဝယ်ရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
(၂၀၂၁)ခုနှစ်ကစတင်ခဲ့သည့် နိုင်ငံရေး ပဋိပက္ခများကြောင့် ပြည်သူ့စစ်ရွာအဖြစ်အမည်တပ် ခံ ထားရသော အဆိုပါကျေးရွာကို ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်၊ အောက်တိုဘာ (၂၃)ရက်ကလည်း ကလေး မြို့နယ် ပအဖ က ကုန်စည်လမ်းကြောင်းများမဝင်ရန် ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဟံသာဝတီကျေးရွာတွင် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် အချိုမှုန့်နှင့် ဟင်းခတ်အမွှေးအကြိုင်ကဲ့သို့ စသော ပစ္စည်းများသည်လည်း ပြတ်လပ်နေရာ ဒေသခံများစွာ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရ သည်။
ယင်းကျေးရွာသည် စစ်ကိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအစပ်ရှိ ကျေးရွာကြီးတစ်ရွာ ဖြစ်ပြီး ဂန့်ဂေါမြို့နှင့် မိုင်(၅၀)ခန့်သာကွာဝေးပြီး PDF များက ရည်ရွယ်ချက်ရှိစွာ ဝန်းရံပိတ်ဆို့ထားပြီး မကြာခဏ လာရောက်တိုက်ခိုက်သည့်အတွက်လည်း တပ်မတော်နှင့် PDF အဖွဲ့တို့ တိုက်ပွဲများ မကြာ ခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ကာလက ဂန့်ဂေါမြို့ နယ်တွင်းက ဂန့်ဂေါ-ကလေးသွားကားလမ်းပေါ်တွင် ပင်ရှိသည့် လူဦးရေ(၅၀ဝဝ)နီးပါး နေထိုင်သော မြောက်ခင်ရန်းကျေးရွာတွင်လည်း စက်သုံးဆီတစ်လီ တာလျှင် ငွေကျပ် (၁၂၀ဝဝဝ)အထိ စံချိန်တင် ဈေးမြင့်တက်ခဲ့ဖူးကြောင်း သိရသည်။
ယင်းဒေသတွင် အထက်ပါကဲ့သို့ ကုန်ဈေးနှုန်းများ စံချိန်တင်ဈေးမြင့်တက်နေရခြင်းသည် ဂန့်ဂေါ- ကလေးသွားကားလမ်းပိုင်းကို PDF အဖွဲ့ တို့ ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်ပြီး နယ်မြေတည် ငြိမ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့နှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ ကွာဟနေကြောင်း သိရသည်။

Zawgyi Version:
PDF အဖြဲ႕ မ်ားစြာဝန္းရံခံထားရသည့္ ဟံသာဝတီ႐ြာတြင္ ဆား (၁) ပိႆာက်ပ္ (၁) သိန္းေက်ာ္အထိ ေဈးျမင့္တက္
သန႔္ဇင္ (NP News)-စက္တင္ဘာ ၂၉
ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ မႏၲေလးအပါအဝင္ နယ္ေျမတည္ၿငိမ္ေသာေဒသမ်ားတြင္ မီးဖိုေခ်ာင္ သုံး ဆားတစ္ပိႆာလွ်င္ က်ပ္(၆၀ဝဝ) ေက်ာ္ ဝန္းက်င္သာ ေပါက္ေဈးရွိေနခ်ိန္ မေကြးတိုင္းေဒသႀကီး၊ ဂန႔္ေဂါ ၿမိဳ႕နယ္တြင္းရွိ PDF အဖြဲ႕မ်ားစြာ ဝန္းရံထားသည့္ ဟံသာဝတီေက်း႐ြာတြင္ ဆား(၁)ပိႆာ လွ်င္ ေငြက်ပ္(၁)သိန္းေက်ာ္အထိ စံခ်ိန္တင္အထိ ေဈးျမင့္တက္ေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
အဆိုပါေက်း႐ြာသည္ ဂန႔္ေဂါ-ကေလး သြားကားလမ္းေပၚတြင္ တည္ရွိၿပီး ရပ္ကြက္(၇) ခု ထိရွိ ကာ အိမ္ေျခေထာင္ေက်ာ္ရွိ ႐ြာႀကီးတစ္႐ြာ ျဖစ္ေၾကာင္း သိရသည္။ ယင္းေက်း႐ြာသည္ လမ္းပန္း ဆက္ သြယ္ေရးေကာင္းသည့္ ေက်း႐ြာတစ္႐ြာျဖစ္ေသာ္လည္း ၿပီးခဲ့သည့္ (၂)ႏွစ္ေက်ာ္ကာလကစတင္ကာ PDF မ်ားက ဟံသာဝတီ႐ြာသို႔ ဝင္ေရာက္သည့္ ကုန္စည္လမ္းေၾကာင္းမ်ားကို ျဖတ္ေတာက္ပိတ္ဆို႔ခဲ့သျဖင့္ ဆား ႏွင့္ စက္သုံးဆီမ်ားလည္း ယေန႔အထိ ျပတ္လပ္ေနေၾကာင္း သိရသည္။
“ႏွစ္ေပါက္ေနၿပီ။ တစ္ခါတစ္ခါ ရဟတ္ယာဥ္နဲ႔ပို႔ရတယ္။ အသားေတြ၊ ငါးေတြကေမြးလို႔ရေပ မယ့္ ဆားကေတာ့ တစ္ပိႆာကို (၁)သိန္းေက်ာ္ တယ္။ ဒီေန႔အထိပဲ။ ေဘးပတ္လည္မွာလည္း PDF ေတြႀကီးစိုးတဲ့ေနရာေတြပဲ။ ေဒသခံေတြကလည္း အဲဒီမွာပဲ။ စက္သုံးဆီကလည္း မရွိတာ။ ရွားတယ္။ ဆားဆိုရင္လည္း တစ္ပိႆာ(၁)သိန္းေက်ာ္ဆိုေတာ့ တစ္အိတ္ကို သိန္း(၁၀ဝ)ေက်ာ္ေပး ဝယ္ရတယ္” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
(၂၀၂၁)ခုႏွစ္ကစတင္ခဲ့သည့္ ႏိုင္ငံေရး ပဋိပကၡမ်ားေၾကာင့္ ျပည္သူ႔စစ္႐ြာအျဖစ္အမည္တပ္ ခံ ထားရေသာ အဆိုပါေက်း႐ြာကို ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္၊ ေအာက္တိုဘာ (၂၃)ရက္ကလည္း ကေလး ၿမိဳ႕နယ္ ပအဖ က ကုန္စည္လမ္းေၾကာင္းမ်ားမဝင္ရန္ ျဖတ္ေတာက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ဟံသာဝတီေက်း႐ြာတြင္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားျဖစ္သည့္ အခ်ိဳမႈန႔္ႏွင့္ ဟင္းခတ္အေမႊးအႀကိဳင္ကဲ့သို႔ စေသာ ပစၥည္းမ်ားသည္လည္း ျပတ္လပ္ေနရာ ေဒသခံမ်ားစြာ အခက္အခဲႏွင့္ရင္ဆိုင္ေနရေၾကာင္း သိရ သည္။
ယင္းေက်း႐ြာသည္ စစ္ကိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအစပ္ရွိ ေက်း႐ြာႀကီးတစ္႐ြာ ျဖစ္ၿပီး ဂန႔္ေဂါၿမိဳ႕ႏွင့္ မိုင္(၅၀)ခန႔္သာကြာေဝးၿပီး PDF မ်ားက ရည္႐ြယ္ခ်က္ရွိစြာ ဝန္းရံပိတ္ဆို႔ထားၿပီး မၾကာခဏ လာေရာက္တိုက္ခိုက္သည့္အတြက္လည္း တပ္မေတာ္ႏွင့္ PDF အဖြဲ႕တို႔ တိုက္ပြဲမ်ား မၾကာ ခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ကာလက ဂန႔္ေဂါၿမိဳ႕ နယ္တြင္းက ဂန႔္ေဂါ-ကေလးသြားကားလမ္းေပၚတြင္ ပင္ရွိသည့္ လူဦးေရ(၅၀ဝဝ)နီးပါး ေနထိုင္ေသာ ေျမာက္ခင္ရန္းေက်း႐ြာတြင္လည္း စက္သုံးဆီတစ္လီ တာလွ်င္ ေငြက်ပ္ (၁၂၀ဝဝဝ)အထိ စံခ်ိန္တင္ ေဈးျမင့္တက္ခဲ့ဖူးေၾကာင္း သိရသည္။
ယင္းေဒသတြင္ အထက္ပါကဲ့သို႔ ကုန္ေဈးႏႈန္းမ်ား စံခ်ိန္တင္ေဈးျမင့္တက္ေနရျခင္းသည္ ဂန႔္ေဂါ- ကေလးသြားကားလမ္းပိုင္းကို PDF အဖြဲ႕ တို႔ ထိန္းခ်ဳပ္ထားျခင္းေၾကာင့္ျဖစ္ၿပီး နယ္ေျမတည္ ၿငိမ္ေသာ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔ႏွင့္ ႏႈိင္းယွဥ္ပါက အဆေပါင္းမ်ားစြာ ကြာဟေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.