ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

611
သန့်ဇင် (NP News) - မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ငှက်ပျောသီးများဖြင့် ဖုံးအုပ် သယ်ဆောင်လာသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကနဦး သိရသည်။
အဆိုပါ လက်နက်ခဲယမ်းများကို ယနေ့(မတ်လ ၅ ရက်)၊ မွန်းလွဲပိုင်းက မိတ္ထီလာမြို့နယ်၊ မိုင်တိုင်အမှတ်( ၂၈၂)တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်တိုင်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ရာ Light truck ကားတစ်စီးပေါ် တွင် ငှက်ပျောသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ငွက္ေပ်ာသီးမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာေသာ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ
သန႔္ဇင္ (NP News) - မတ္ ၅
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ငွက္ေပ်ာသီးမ်ားျဖင့္ ဖုံးအုပ္ သယ္ေဆာင္လာေသာ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ ကနဦး သိရသည္။
အဆိုပါ လက္နက္ခဲယမ္းမ်ားကို ယေန႔(မတ္လ ၅ ရက္)၊ မြန္းလြဲပိုင္းက မိတၳီလာၿမိဳ႕နယ္၊ မိုင္တိုင္အမွတ္( ၂၈၂)တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ မိုင္တိုင္တြင္ သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက တားဆီးစစ္ေဆးခဲ့ရာ Light truck ကားတစ္စီးေပၚ တြင္ ငွက္ေပ်ာသီးမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ လက္နက္ခဲယမ္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္ေနဆဲျဖစ္ၿပီး က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။