လာမည့်ပွင့်လင်းရာသီတွင် စက်သုံးဆီ တန်ချိန် (၈)သိန်းနီးပါး ကြိုလှောင်ထား

 162

Pearl(NP News)-စက်တင်ဘာ ၂၈
လာမည့်ပွင့်လင်းရာသီတွင် စက်သုံးဆီ တန်ချိန် (၈)သိန်းနီးပါး ကြိုလှောင်ထားကြောင်း မြန်မာနိုင်ငံ စက်သုံး ဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းထံ NP News မှ ဆက်သွယ် မေးမြန်းထားချက်များအရ သိရသည်။
မိုးတွင်း၌ စက်သုံးဆီသုံးစွဲမှု နည်းပါးသော်လည်း ပွင့်လင်းရာသီတွင် စက်သုံးဆီသုံးစွဲမှု များလာမည်ဖြစ်သည့် အတွက် သိုလှောင်ကန်များတွင် တန်ချိန် (၈)သိန်းနီးပါး အဆင်သင့်သိုလှောင်ထားကြောင်း သိရသည်။
“မကြာခင်မှာပဲ (၉)လပိုင်းကုန်ရင် ပွင့်လင်းရာသီရောက်ပြီပေါ့။ အဲဒီခါကျရင် စက်သုံးဆီ သုံးစွဲမှုကများလာမှာ။ အဲဒီအတွက်ကို စက်သုံးဆီက သိုလှောင်ကန်တွေထဲမှာတော့ အပြည့်နီးပါး အဆင်သင့်လုပ်ထားပါတယ် ဆီမပြတ် လပ်အောင်ဆိုပြီးတော့။ ပြည်သူလူထု စိုးရိမ်မှုမဖြစ်အောင်ပေါ့။ (၂)လစာလောက်အကြမ်းဖျင်းရှိနေတယ်လို့ပဲ ပြောလို့ ရမှာပေါ့နော်။ တန်ချိန် (၈)သိန်းနီးပါး ရှိတယ်။ (၆)သိန်းနဲ့ (၈) သိန်းကြားထဲမှာပေါ့နော်။ ဒီနှစ်တော့ စက် သုံးဆီပြတ် လပ်မှုမျိုးမဖြစ်နိုင်ဘူးလို့ ခန့်မှန်းထားတယ်။ ဗဟိုဘဏ်ကတော့ ကျွန်တော်တို့ စက်သုံးဆီ တင်သွင်းတာရဲ့ (၃၅)ရာခိုင် နှုန်း ဗဟိုဘဏ်ကနေ ရောင်းပေးတာပေါ့လေ။ အကြမ်းဖျင်းပြောရရင်။ ကျန်တာကတော့ Export ရတဲ့လူတွေက ရတဲ့ ပိုက်ဆံနဲ့ ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့ သွင်းကြတာပဲ” ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်း၏ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ဗဟိုဘဏ်အနေဖြင့်လည်း စက်သုံးဆီ လုပ်ငန်းရှင်များအတွက် ဒေါ်လာထုတ်ရောင်းပေးမှု များရှိပြီး စက်သုံးဆီ တင်သွင်းမှု၏ (၃၅)ရာခိုင်နှုန်းကို ရောင်းချပေးကြောင်း သိရသည်။
ထို့ကြောင့် လာမည့်ပွင့်လင်းရာသီတွင် ယခင်နှစ်ကဲ့သို့ စက်သုံးဆီမလုံလောက်မှုဖြစ်ပေါ်နိုင် မည်မဟုတ် ကြောင်းနှင့် ယခင်နှစ်ကဲ့သို့ တရားမဝင် ရောင်းချမှုများကြောင့် စက်သုံးဆီ မလုံလောက်မှုများ မဖြစ်ပေါ်စေရန် စိစစ် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
“ကျွန်‌တော်တို့အရင်နှစ်တွေ စက်သုံးဆီမလုံလောက်ဘူးဖြစ်တယ်ဆိုတာ နိုင်ငံတော်ကတော့ ငွေကြေးချွေတာ ပြီးတော့ သုံးရတာပေါ့နော်။ ကိုယ့်ရဲ့ ဝင်‌ငွေထွက်ငွေနဲ့ ချွေတာသုံးရတဲ့အခါကျတော့ စက်သုံးဆီအများကြီးတော့ သွင်း မပေးနိုင်ဘူး။ သို့သော်လည်းပဲ စက်သုံးဆီကို လိုသလောက်တော့ ပေးသွင်းပါတယ်။ ကြိုက်သလောက်သွင်းဆိုတာနဲ့ လိုသလောက်သွင်းတာနဲ့ နည်းနည်းလေးကွာပါတယ်။ လိုသလောက်သွင်းဆိုတာ တစ်လကို တန်ချိန် (၃)သိန်းဆို (၃)သိန်း ၊ (၄)သိန်းဆို (၄)သိန်းပေါ့။ အဲဒါ ကို တွက်ချက်ပြီးတော့ပေးသွင်းပါတယ်။ ဒါပေမဲ့ ဒီဘက်မှာကျတော့ တချို့တွေ ကျတော့ လောဘ သမားတွေ ရှိတာပေါ့။ သူတို့တွေက ဆီတွေကို ပြည်သူတွေလက်ထဲကို တိုက်ရိုက်မရောင်းဘဲနဲ့ တရား မဝင်ရောင်းတာတွေ ဘာတွေနဲ့ဆိုတော့ ကုန်စည် စီးဆင်းမှုက မချောမွေ့ဘူးဖြစ်တာပေါ့။ အဲဒီလို တရားမဝင်ရောင်း တာတွေ ရှိတာပေါ့လေ။ ဒါကြောင့်မို့ လိုသလောက် ပြည်သူတွေ မရဘူးဆိုပြီး ပြည်သူလူထုကြားဖြစ်ခဲ့တာပေါ့လေ။ ဒီနှစ်တော့ အဲဒီလိုမဖြစ်အောင် ကျွန်‌တော်တို့ စိစစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
လာမည့္ပြင့္လင္းရာသီတြင္ စက္သုံးဆီ တန္ခ်ိန္ (၈)သိန္းနီးပါး ႀကိဳေလွာင္ထား
Pearl(NP News)-စက္တင္ဘာ ၂၈
လာမည့္ပြင့္လင္းရာသီတြင္ စက္သုံးဆီ တန္ခ်ိန္ (၈)သိန္းနီးပါး ႀကိဳေလွာင္ထားေၾကာင္း ျမန္မာႏိုင္ငံ စက္သုံး ဆီတင္သြင္းေရာင္းခ် ျဖန႔္ျဖဴးေရး အသင္းထံ NP News မွ ဆက္သြယ္ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
မိုးတြင္း၌ စက္သုံးဆီသုံးစြဲမႈ နည္းပါးေသာ္လည္း ပြင့္လင္းရာသီတြင္ စက္သုံးဆီသုံးစြဲမႈ မ်ားလာမည္ျဖစ္သည့္ အတြက္ သိုေလွာင္ကန္မ်ားတြင္ တန္ခ်ိန္ (၈)သိန္းနီးပါး အဆင္သင့္သိုေလွာင္ထားေၾကာင္း သိရသည္။
“မၾကာခင္မွာပဲ (၉)လပိုင္းကုန္ရင္ ပြင့္လင္းရာသီေရာက္ၿပီေပါ့။ အဲဒီခါက်ရင္ စက္သုံးဆီ သုံးစြဲမႈကမ်ားလာမွာ။ အဲဒီအတြက္ကို စက္သုံးဆီက သိုေလွာင္ကန္ေတြထဲမွာေတာ့ အျပည့္နီးပါး အဆင္သင့္လုပ္ထားပါတယ္ ဆီမျပတ္ လပ္ေအာင္ဆိုၿပီးေတာ့။ ျပည္သူလူထု စိုးရိမ္မႈမျဖစ္ေအာင္ေပါ့။ (၂)လစာေလာက္အၾကမ္းဖ်င္းရွိေနတယ္လို႔ပဲ ေျပာလို႔ ရမွာေပါ့ေနာ္။ တန္ခ်ိန္ (၈)သိန္းနီးပါး ရွိတယ္။ (၆)သိန္းနဲ႔ (၈) သိန္းၾကားထဲမွာေပါ့ေနာ္။ ဒီႏွစ္ေတာ့ စက္ သုံးဆီျပတ္ လပ္မႈမ်ိဳးမျဖစ္ႏိုင္ဘူးလို႔ ခန႔္မွန္းထားတယ္။ ဗဟိုဘဏ္ကေတာ့ ကြၽန္ေတာ္တို႔ စက္သုံးဆီ တင္သြင္းတာရဲ႕ (၃၅)ရာခိုင္ ႏႈန္း ဗဟိုဘဏ္ကေန ေရာင္းေပးတာေပါ့ေလ။ အၾကမ္းဖ်င္းေျပာရရင္။ က်န္တာကေတာ့ Export ရတဲ့လူေတြက ရတဲ့ ပိုက္ဆံနဲ႔ ျပန္ၿပီးေတာ့ ညႇိႏႈိင္းၿပီးေတာ့ သြင္းၾကတာပဲ” ဟု ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ် ျဖန႔္ျဖဴးေရး အသင္း၏ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ဗဟိုဘဏ္အေနျဖင့္လည္း စက္သုံးဆီ လုပ္ငန္းရွင္မ်ားအတြက္ ေဒၚလာထုတ္ေရာင္းေပးမႈ မ်ားရွိၿပီး စက္သုံးဆီ တင္သြင္းမႈ၏ (၃၅)ရာခိုင္ႏႈန္းကို ေရာင္းခ်ေပးေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လာမည့္ပြင့္လင္းရာသီတြင္ ယခင္ႏွစ္ကဲ့သို႔ စက္သုံးဆီမလုံေလာက္မႈျဖစ္ေပၚႏိုင္ မည္မဟုတ္ ေၾကာင္းႏွင့္ ယခင္ႏွစ္ကဲ့သို႔ တရားမဝင္ ေရာင္းခ်မႈမ်ားေၾကာင့္ စက္သုံးဆီ မလုံေလာက္မႈမ်ား မျဖစ္ေပၚေစရန္ စိစစ္ ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
“ကြၽန္‌ေတာ္တို႔အရင္ႏွစ္ေတြ စက္သုံးဆီမလုံေလာက္ဘူးျဖစ္တယ္ဆိုတာ ႏိုင္ငံေတာ္ကေတာ့ ေငြေၾကးေခြၽတာ ၿပီးေတာ့ သုံးရတာေပါ့ေနာ္။ ကိုယ့္ရဲ႕ ဝင္‌ေငြထြက္ေငြနဲ႔ ေခြၽတာသုံးရတဲ့အခါက်ေတာ့ စက္သုံးဆီအမ်ားႀကီးေတာ့ သြင္း မေပးႏိုင္ဘူး။ သို႔ေသာ္လည္းပဲ စက္သုံးဆီကို လိုသေလာက္ေတာ့ ေပးသြင္းပါတယ္။ ႀကိဳက္သေလာက္သြင္းဆိုတာနဲ႔ လိုသေလာက္သြင္းတာနဲ႔ နည္းနည္းေလးကြာပါတယ္။ လိုသေလာက္သြင္းဆိုတာ တစ္လကို တန္ခ်ိန္ (၃)သိန္းဆို (၃)သိန္း ၊ (၄)သိန္းဆို (၄)သိန္းေပါ့။ အဲဒါ ကို တြက္ခ်က္ၿပီးေတာ့ေပးသြင္းပါတယ္။ ဒါေပမဲ့ ဒီဘက္မွာက်ေတာ့ တခ်ိဳ႕ေတြ က်ေတာ့ ေလာဘ သမားေတြ ရွိတာေပါ့။ သူတို႔ေတြက ဆီေတြကို ျပည္သူေတြလက္ထဲကို တိုက္႐ိုက္မေရာင္းဘဲနဲ႔ တရား မဝင္ေရာင္းတာေတြ ဘာေတြနဲ႔ဆိုေတာ့ ကုန္စည္ စီးဆင္းမႈက မေခ်ာေမြ႕ဘူးျဖစ္တာေပါ့။ အဲဒီလို တရားမဝင္ေရာင္း တာေတြ ရွိတာေပါ့ေလ။ ဒါေၾကာင့္မို႔ လိုသေလာက္ ျပည္သူေတြ မရဘူးဆိုၿပီး ျပည္သူလူထုၾကားျဖစ္ခဲ့တာေပါ့ေလ။ ဒီႏွစ္ေတာ့ အဲဒီလိုမျဖစ္ေအာင္ ကြၽန္‌ေတာ္တို႔ စိစစ္ေနပါတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.