စင်ကာပူမှာ ထုပ်ပိုးမှု စွန့်ပစ်ပစ္စည်းများ လျှော့ချဖို့ e-commerce လုပ်ငန်းတွေအတွက် လမ်းညွှန်ချက်အသစ် ထွက်ရှိ

 312

ရောင်နီ(NP News) - မတ် ၅

စင်ကာပူမှာ e-commerce လုပ်ငန်းတွေရဲ့ထုပ်ပိုးမှု စွန့်ပစ်ပစ္စည်းတွေ လျှော့ချရာမှာ ကူညီဖို့အတွက် ထုတ်ပိုးမှု ပလတ်စတစ် လျှော့ချရေး သီးခြားနည်းလမ်း ခုနစ်ခု အပါအဝင် လမ်းညွှန်ချက်အသစ်တစ်ခုကို မတ်လ ၄ ရက်က စတင်မိတ်ဆက်ခဲ့ပါတယ်။

အဲဒီလမ်းညွှန်ချက်တွေကို e-commerce ထုပ်ပိုးစွန့်ပစ်ပစ္စည်းတွေကို ကြည့်ရှုစစ်ဆေးနေတဲ့ National Environment Agency (NEA) ရဲ့ ပံ့ပိုးကူညီမှုနဲ့ Singapore Manufacturing Federation (SMF) Singapore Post တို့မှ ပူးပေါင်းဦးဆောင်တဲ့ မဟာမိတ်အဖွဲ့၊
Alliance for Action မှ ချမှတ်ခဲ့ခြင်းဖြစ်ပြီး လမ်းညွှန်ချက်ကို လိုက်နာရမယ့် သူတွေကတော့ e-commerce စျေးကွက်များ၊ လက်လီရောင်းချသူ ထုပ်ပိုးထုတ်လုပ်သူများအပြင် စက်မှုလုပ်ငန်းကျွမ်းကျင်သူများအားလုံးပါရှိမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ကိန်းဂဏာန်းတွေအရ စင်ကာပူမှာ တစ်ရက်ကို ပါဆယ်ထုပ် ၁၈၆,၀၀၀ ခန့် ပို့ဆောင်ရပြီး တန်ချိန် ၁၅,၉၀၀ အထိ ထုပ်ပိုးအမှိုက်ရှိခဲ့ကာ အကြမ်းဖျင်းအားဖြင့် နှစ်ထပ်ဘတ်စ်ကား အစီး ၁၂၀၀ ရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။

လမ်းညွှန်ချက်တွေဟာ လက်တွေ့ကျတဲ့ "3R" ဖြေရှင်းနည်းဖြစ်တဲ့ အသုံးပြုမှု လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ဆန်းသစ်အသုံးပြုခြင်းနဲ့ လည်း အံဝင်ခွင်ကျဖြစ်တယ်လို့ အဖွဲ့က ဆိုပါတယ်။ ဥပမာ - အလှအပနဲ့ ကျန်းမာရေး လက်လီရောင်းချသူ Watsons Singapore အနေနဲ့ bubble wrap အသုံးပြုမှု လျှော့ချပြီး ဖျက်စီးထားတဲ့ ကတ်ထူပြားတွေကို အဖြည့်ပစ္စည်းအဖြစ် ပြန်လည် အသုံးပြုမယ်ဆိုရင် အမှိုက်လျှော့ချရာမှာလည်း အထောက်အကူဖြစ်ပြီး ကုန်ကျစရိတ် ၅ မှ ၁၀ ရာခိုင်နှုန်းအထိ သက်သာစေသွားမယ်လို့ ဆိုပါတယ်။

zawgyi version
စင္ကာပူမွာ ထုပ္ပိုးမႈ စြန႔္ပစ္ပစၥည္းမ်ား ေလွ်ာ့ခ်ဖို႔ e-commerce လုပ္ငန္းေတြအတြက္ လမ္းၫႊန္ခ်က္အသစ္ ထြက္ရွိ
ေရာင္နီ(NP News) - မတ္ ၅

စင္ကာပူမွာ e-commerce လုပ္ငန္းေတြရဲ႕ထုပ္ပိုးမႈ စြန႔္ပစ္ပစၥည္းေတြ ေလွ်ာ့ခ်ရာမွာ ကူညီဖို႔အတြက္ ထုတ္ပိုးမႈ ပလတ္စတစ္ ေလွ်ာ့ခ်ေရး သီးျခားနည္းလမ္း ခုနစ္ခု အပါအဝင္ လမ္းၫႊန္ခ်က္အသစ္တစ္ခုကို မတ္လ ၄ ရက္က စတင္မိတ္ဆက္ခဲ့ပါတယ္။

အဲဒီလမ္းၫႊန္ခ်က္ေတြကို e-commerce ထုပ္ပိုးစြန႔္ပစ္ပစၥည္းေတြကို ၾကည့္ရႈစစ္ေဆးေနတဲ့ National Environment Agency (NEA) ရဲ႕ ပံ့ပိုးကူညီမႈနဲ႔ Singapore Manufacturing Federation (SMF) Singapore Post တို႔မွ ပူးေပါင္းဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕၊
Alliance for Action မွ ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး လမ္းၫႊန္ခ်က္ကို လိုက္နာရမယ့္ သူေတြကေတာ့ e-commerce ေစ်းကြက္မ်ား၊ လက္လီေရာင္းခ်သူ ထုပ္ပိုးထုတ္လုပ္သူမ်ားအျပင္ စက္မႈလုပ္ငန္းကြၽမ္းက်င္သူမ်ားအားလုံးပါရွိမွာ ျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္ ကိန္းဂဏာန္းေတြအရ စင္ကာပူမွာ တစ္ရက္ကို ပါဆယ္ထုပ္ ၁၈၆,၀၀၀ ခန႔္ ပို႔ေဆာင္ရၿပီး တန္ခ်ိန္ ၁၅,၉၀၀ အထိ ထုပ္ပိုးအမႈိက္ရွိခဲ့ကာ အၾကမ္းဖ်င္းအားျဖင့္ ႏွစ္ထပ္ဘတ္စ္ကား အစီး ၁၂၀၀ ရဲ႕ အေလးခ်ိန္နဲ႔ ညီမွ်ပါတယ္။

လမ္းၫႊန္ခ်က္ေတြဟာ လက္ေတြ႕က်တဲ့ "3R" ေျဖရွင္းနည္းျဖစ္တဲ့ အသုံးျပဳမႈ ေလွ်ာ့ခ်ျခင္း၊ ျပန္လည္အသုံးျပဳျခင္း၊ ျပန္လည္ဆန္းသစ္အသုံးျပဳျခင္းနဲ႔ လည္း အံဝင္ခြင္က်ျဖစ္တယ္လို႔ အဖြဲ႕က ဆိုပါတယ္။ ဥပမာ - အလွအပနဲ႔ က်န္းမာေရး လက္လီေရာင္းခ်သူ Watsons Singapore အေနနဲ႔ bubble wrap အသုံးျပဳမႈ ေလွ်ာ့ခ်ၿပီး ဖ်က္စီးထားတဲ့ ကတ္ထူျပားေတြကို အျဖည့္ပစၥည္းအျဖစ္ ျပန္လည္ အသုံးျပဳမယ္ဆိုရင္ အမႈိက္ေလွ်ာ့ခ်ရာမွာလည္း အေထာက္အကူျဖစ္ၿပီး ကုန္က်စရိတ္ ၅ မွ ၁၀ ရာခိုင္ႏႈန္းအထိ သက္သာေစသြားမယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.