ကွတ်ခိုင်မြို့က ရွှေလုပ်ကွက်တစ်ခုတွင် KIA နှင့် MNDAA တို့ ပစ်ခတ်မှုဖြစ်ရာ KIA(၂)ဦး အပါအဝင် (၅)ဦး သေဆုံး

 1071

သန့်ဇင် (NP News) - မတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရွှေလုပ်ကွက်တစ်ခုတွင် KIA နှင့် MNDAA တို့ ပစ်ခတ်မှုဖြစ် ကာ KIAအဖွဲ့ဝင် (၂)ဦး အပါအဝင် (၅)သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၅ ရက်)၊ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်ခန့်က ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စု၊ ပြိန်းခမ်းကျေးရွာအနီးရှိ ရွှေလုပ်ကွက်တွင် ဖြစ်ပွးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရွှေလုပ်ကွက်တွင် ရွှေတူးဖော်နေသော တရုတ်လူမျိုးများအား KIAက ဆက်မတူးဖော်ရန်သွားပြောစဉ် စကားနားမထောင်ရာမှ အချင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် MNDAA လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ(၃)ဦး နှင့် KIA အဖွဲ့ဝင်(၂)ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် KIA အဖွဲ့ဝင်တစ်ဦး နှင့် ဒေသခံပြည်သူ(၆)ဦးသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်ဒေသသည် KIA လက်နက်ကိုင်အဖွဲ့ နှင့် MNDAA လက်နက်ကိုင်အဖွဲ့တို့အကြား မကြာခဏ နယ်မြေ အငြင်းပွားမှုဖြစ်ပွားရာဒေသဖြစ်ပြီး ယခုအခါနှစ်ဖက်ပစ်ခတ်မှုဖြစ်သည်အထိ တင်းမာလာခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
ကြတ္ခိုင္ၿမိဳ႕က ေ႐ႊလုပ္ကြက္တစ္ခုတြင္ KIA ႏွင့္ MNDAA တို႔ ပစ္ခတ္မႈျဖစ္ရာ KIA(၂)ဦး အပါအဝင္ (၅)ဦး ေသဆုံး
သန႔္ဇင္ (NP News) - မတ္ ၅

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ ေ႐ႊလုပ္ကြက္တစ္ခုတြင္ KIA ႏွင့္ MNDAA တို႔ ပစ္ခတ္မႈျဖစ္ ကာ KIAအဖြဲ႕ဝင္ (၂)ဦး အပါအဝင္ (၅)ေသဆုံးခဲ့ေၾကာင္း ေဒသတြင္းသတင္းမီဒီယာမ်ား၏ ေရးသားေဖာ္ျပခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၅ ရက္)၊ မြန္းတည့္ ၁၂ နာရီဝန္းက်င္အခ်ိန္ခန႔္က ကြတ္ခိုင္ၿမိဳ႕နယ္၊ မုံးစီးေက်း႐ြာအုပ္စု၊ ၿပိန္းခမ္းေက်း႐ြာအနီးရွိ ေ႐ႊလုပ္ကြက္တြင္ ျဖစ္ပြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေ႐ႊလုပ္ကြက္တြင္ ေ႐ႊတူးေဖာ္ေနေသာ တ႐ုတ္လူမ်ိဳးမ်ားအား KIAက ဆက္မတူးေဖာ္ရန္သြားေျပာစဥ္ စကားနားမေထာင္ရာမွ အခ်င္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ MNDAA လက္နက္ကိုင္အဖြဲ႕က ေသနတ္ျဖင့္လာေရာက္ပစ္ခတ္ခဲ့ရာ ေဒသခံျပည္သူ(၃)ဦး ႏွင့္ KIA အဖြဲ႕ဝင္(၂)ဦး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ KIA အဖြဲ႕ဝင္တစ္ဦး ႏွင့္ ေဒသခံျပည္သူ(၆)ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
ကြတ္ခိုင္ေဒသသည္ KIA လက္နက္ကိုင္အဖြဲ႕ ႏွင့္ MNDAA လက္နက္ကိုင္အဖြဲ႕တို႔အၾကား မၾကာခဏ နယ္ေျမ အျငင္းပြားမႈျဖစ္ပြားရာေဒသျဖစ္ၿပီး ယခုအခါႏွစ္ဖက္ပစ္ခတ္မႈျဖစ္သည္အထိ တင္းမာလာခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.