နယ်စပ်ဒေသများ၌ အွန်လိုင်းလိမ်လည်မှု နှင့် ဒုစရိုက်မှုလုပ်ငန်းများလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၄၅၆)ဦးကို ပြည်နှင်လွှဲပြောင်း

576

ချယ်ရီ (NP News) - မတ် ၆
မြန်မာနိုင်ငံရှိ ကရင်ပြည်နယ် အပါအဝင် နယ်စပ်ဒေသများ၌ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများ လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၄၅၆) ဦးကို ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသော ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိရာ ယမန်နေ့(မတ်လ ၅ ရက်) က တရုတ်နိုင်ငံသား ၄၅၆ ဦးကို မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၎င်းတို့ အပါအဝင် ပြည်ပနိုင်ငံသား အများစုသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင် ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခံခဲ့ကြရသူများဖြစ်ကြပြီး ၎င်းတို့၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသ များမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများ နှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် ပြည်ပ နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Zawgyi Version:
နယ္စပ္ေဒသမ်ား၌ အြန္လိုင္းလိမ္လည္မႈ ႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားလုပ္ကိုင္သူ တ႐ုတ္ႏိုင္ငံသား(၄၅၆)ဦးကို ျပည္ႏွင္လႊဲေျပာင္း
ခ်ယ္ရီ (NP News) - မတ္ ၆
ျမန္မာႏိုင္ငံရွိ ကရင္ျပည္နယ္ အပါအဝင္ နယ္စပ္ေဒသမ်ား၌ အြန္လိုင္းလိမ္လည္မႈႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ား လုပ္ကိုင္သူ တ႐ုတ္ႏိုင္ငံသား (၄၅၆) ဦးကို ျပည္ႏွင္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အြန္လိုင္းလိမ္လည္မႈႏွင့္ ဒုစ႐ိုက္မႈလုပ္ငန္းမ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ား အပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ ျပတ္ျပတ္သားသား စုံစမ္းေဖာ္ထုတ္ တိုက္ဖ်က္လ်က္ရွိၿပီး အဆိုပါ လုပ္ငန္းမ်ားတြင္ ဆက္စပ္ပါဝင္ခဲ့ၾကေသာ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ စနစ္တက် လႊဲေျပာင္းေပးလ်က္ရွိရာ ယမန္ေန႔(မတ္လ ၅ ရက္) က တ႐ုတ္ႏိုင္ငံသား ၄၅၆ ဦးကို ျမန္မာ-ထိုင္း အမွတ္(၂) ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက် ျပည္ႏွင္ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
၎တို႔ အပါအဝင္ ျပည္ပႏိုင္ငံသား အမ်ားစုသည္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္ၿပီး ကရင္ ျပည္နယ္၊ ျမဝတီၿမိဳ႕၊ ေ႐ႊကုကၠိဳလ္၊ မယ္ေထာ္သေလး ႏွင့္ KK Park နယ္ေျမမ်ားတြင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ ဒုစ႐ိုက္မႈမ်ားတြင္ ပါဝင္လုပ္ေဆာင္ရန္ စည္း႐ုံးေစခိုင္းခံခဲ့ၾကရသူမ်ားျဖစ္ၾကၿပီး ၎တို႔၏ ဖြင့္ဟဝန္ခံခ်က္မ်ားအရ အမ်ားစုသည္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္းၿပီး နယ္စပ္ေဒသ မ်ားမွ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ား ႏွင့္ ေနာက္ကြယ္မွႀကိဳးကိုင္ေသာ ျပည္ပႏိုင္ငံသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ ျပင္းျပင္းထန္ထန္အေရးယူႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနၾကေသာ ႏိုင္ငံျခားသားမ်ားႏွင့္ လူကုန္ကူးခံရသည့္ ျပည္ပ ႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံး ျပည္ႏွင္လႊဲေျပာင္းေပးႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။