သောင်းကျန်းသူများ ဖျက်ဆီးထားသော မဟာဓာတ်အားလိုင်းများကို ပြုပြင်‌နေပြီး ကောင်းမွန်ပါက ဓာတ်အားတိုး၍ ထုတ်လုပ်ပေးမည်

 424

Pearl (NP News) - မတ် ၆

သောင်းကျန်းသူများ ဖျက်ဆီးထားသော မဟာဓာတ်အားလိုင်းများကို ပြုပြင်‌ဆောင်ရွက်နေပြီး ကောင်းမွန်ပါက ဓာတ်အားတိုး၍ ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထပ်မြင့်အဆောက်အဦများ များပြားသည့် ဧရိယာများဖြစ်သော အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်အုပ်စုတို့အား ရေတင်ခြင်းကိစ္စဆောင်ရွက်နိုင်ရန် နှင့် နေထိုင်မှုအဆင်ပြေနိုင်ရန်အတွက် ရရှိသမျှ ဓာတ်အားပေါ် အခြေခံ၍ (A, B) ၂ အုပ်စုခွဲ၍ (၄)နာရီစီ အလှည့်ကျ ဓာတ်အား ဖြန့်ဖြူးပေးထားကြောင်း သိရသည်။

ကျန်ခရိုင် (၂)ခု ဖြစ်သည့် တောင်ပိုင်း နှင့် မြောက်ပိုင်းခရိုင်တို့အား (၄)နာရီပေး (၈)နာရီ ဓာတ်အားပိတ်စနစ်ဖြင့် ဓာတ်အားပေးထားကြောင်း သိရသည်။

၎င်းဧရိယာများသည် ဓာတ်အားပေး ဧရိယာကျယ်ဝန်းခြင်း၊ ဓာတ်အားပေးနည်းပညာအရ ဓာတ်အားလိုင်း ဝေးလံရှည်လျားခြင်း၊ ဓာတ်အားစနစ်အခြေအနေ တစ်ခါတစ်ရံ လျော့ပါးခြင်းဖြစ်လာသည့်အခါ Frequency Load Shed လုပ်ရသည့်အခြေအနေများကြောင့် (၄)နာရီပေး (၈)နာရီ ဓာတ်အားပိတ်စနစ်ဖြင့် ဓာတ်အားစနစ် တည်ငြိမ်ရေးအတွက် ဓာတ်အားပေးခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှု ရှိခြင်း၊ ရာသီဥတုကြောင့် ဓာတ်အား ပိုမိုရရှိပါက ၎င်း ဧရိယာများကို ညပိုင်း တွင် ဓာတ်အား အပိုထပ်ဆောင်းပေးကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများအား အဆင့်မြှင့်တင်လဲလှယ်ခြင်း နှင့် လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံများအား တိုးချဲ့တည်ဆောက်ခြင်းများကိုလည်း နှစ်စဉ်ဘဏ္ဍာငွေလျာထား၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် သောင်းကျန်းသူများမှ ဖျက်ဆီးထားသော မဟာဓာတ်အားလိုင်းများအား ကြိုးစားပြုပြင်‌ဆောင်ရွက်လျက်ရှိပြီးယင်းဓာတ်အားလိုင်းများ ကောင်းမွန်ပါက ဓာတ်အားထုတ်လုပ်ရေးစက်များ တွင် ဆည်ရေအပြည့်အလျှံ သိုလှောင်ထားပြီးဖြစ်ပါသဖြင့် ဓာတ်အားတိုး ထုတ်လုပ်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ အခြားသော အရင်းအမြစ်များမှလည်း ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ ပြီး ဓာတ်အားပိုမိုထုတ်လုပ်ရရှိနိုင်သည်နှင့်အမျှ ဓာတ်အားဖြန့်ဖြူးပေးမှုများအား ယခုထက်ပိုမို၍ အညီအမျှ ဓာတ်အား ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ဆိုသည်။

Zawgyi Version:
ေသာင္းက်န္းသူမ်ား ဖ်က္ဆီးထားေသာ မဟာဓာတ္အားလိုင္းမ်ားကို ျပဳျပင္‌ေနၿပီး ေကာင္းမြန္ပါက ဓာတ္အားတိုး ၍ ထုတ္လုပ္ေပးမည္
Pearl (NP News) - မတ္ ၆

ေသာင္းက်န္းသူမ်ား ဖ်က္ဆီးထားေသာ မဟာဓာတ္အားလိုင္းမ်ားကို ျပဳျပင္‌ေဆာင္႐ြက္ေနၿပီး ေကာင္းမြန္ပါက ဓာတ္အားတိုး၍ ထုတ္လုပ္ေပးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
လွ်ပ္စစ္ဝန္ႀကီးဌာနအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ အထပ္ျမင့္အေဆာက္အဦမ်ား မ်ားျပားသည့္ ဧရိယာမ်ားျဖစ္ေသာ အေရွ႕ပိုင္းခ႐ိုင္ႏွင့္ အေနာက္ပိုင္းခ႐ိုင္အုပ္စုတို႔အား ေရတင္ျခင္းကိစၥေဆာင္႐ြက္ႏိုင္ရန္ ႏွင့္ ေနထိုင္မႈအဆင္ေျပႏိုင္ရန္အတြက္ ရရွိသမွ် ဓာတ္အားေပၚ အေျခခံ၍ (A, B) ၂ အုပ္စုခြဲ၍ (၄)နာရီစီ အလွည့္က် ဓာတ္အား ျဖန႔္ျဖဴးေပးထားေၾကာင္း သိရသည္။

က်န္ခ႐ိုင္ (၂)ခု ျဖစ္သည့္ ေတာင္ပိုင္း ႏွင့္ ေျမာက္ပိုင္းခ႐ိုင္တို႔အား (၄)နာရီေပး (၈)နာရီ ဓာတ္အားပိတ္စနစ္ျဖင့္ ဓာတ္အားေပးထားေၾကာင္း သိရသည္။

၎ဧရိယာမ်ားသည္ ဓာတ္အားေပး ဧရိယာက်ယ္ဝန္းျခင္း၊ ဓာတ္အားေပးနည္းပညာအရ ဓာတ္အားလိုင္း ေဝးလံရွည္လ်ားျခင္း၊ ဓာတ္အားစနစ္အေျခအေန တစ္ခါတစ္ရံ ေလ်ာ့ပါးျခင္းျဖစ္လာသည့္အခါ Frequency Load Shed လုပ္ရသည့္အေျခအေနမ်ားေၾကာင့္ (၄)နာရီေပး (၈)နာရီ ဓာတ္အားပိတ္စနစ္ျဖင့္ ဓာတ္အားစနစ္ တည္ၿငိမ္ေရးအတြက္ ဓာတ္အားေပးျခင္းျဖစ္ေၾကာင္း သိရသည္။
ဓာတ္အားစနစ္အတြင္း တည္ၿငိမ္မႈ ရွိျခင္း၊ ရာသီဥတုေၾကာင့္ ဓာတ္အား ပိုမိုရရွိပါက ၎ ဧရိယာမ်ားကို ညပိုင္း တြင္ ဓာတ္အား အပိုထပ္ေဆာင္းေပးေၾကာင္းလည္း သိရသည္။
ယင္းကဲ့သို႔ နည္းပညာပိုင္းဆိုင္ရာ လိုအပ္ခ်က္မ်ား ေျဖရွင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ထရန္စေဖာ္မာမ်ား တိုးခ်ဲ႕တပ္ဆင္ျခင္း၊ ဓာတ္အားလိုင္းႀကိဳးမ်ားအား အဆင့္ျမႇင့္တင္လဲလွယ္ျခင္း ႏွင့္ လွ်ပ္စစ္ပိုင္းဆိုင္ရာ အေျခခံ အေဆာက္အအုံမ်ားအား တိုးခ်ဲ႕တည္ေဆာက္ျခင္းမ်ားကိုလည္း ႏွစ္စဥ္ဘ႑ာေငြလ်ာထား၍ ေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ လွ်ပ္စစ္ဝန္ႀကီးဌာနအေနျဖင့္ ေသာင္းက်န္းသူမ်ားမွ ဖ်က္ဆီးထားေသာ မဟာဓာတ္အားလိုင္းမ်ားအား ႀကိဳးစားျပဳျပင္‌ေဆာင္႐ြက္လ်က္ရွိၿပီးယင္းဓာတ္အားလိုင္းမ်ား ေကာင္းမြန္ပါက ဓာတ္အားထုတ္လုပ္ေရးစက္မ်ား တြင္ ဆည္ေရအျပည့္အလွ်ံ သိုေလွာင္ထားၿပီးျဖစ္ပါသျဖင့္ ဓာတ္အားတိုး ထုတ္လုပ္ေပးသြားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ အျခားေသာ အရင္းအျမစ္မ်ားမွလည္း ဓာတ္အားထုတ္လုပ္ေပးႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္လ်က္ရွိ ၿပီး ဓာတ္အားပိုမိုထုတ္လုပ္ရရွိႏိုင္သည္ႏွင့္အမွ် ဓာတ္အားျဖန႔္ျဖဴးေပးမႈမ်ားအား ယခုထက္ပိုမို၍ အညီအမွ် ဓာတ္အား ျဖန႔္ျဖဴးေပးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာနက ဆိုသည္။

Related news

© 2021. All rights reserved.