မြင်အောင်ကြည့် ၊ သိအောင်ဆင်ခြင်၊ နိုင်ငံရေး ရေလိုက်မလွဲစေချင် (၁)

628

စစ်မုန်း (NP News) - မတ် ၇
မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ (၁၉၄၈) ခုနှစ်ကဖြစ်ပြီး (၂၀၂၅)ခုနှစ်တွင် (၇၇) နှစ်ပြည့် မြောက်ခဲ့ပြီးဖြစ်သည်။ ထို(၇၇)နှစ်တာကာလအတွင်း မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံရေးအရွှေ့အပြောင်း များစွာဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို လွယ်လွယ်နှင့်ရယူခဲ့ရခြင်းကား မဟုတ်ပေ။ ပြည်သူ များ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးပြီးမှရယူခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲကာလတွင် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အလျှိုအလျှို ပေါ် ပေါက်ခဲ့သည်။ ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှု များမှသည် မိမိအာဏာရရှိရေး၊ မိမိ ပါတီဩဇာအာဏာရ ရှိရေးကို ဦးတည်ဆောင်ရွက်ခဲ့ကြသည်။ ပကတိအမြင်ဖြင့် ရှုမြင်သုံးသပ်ခြင်းမပြုနိုင်ခဲ့ကြဘဲ နိုင်ငံရေး အယူအဆမတူမှု၊ နိုင်ငံရေးရေလိုက်လွဲမှုများကြောင့် နိုင်ငံတွင်းနိုင်ငံရေးအကျပ်အတည်းများကို တွေ့ခဲ့ ကြရသည်။ နိုင်ငံရေးရေလိုက်လွဲမှုကြောင့် တွေ့ကြုံခဲ့ရသော နိုင်ငံရေးအကျပ်အတည်းများမှာ (၅) ကြိမ် ရှိခဲ့ပြီး ယင်းအကျပ်အတည်းများကြောင့်ပင် နိုင်ငံ၏ဖွံ့ဖြိုးရေး၊ နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးတွင် အဟန့်အတားအနှောင့်အယှက်များဖြစ်ခဲ့ကာ ပြည်သူများဘဝဖွံ့ဖြိုးမှုနည်းခဲ့ရသည်။
နိုင်ငံတော်တာဝန်ယူနေကြသူများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ အနေဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား အတွက် ဖြစ်ပျက်ခဲ့သည်များကို လေ့လာသုံးသပ်ဆင်ခြင် နိုင်ကြပြီး သမိုင်းသင်ခန်းစာများကိုရယူကာ ပြုပြင်သင့်သည်များကိုပြုပြင်၊ ရှောင်တန်သည်ကို ရှောင်၊ ဆောင်ရမည့်အရာများကိုဆောင်၍ နိုင်ငံတော်၏အနာဂတ်ရေးအတွက် ရှေးရှုဆောင်ရွက်သွားကြရန်လိုပေမည်။
မြန်မာနိုင်ငံ၏နိုင်ငံရေးအကျပ်အတည်းများ
(၁၉၄၈) ခုနှစ်တွင်မြန်မာနိုင်ငံလွတ်လပ် ရေးရခဲ့သည်။ သို့ရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီ သည် (၁၉၄၈)ခုနှစ် မတ်လ (၂၈)ရက်တွင် တောခို သွားခဲ့သည်။ ကွန်မြူနစ်ပါတီ တောခိုသောအခါ ပြည် တွင်းစစ်ကို ရှောင်လွှဲနိုင်ရန် ဖဆပလ အစိုးရအဖွဲ့ကနည်းမျိုးစုံဖြင့်ကြိုးစားခဲ့သည်။ ကွန်မြူနစ်များနှင့် ဆွေးနွေးသည်။ ရလဒ်မှာ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်နှစ် ခြမ်းကွဲပြီး ရဲဘော်ဖြူများထပ်မံတောခိုခြင်း ဖြစ် သည်။ ကွန်မြူနစ်များစည်းရုံးထားသော တပ်ရင်းတပ်ဖွဲ့အချို့ကလည်း တောခိုသည်။ ကေအင်(န်)ဒီအို လက်နက်ကိုင်တပ်များကလည်း မြို့များ၊ ရွာများကို သိမ်း ယူလာသည်။ (၁၉၄၈)ခုနှစ်၊ (၁၉၄၉) ခုနှစ် တို့ တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသောနိုင်ငံရေး အကျပ်အတည်းကြီးလည်း ဖြစ်သည်။ တိုင်းပြည်ကို ပြည်တွင်းစစ်သို့တွန်းပို့ခဲ့သော ဖြစ်ရပ်လည်းဖြစ်သည်။
(၁၉၅၈)ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းသူအချို့ လက်နက်ချကြသည်။ ထိုအချိန်တွင် ဖဆပလ အစိုးရအဖွဲ့သည်လည်း တည်မြဲနှင့်သန့်ရှင်း ဆိုပြီး နှစ်ပိုင်းကွဲခဲ့သည်။ ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်များဖွဲ့ ကြသည်။ အစိုးရသည် ကိုယ့်လူကိုယ်မနိုင်တော့။ တပ်မတော်မှနိုင်ငံတော်အာဏာကိုထိန်းသိမ်းရေး ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု နှင့်သွားရောက်ဆွေးနွေးသည်။ ဦးနုက အာဏာသိမ်းယူ သည့်ပုံစံဖြင့် တိုင်းပြည်အာဏာကိုသိမ်းယူပါက သူ့အတွက်လည်းမကောင်း၊ တပ်မတော်အတွက် လည်းမကောင်း၊ ထို့ကြောင့် နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီး နေဝင်းသို့ တရားဝင်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဦးနုသည် (၁၉၅၈)ခုနှစ် စက်တင်ဘာလ (၂၈)ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးခေါ်ယူပြီး ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်ပြီး အိမ် စောင့်အစိုးရဖွဲ့စည်းပေးရန် တရားဝင်တာဝန်လွှဲ ပြောင်းပေးခဲ့သည်။ အိမ်စောင့်အစိုးရအဖွဲ့သည် (၁၉၅၉)ခုနှစ် ဖေဖော်ဝါရီလအထိ (၆)လကြာတာဝန် ယူခဲ့သည်။ (၁၉၄၇)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ တစ်ဦးက ဝန်ကြီးချုပ်တာဝန်ကို (၆)လသာရယူခွင့် ရှိသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်သမ္မတ ထံသို့ နုတ်ထွက်လွှာတင်သွင်းခဲ့သည်။ သို့ရာတွင် အိမ်စောင့်အစိုးရ၏တာဝန်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သေးသဖြင့် ပါလီမန်လွှတ်တော်ခေါ်ယူပြီး ဗိုလ်ချုပ် ကြီးနေဝင်းအား (၁၉၅၉)ခုနှစ် ဖေဖော်ဝါရီလ(၂၇) ရက်တွင် ဒုတိအကြိမ်တာဝန်အပ်နှင်းခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရသည် ရွေးကောက်ပွဲပြုလုပ်ပေးပြီး အနိုင်ရသော ပြည် ထောင်စုပါတီ(သန့်ရှင်း ဖဆပလ)သို့ (၁၉၆၀)ပြည့် နှစ် ဖေဖော်ဝါရီလ(၈)ရက်တွင်ပြန်လည် တာဝန်လွှဲ ပြောင်းပေးအပ်ခဲ့သည်။ (၁၉၅၈)ခုနှစ် ဖဆပလအဖွဲ့ တွင်း နိုင်ငံရေးပဋိပက္ခသည် နိုင်ငံ၏ ဒုတိယအကြိမ် နိုင်ငံရေးအကျပ်အတည်းဖြစ်သည်။
သို့သော် ဦးနုခေါင်းဆောင်သော အရပ်သားအုပ်ချုပ်မှုသည် ကြာရှည်ခြင်းမရှိခဲ့။ ပါတီတွင်း ဦး၊ ဗိုလ်၊ သခင် အုပ်စုကွဲများဖြစ်လာသည်။ တိုင်းရင်း သားပြည်နယ်များ၏အရေးကလည်းမအေး။ ပြည်နယ် တစ်ခုဆိုလျှင်ပြည်မမှခွဲထွက်ပြီး အနောက်အုပ်စု ဆီတိုးအဖွဲ့နှင့်ပူးပေါင်းရန်ကြံစည်လာသည်။ အ နောက်အုပ်စု၏ ကွန်မြူနစ်ဆန့်ကျင်ရေးအခြေစိုက်စခန်းကြီးတစ်ခုဖြစ်လာမည်။ ဦးနုအစိုးရကဟန့်တား ခြင်းငှာတတ်နိုင်စွမ်းမရှိတော့။ ထို့ကြောင့် ပြည် ထောင်စု မပြိုကွဲရေးအတွက် (၁၉၆၂)ခုနှစ် မတ်လ (၂) ရက်တွင် တပ်မတော်ကနိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရသည်။ တည်ဆဲ(၁၉၄၇)ခုနှစ် အခြေခံ ဥပဒေ ကိုဖျက်သိမ်းခဲ့သည်။(၁၉၆၂)ခုနှစ် နိုင်ငံရေး အကျပ်အတည်းမှာ တတိယအကြိမ်နိုင်ငံရေး အကျပ်အတည်းဖြစ်သည်။
(၁၉၆၂)ခုနှစ်တွင်အာဏာသိမ်းယူပြီး တော်လှန်ရေး ကောင်စီအစိုးရကိုဖွဲ့စည်းသည်။(၁၉၆၄) ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းသည်။ (၁၉၇၄)ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲခဲ့ပြီး ရွေးကောက်ပွဲများပြုလုပ်ကာ လွှတ်တော်ခေါ်ယူလျက် တစ်ပါတီအာဏာရှင်အစိုးရအဖြစ် အုပ်စိုးခဲ့သည်။ တိုင်းပြည်ကို ဆိုရှယ်လစ်စီးပွား ရေးစနစ်ဖြင့် ထူထောင်ခဲ့သည်။ သို့ရာတွင် ကမ္ဘာပေါ် ၌ ဆိုရှယ်လစ်စနစ်များကျဆုံးလာခြင်းနှင့် ကြုံရသည်။ဆိုဗီယက်ပြည်ထောင်စုကဲ့သို့ အင်အားတောင့်တင်း လှသောကွန်မြူနစ်အင်ပါယာကြီးပင်လျှင် ပြိုကွဲရသောအခါ မြန်မာနိုင်ငံကဲ့သို့ အမှီအခိုကင်းစွာရပ်တည် ခဲ့သောနိုင်ငံမှာပိုမိုဆိုးရွားခဲ့သည်။ (၁၉၈၈)ခု နှစ်ကာလတွင် နိုင်ငံ၏စီးပွားရေးမှာ ချွတ်ခြုံကျနေသည်။ ပြည်သူများကျေနပ်ခြင်းမရှိကြတော့။ လူများလမ်းပေါ်ထွက် ဆန္ဒပြလာကြသည်။
(၁၉၈၈)ခုနှစ်က တစ်နှစ်အတွင်း လမ်းစဉ် ပါတီအစိုးရအဖွဲ့တွင် သမ္မတ(၃)ဆက် အပြောင်းအ လဲဖြစ်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးစိန်လွင်အပြီး ဆက်ခံသော နိုင်ငံတော်သမ္မတ ဦးမောင်မောင်က မိမိ တို့အစိုးရအဖွဲ့ကို ဖျက်သိမ်းပေးမည်။ လွှတ်တော် ခေါ်ယူပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရေး ဆောင်ရွက်ပေးမည်။ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပေးပြီး ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြရန် တိုက်တွန်းသည်။ ရွေးကောက်ပွဲတွင် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်များ၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ပါဝင်ယှဉ်ပြိုင်ခြင်းပြုမည်မဟုတ် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတော် သမ္မတ ဦးမောင်မောင်က အာဏာလွှဲပြောင်းရေးသည် (၁၉၇၄)ခုနှစ်ဥပဒေနှင့်အညီသာဖြစ်သင့်သည်။ ဥပဒေနှင့်မညီသောအလုပ်ကို လုပ်ခွင့်မပေးနိုင်။ ရွေးကောက်ပွဲပြုလုပ်ပြီးသည်အထိ ခဏစောင့်ပါဟုဆိုသည်။ သို့ရာတွင် ထိုစဉ်ကအင်အားကြီး အဖွဲ့အစည်းများကလက်ခံခြင်းမရှိခဲ့ကြ။ ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းပေးရန်သာတွင်တွင်တောင်းဆိုခဲ့ကြသည်။
သို့ဖြင့် နိုင်ငံအတွင်း မည်သည့်နေရာမျှ မတည်ငြိမ်။ လူများကျီးလန့်စာ စားဖြစ်နေရသည်။ ရပ် ရွာများလည်း မအေးချမ်း၊ မသာယာ။ မည်သူ့ကို ကြောက်ရမှန်းမသိ။ မည်သူ့စကားနားထောင်ရမှန်း မသိ။ ဖြစ်ချင်တိုင်းဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးဆို သည်မှာယုံတမ်းစကားဖြစ်နေသည်။ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုများဖြစ်နေသည်။
ပြည်သူပိုင် စက်ရုံ၊ အလုပ်ရုံများလုယက် ဖျက်ဆီးခြင်းခံနေရသည်။ သို့ဖြင့် တပ်မတော်မှ (၁၉၈၈) ခုနှစ် စက်တင်ဘာလ(၁၈)ရက်တွင် နိုင်ငံ အာဏာကိုသိမ်းယူခဲ့သည်။ အာဏာသိမ်းယူသည် ဆိုခြင်းထက် ထိုစဉ်ကလမ်းစဉ်ပါတီအစိုးရက အာဏာသိမ်းရန်လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ အာ ဏာကို လွှဲပြောင်းပေးလိုက်ခြင်းလည်းဖြစ်သည်။အာဏာသိမ်းခြင်းနှင့်အတူ (၁၉၇၄) ခုနှစ်အခြေခံ ဥပဒေ သည်လည်း နိဂုံးချုပ်သွားခဲ့ရသည်။ (၁၉၈၈) ခု နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအကျပ်အတည်းကား မြန်မာနိုင်ငံ၏ စတုတ္တအကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းလည်းဖြစ်သည်။
နောက်ဆုံး (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်တွင်ဖြစ်ပျက်ခဲ့သည့်အရင်းခံအကြောင်းတရား မှာ ရွေးကောက်ပွဲမသမာမှုကြောင့်ဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မဲစာရင်းကွာခြားမှု ကြီးမားနေခြင်းနှင့်ပတ်သက်၍ရွေးကောက် ပွဲ နှင့်သက်ဆိုင်သည့်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကဖြေပေးရန်ပထမအဆင့်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးရန်ငြင်းဆန်သဖြင့် ပြည်ထောင်စု လွှတ် တော်ကတစ်ဆင့် ဥပဒေနှင့်အညီ ပြည်ထောင် စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန် တောင်း ဆိုခဲ့သည်။ သို့သော်လည်း ငြင်းဆန်ခြင်းခံ လိုက်ရသည်။ ရွေးကောက်ပွဲမသမာမှု များနှင့်ပတ်သက်သည့် အခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် တစ်ခုခုက နည်းလမ်းရှာ ဖြေရှင်းပေးရန် အဆင့်ဆင့်တောင်းဆိုခဲ့သော်လည်း အဆင့်အားလုံးတွင် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ထိုအဆင့်များအားလုံး တွင် ငြင်းပယ်ခြင်းခံရသည့်အခါ “အမျိုးသား ကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူပြီး တွေ့ဆုံဆွေးနွေးပေးရန်တင်ပြခဲ့သေးသော်လည်း တာဝန်ရှိသူအဆင့်ဆင့်က ဖြေ ရှင်းပေးခြင်းမရှိခဲ့။ ထိုသို့ ဖြေရှင်းမပေးဘဲ အမှန် တရားကိုလျစ်လျူရှုပြီး မသမာသည့်ရွေးကောက်ပွဲရလဒ်များဖြင့် လွှတ်တော်အသီးသီးကိုခေါ်ယူခြင်း၊ အ စိုးရဖွဲ့ရန်ကြိုးစားခြင်း တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)ပုဒ်မ(၄၀)၊ ပုဒ်မခွဲ(ဂ)နှင့်ပုဒ်မ(၄၁၇) ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ဆောင်ရွက်ခြင်း” ဖြစ်သည့်အတွက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကို ကြေညာဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ (၂၀၂၁)ခုနှစ်မြန်မာနိုင်ငံ၏နိုင်ငံရေး အကျပ်အတည်းမှာ မြန်မာနိုင်ငံ၏ပဉ္စမမြောက်အကျပ်အတည်းလည်းဖြစ်သည်။
ဤအကျပ်အတည်းမှာယနေ့ထက်ထိပြီးဆုံးခြင်းမရှိနိုင်သေး။ အာဏာလက်လွတ်ခဲ့ရသော NLD ပါတီ နှင့်၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၊ ပါတီဝင်များသည် နိုင်ငံရေးအာဏာပြန်လည်ရရှိနိုင်ရေး အတွက် လက်နက်ကိုင်တိုက်ပွဲများကိုဆင်နွှဲကာ တိုင်းပြည်အားစစ်နွံအတွင်းသက်ရောက်စေခဲ့သည်။ တစ်ဆက်တည်းမှာပင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကလည်း မိမိတို့တိုင်းရင်းသား လူမျိုးတို့၏ ရပိုင်ခွင့်ကိုအကြောင်းပြကာ ဖက် ဒရယ်အရေးရှေ့တန်းတင်ပြီး တိုက်ပွဲများကိုဖော်ဆောင်ခဲ့ ကြသည်။ (၂၀၂၃)ခုနှစ် အောက်တိုဘာလ တွင်ကျားဖျန့်ငွေလိမ်ဂိုဏ်းများကို အကြောင်းပြုကာ တရုတ် နိုင်ငံ၏ကျောထောက်နောက်ခံပေးမှုဖြင့် (၁၀၂၇)စစ်ဆင်ရေးကိုစတင်ခဲ့ပြီး နယ်မြေများချဲ့ထွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။ သိမ်းပိုက်ခံထားရသောနယ်မြေများရှိ တိုင်းရင်းသားပြည်သူများ၏ ဘဝမှာ ဆင်းရဲ ဒုက္ခများနှင့်ကြုံတွေ့နေကြရသည်။ ထို့ ထက်မက ဖက်ဒရယ်အရေးအကြောင်းပြကာ နိုင်ငံတော် ပြိုကွဲ မည့်အန္တရာယ်နှင့်ရင်ဆိုင်နေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ်မှစတင်ကြုံတွေ့ခဲ့ရသော နိုင်ငံ တော်၏ပဉ္စမမြောက်အကျပ်အတည်းမှာ စစ်ရေး၊ နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ အကျပ်အ တည်းများကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်မှဖြေရှင်းရန် ကြိုးပမ်းလုပ်ဆောင်ရဆဲလည်း ဖြစ်သည်။
တပ်မတော်မှ နိုင်ငံရေးတာဝန်ယူခဲ့ရမှုများ
မြန်မာနိုင်ငံသမိုင်းတွင် ဖြစ်ပေါ်ခဲ့သောနိုင်ငံရေးအကျပ်အတည်းအဖြစ်အပျက်များကိုလေ့လာ သုံးသပ်ရသလောက်ဆိုပါက (၅)ကြိမ်ရှိခဲ့သည်။ဤကာလများအတွင်း တပ်မတော်သည် နိုင်ငံရေး တာဝန်ကိုယူခဲ့ရသည့် အကြိမ်ပေါင်း(၄)ကြိမ်ရှိခဲ့သည်။ (၁၉၅၈)ခုနှစ်တွင်တစ်ကြိမ်၊ (၁၉၆၂)ခုနှစ်တွင် တစ်ကြိမ်၊ (၁၉၈၈)ခုနှစ်တွင်တစ်ကြိမ်နှင့် (၂၀၂၁)ခုနှစ်တွင်တစ်ကြိမ်ဖြစ်သည်။ ဤ (၄)ကြိမ် အနက် (၁၉၅၈) ခုနှစ် ဖြစ်စဉ်နှင့် (၂၀၂၁)ခုနှစ် ဖြစ် စဉ်နှစ်ရပ်တွင် တပ်မတော်မှနိုင်ငံတာဝန်ယူခဲ့ရခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ရယူခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ (၁၉၅၈)ခုနှစ် ဖြစ်စဉ်တွင် နိုင်ငံတော်ဝန် ကြီးချုပ်မှလွှတ်တော် ခေါ်ယူပြီးတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကရှိခဲ့ သော (၁၉၄၇)ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းခြင်းမပြုခဲ့ပေ။ (၂၀၂၁)ခုနှစ်ဖြစ်စဉ်တွင်လည်း (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်ဖြစ်သော အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ နှင့်အညီ အာဏာကိုလွှဲပြောင်းထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းခြင်း မပြုချေ။ (၁၉၈၈)ခုနှစ်ဖြစ်စဉ်တွင်လည်း တပ်မတော်မှ နိုင်ငံတော်အာဏာကိုထိန်းသိမ်းရယူခဲ့သည်ဆို သော်လည်း ထိုစဉ်က လမ်းစဉ်ပါတီအစိုးရအနေဖြင့် နိုင်ငံတော်ကိုထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့် နိုင်ငံ တော်အာဏာကိုတပ်မတော်သို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ကိုတွေ့ရပေသည်။
(ဆက်လက်ဖော်ပြပါမည်)
zawgyi version
ျမင္ေအာင္ၾကည့္ ၊ သိေအာင္ဆင္ျခင္၊ ႏိုင္ငံေရး ေရလိုက္မလြဲေစခ်င္ (၁)
စစ္မုန္း (NP News) - မတ္ ၇
ျမန္မာႏိုင္ငံလြတ္လပ္ေရးရခဲ့သည္မွာ (၁၉၄၈) ခုႏွစ္ကျဖစ္ၿပီး (၂၀၂၅)ခုႏွစ္တြင္ (၇၇) ႏွစ္ျပည့္ ေျမာက္ခဲ့ၿပီးျဖစ္သည္။ ထို(၇၇)ႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံသမိုင္းတြင္ ႏိုင္ငံေရးအေ႐ႊ႕အေျပာင္း မ်ားစြာျဖစ္ခဲ့သည္။ ျမန္မာႏိုင္ငံ၏လြတ္လပ္ေရးကို လြယ္လြယ္ႏွင့္ရယူခဲ့ရျခင္းကား မဟုတ္ေပ။ ျပည္သူ မ်ား၏ အသက္၊ ေသြး၊ ေခြၽးေပါင္းမ်ားစြာ စေတးၿပီးမွရယူခဲ့ျခင္းျဖစ္သည္။ လြတ္လပ္ေရးတိုက္ပြဲကာလတြင္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးပါတီမ်ား အလွ်ိဳအလွ်ိဳ ေပၚ ေပါက္ခဲ့သည္။ ပုဂၢိဳလ္ေရးအျမင္မၾကည္လင္မႈ မ်ားမွသည္ မိမိအာဏာရရွိေရး၊ မိမိ ပါတီဩဇာအာဏာရ ရွိေရးကို ဦးတည္ေဆာင္႐ြက္ခဲ့ၾကသည္။ ပကတိအျမင္ျဖင့္ ရႈျမင္သုံးသပ္ျခင္းမျပဳႏိုင္ခဲ့ၾကဘဲ ႏိုင္ငံေရး အယူအဆမတူမႈ၊ ႏိုင္ငံေရးေရလိုက္လြဲမႈမ်ားေၾကာင့္ ႏိုင္ငံတြင္းႏိုင္ငံေရးအက်ပ္အတည္းမ်ားကို ေတြ႕ခဲ့ ၾကရသည္။ ႏိုင္ငံေရးေရလိုက္လြဲမႈေၾကာင့္ ေတြ႕ႀကဳံခဲ့ရေသာ ႏိုင္ငံေရးအက်ပ္အတည္းမ်ားမွာ (၅) ႀကိမ္ ရွိခဲ့ၿပီး ယင္းအက်ပ္အတည္းမ်ားေၾကာင့္ပင္ ႏိုင္ငံ၏ဖြံ႕ၿဖိဳးေရး၊ ႏိုင္ငံသူႏိုင္ငံသားမ်ား၏ လူမႈစီးပြားဘဝ တိုးတက္ေရးတြင္ အဟန႔္အတားအေႏွာင့္အယွက္မ်ားျဖစ္ခဲ့ကာ ျပည္သူမ်ားဘဝဖြံ႕ၿဖိဳးမႈနည္းခဲ့ရသည္။
ႏိုင္ငံေတာ္တာဝန္ယူေနၾကသူမ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ တိုင္းရင္းသားလူမ်ိဳးစုေခါင္းေဆာင္မ်ား အေနျဖင့္ ႏိုင္ငံေတာ္၏ ေရရွည္အက်ိဳးစီးပြား အတြက္ ျဖစ္ပ်က္ခဲ့သည္မ်ားကို ေလ့လာသုံးသပ္ဆင္ျခင္ ႏိုင္ၾကၿပီး သမိုင္းသင္ခန္းစာမ်ားကိုရယူကာ ျပဳျပင္သင့္သည္မ်ားကိုျပဳျပင္၊ ေရွာင္တန္သည္ကို ေရွာင္၊ ေဆာင္ရမည့္အရာမ်ားကိုေဆာင္၍ ႏိုင္ငံေတာ္၏အနာဂတ္ေရးအတြက္ ေရွးရႈေဆာင္႐ြက္သြားၾကရန္လိုေပမည္။
ျမန္မာႏိုင္ငံ၏ႏိုင္ငံေရးအက်ပ္အတည္းမ်ား
(၁၉၄၈) ခုႏွစ္တြင္ျမန္မာႏိုင္ငံလြတ္လပ္ ေရးရခဲ့သည္။ သို႔ရာတြင္ ဗမာျပည္ကြန္ျမဴနစ္ပါတီ သည္ (၁၉၄၈)ခုႏွစ္ မတ္လ (၂၈)ရက္တြင္ ေတာခို သြားခဲ့သည္။ ကြန္ျမဴနစ္ပါတီ ေတာခိုေသာအခါ ျပည္ တြင္းစစ္ကို ေရွာင္လႊဲႏိုင္ရန္ ဖဆပလ အစိုးရအဖြဲ႕ကနည္းမ်ိဳးစုံျဖင့္ႀကိဳးစားခဲ့သည္။ ကြန္ျမဴနစ္မ်ားႏွင့္ ေဆြးေႏြးသည္။ ရလဒ္မွာ ျပည္သူ႔ရဲေဘာ္အဖြဲ႕ခ်ဳပ္ႏွစ္ ျခမ္းကြဲၿပီး ရဲေဘာ္ျဖဴမ်ားထပ္မံေတာခိုျခင္း ျဖစ္ သည္။ ကြန္ျမဴနစ္မ်ားစည္း႐ုံးထားေသာ တပ္ရင္းတပ္ဖြဲ႕အခ်ိဳ႕ကလည္း ေတာခိုသည္။ ေကအင္(န္)ဒီအို လက္နက္ကိုင္တပ္မ်ားကလည္း ၿမိဳ႕မ်ား၊ ႐ြာမ်ားကို သိမ္း ယူလာသည္။ (၁၉၄၈)ခုႏွစ္၊ (၁၉၄၉) ခုႏွစ္ တို႔ တြင္ ျဖစ္ပြားခဲ့ေသာ အျဖစ္အပ်က္မ်ားမွာ ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာႏိုင္ငံေရး အက်ပ္အတည္းႀကီးလည္း ျဖစ္သည္။ တိုင္းျပည္ကို ျပည္တြင္းစစ္သို႔တြန္းပို႔ခဲ့ေသာ ျဖစ္ရပ္လည္းျဖစ္သည္။
(၁၉၅၈)ခုႏွစ္တြင္ ျပည္တြင္းေသာင္းက်န္းသူအခ်ိဳ႕ လက္နက္ခ်ၾကသည္။ ထိုအခ်ိန္တြင္ ဖဆပလ အစိုးရအဖြဲ႕သည္လည္း တည္ၿမဲႏွင့္သန႔္ရွင္း ဆိုၿပီး ႏွစ္ပိုင္းကြဲခဲ့သည္။ ကိုယ္ပိုင္ခါးပိုက္ေဆာင္တပ္မ်ားဖြဲ႕ ၾကသည္။ အစိုးရသည္ ကိုယ့္လူကိုယ္မႏိုင္ေတာ့။ တပ္မေတာ္မွႏိုင္ငံေတာ္အာဏာကိုထိန္းသိမ္းေရး ေဆာင္႐ြက္ခဲ့သည္။ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဦးႏု ႏွင့္သြားေရာက္ေဆြးေႏြးသည္။ ဦးႏုက အာဏာသိမ္းယူ သည့္ပုံစံျဖင့္ တိုင္းျပည္အာဏာကိုသိမ္းယူပါက သူ႔အတြက္လည္းမေကာင္း၊ တပ္မေတာ္အတြက္ လည္းမေကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္အာဏာကို ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းသို႔ တရားဝင္လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ဦးႏုသည္ (၁၉၅၈)ခုႏွစ္ စက္တင္ဘာလ (၂၈)ရက္တြင္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအ ေဝးေခၚယူၿပီး ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း ဦးေဆာင္ၿပီး အိမ္ ေစာင့္အစိုးရဖြဲ႕စည္းေပးရန္ တရားဝင္တာဝန္လႊဲ ေျပာင္းေပးခဲ့သည္။ အိမ္ေစာင့္အစိုးရအဖြဲ႕သည္ (၁၉၅၉)ခုႏွစ္ ေဖေဖာ္ဝါရီလအထိ (၆)လၾကာတာဝန္ ယူခဲ့သည္။ (၁၉၄၇)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေ႐ြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မဟုတ္သူ တစ္ဦးက ဝန္ႀကီးခ်ဳပ္တာဝန္ကို (၆)လသာရယူခြင့္ ရွိသျဖင့္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းက ႏိုင္ငံေတာ္သမၼတ ထံသို႔ ႏုတ္ထြက္လႊာတင္သြင္းခဲ့သည္။ သို႔ရာတြင္ အိမ္ေစာင့္အစိုးရ၏တာဝန္ျဖစ္ေသာ လြတ္လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲက်င္းပျခင္းမျပဳႏိုင္ေသးသျဖင့္ ပါလီမန္လႊတ္ေတာ္ေခၚယူၿပီး ဗိုလ္ခ်ဳပ္ ႀကီးေနဝင္းအား (၁၉၅၉)ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၇) ရက္တြင္ ဒုတိအႀကိမ္တာဝန္အပ္ႏွင္းခဲ့သည္။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၏ အိမ္ေစာင့္အစိုးရသည္ ေ႐ြးေကာက္ပြဲျပဳလုပ္ေပးၿပီး အႏိုင္ရေသာ ျပည္ ေထာင္စုပါတီ(သန႔္ရွင္း ဖဆပလ)သို႔ (၁၉၆၀)ျပည့္ ႏွစ္ ေဖေဖာ္ဝါရီလ(၈)ရက္တြင္ျပန္လည္ တာဝန္လႊဲ ေျပာင္းေပးအပ္ခဲ့သည္။ (၁၉၅၈)ခုႏွစ္ ဖဆပလအဖြဲ႕ တြင္း ႏိုင္ငံေရးပဋိပကၡသည္ ႏိုင္ငံ၏ ဒုတိယအႀကိမ္ ႏိုင္ငံေရးအက်ပ္အတည္းျဖစ္သည္။
သို႔ေသာ္ ဦးႏုေခါင္းေဆာင္ေသာ အရပ္သားအုပ္ခ်ဳပ္မႈသည္ ၾကာရွည္ျခင္းမရွိခဲ့။ ပါတီတြင္း ဦး၊ ဗိုလ္၊ သခင္ အုပ္စုကြဲမ်ားျဖစ္လာသည္။ တိုင္းရင္း သားျပည္နယ္မ်ား၏အေရးကလည္းမေအး။ ျပည္နယ္ တစ္ခုဆိုလွ်င္ျပည္မမွခြဲထြက္ၿပီး အေနာက္အုပ္စု ဆီတိုးအဖြဲ႕ႏွင့္ပူးေပါင္းရန္ႀကံစည္လာသည္။ အ ေနာက္အုပ္စု၏ ကြန္ျမဴနစ္ဆန႔္က်င္ေရးအေျခစိုက္စခန္းႀကီးတစ္ခုျဖစ္လာမည္။ ဦးႏုအစိုးရကဟန႔္တား ျခင္းငွာတတ္ႏိုင္စြမ္းမရွိေတာ့။ ထို႔ေၾကာင့္ ျပည္ ေထာင္စု မၿပိဳကြဲေရးအတြက္ (၁၉၆၂)ခုႏွစ္ မတ္လ (၂) ရက္တြင္ တပ္မေတာ္ကႏိုင္ငံေတာ္အာဏာကို ထိန္းသိမ္းခဲ့ရသည္။ တည္ဆဲ(၁၉၄၇)ခုႏွစ္ အေျခခံ ဥပေဒ ကိုဖ်က္သိမ္းခဲ့သည္။(၁၉၆၂)ခုႏွစ္ ႏိုင္ငံေရး အက်ပ္အတည္းမွာ တတိယအႀကိမ္ႏိုင္ငံေရး အက်ပ္အတည္းျဖစ္သည္။
(၁၉၆၂)ခုႏွစ္တြင္အာဏာသိမ္းယူၿပီး ေတာ္လွန္ေရး ေကာင္စီအစိုးရကိုဖြဲ႕စည္းသည္။(၁၉၆၄) ခုႏွစ္တြင္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီကို ဖြဲ႕စည္းသည္။ (၁၉၇၄)ခုႏွစ္တြင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ကိုေရးဆြဲခဲ့ၿပီး ေ႐ြးေကာက္ပြဲမ်ားျပဳလုပ္ကာ လႊတ္ေတာ္ေခၚယူလ်က္ တစ္ပါတီအာဏာရွင္အစိုးရအျဖစ္ အုပ္စိုးခဲ့သည္။ တိုင္းျပည္ကို ဆိုရွယ္လစ္စီးပြား ေရးစနစ္ျဖင့္ ထူေထာင္ခဲ့သည္။ သို႔ရာတြင္ ကမာၻေပၚ ၌ ဆိုရွယ္လစ္စနစ္မ်ားက်ဆုံးလာျခင္းႏွင့္ ႀကဳံရသည္။ဆိုဗီယက္ျပည္ေထာင္စုကဲ့သို႔ အင္အားေတာင့္တင္း လွေသာကြန္ျမဴနစ္အင္ပါယာႀကီးပင္လွ်င္ ၿပိဳကြဲရေသာအခါ ျမန္မာႏိုင္ငံကဲ့သို႔ အမွီအခိုကင္းစြာရပ္တည္ ခဲ့ေသာႏိုင္ငံမွာပိုမိုဆိုး႐ြားခဲ့သည္။ (၁၉၈၈)ခု ႏွစ္ကာလတြင္ ႏိုင္ငံ၏စီးပြားေရးမွာ ခြၽတ္ၿခဳံက်ေနသည္။ ျပည္သူမ်ားေက်နပ္ျခင္းမရွိၾကေတာ့။ လူမ်ားလမ္းေပၚထြက္ ဆႏၵျပလာၾကသည္။
(၁၉၈၈)ခုႏွစ္က တစ္ႏွစ္အတြင္း လမ္းစဥ္ ပါတီအစိုးရအဖြဲ႕တြင္ သမၼတ(၃)ဆက္ အေျပာင္းအ လဲျဖစ္ခဲ့သည္။ ႏိုင္ငံေတာ္သမၼတ ဦးစိန္လြင္အၿပီး ဆက္ခံေသာ ႏိုင္ငံေတာ္သမၼတ ဦးေမာင္ေမာင္က မိမိ တို႔အစိုးရအဖြဲ႕ကို ဖ်က္သိမ္းေပးမည္။ လႊတ္ေတာ္ ေခၚယူၿပီး ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ ေရာက္ေရး ေဆာင္႐ြက္ေပးမည္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ဖြဲ႕စည္းေပးၿပီး ေ႐ြးေကာက္ပြဲတြင္ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကရန္ တိုက္တြန္းသည္။ ေ႐ြးေကာက္ပြဲတြင္ လမ္းစဥ္ပါတီ ဗဟိုေကာ္မတီဝင္မ်ား၊ အစိုးရ အဖြဲ႕ဝင္ဝန္ႀကီးမ်ား ပါဝင္ယွဥ္ၿပိဳင္ျခင္းျပဳမည္မဟုတ္ ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။ ႏိုင္ငံေတာ္ သမၼတ ဦးေမာင္ေမာင္က အာဏာလႊဲေျပာင္းေရးသည္ (၁၉၇၄)ခုႏွစ္ဥပေဒႏွင့္အညီသာျဖစ္သင့္သည္။ ဥပေဒႏွင့္မညီေသာအလုပ္ကို လုပ္ခြင့္မေပးႏိုင္။ ေ႐ြးေကာက္ပြဲျပဳလုပ္ၿပီးသည္အထိ ခဏေစာင့္ပါဟုဆိုသည္။ သို႔ရာတြင္ ထိုစဥ္ကအင္အားႀကီး အဖြဲ႕အစည္းမ်ားကလက္ခံျခင္းမရွိခဲ့ၾက။ ၾကားျဖတ္အစိုးရအဖြဲ႕ ဖြဲ႕စည္းေပးရန္သာတြင္တြင္ေတာင္းဆိုခဲ့ၾကသည္။
သို႔ျဖင့္ ႏိုင္ငံအတြင္း မည္သည့္ေနရာမွ် မတည္ၿငိမ္။ လူမ်ားက်ီးလန႔္စာ စားျဖစ္ေနရသည္။ ရပ္ ႐ြာမ်ားလည္း မေအးခ်မ္း၊ မသာယာ။ မည္သူ႔ကို ေၾကာက္ရမွန္းမသိ။ မည္သူ႔စကားနားေထာင္ရမွန္း မသိ။ ျဖစ္ခ်င္တိုင္းျဖစ္ေနၿပီး တရားဥပေဒစိုးမိုးေရးဆို သည္မွာယုံတမ္းစကားျဖစ္ေနသည္။ လူသတ္မႈ၊ လုယက္မႈ၊ ဓားျပမႈမ်ားျဖစ္ေနသည္။
ျပည္သူပိုင္ စက္႐ုံ၊ အလုပ္႐ုံမ်ားလုယက္ ဖ်က္ဆီးျခင္းခံေနရသည္။ သို႔ျဖင့္ တပ္မေတာ္မွ (၁၉၈၈) ခုႏွစ္ စက္တင္ဘာလ(၁၈)ရက္တြင္ ႏိုင္ငံ အာဏာကိုသိမ္းယူခဲ့သည္။ အာဏာသိမ္းယူသည္ ဆိုျခင္းထက္ ထိုစဥ္ကလမ္းစဥ္ပါတီအစိုးရက အာဏာသိမ္းရန္လမ္းဖြင့္ေပးလိုက္ျခင္းျဖစ္သည္။ အာ ဏာကို လႊဲေျပာင္းေပးလိုက္ျခင္းလည္းျဖစ္သည္။အာဏာသိမ္းျခင္းႏွင့္အတူ (၁၉၇၄) ခုႏွစ္အေျခခံ ဥပေဒ သည္လည္း နိဂုံးခ်ဳပ္သြားခဲ့ရသည္။ (၁၉၈၈) ခု ႏွစ္တြင္ျဖစ္ေပၚခဲ့သည့္ ႏိုင္ငံေရးအက်ပ္အတည္းကား ျမန္မာႏိုင္ငံ၏ စတုတၱအႀကီးမားဆုံး ႏိုင္ငံေရးအက်ပ္အတည္းလည္းျဖစ္သည္။
ေနာက္ဆုံး (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလ (၁)ရက္တြင္ျဖစ္ပ်က္ခဲ့သည့္အရင္းခံအေၾကာင္းတရား မွာ ေ႐ြးေကာက္ပြဲမသမာမႈေၾကာင့္ျဖစ္သည္။တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ မဲစာရင္းကြာျခားမႈ ႀကီးမားေနျခင္းႏွင့္ပတ္သက္၍ေ႐ြးေကာက္ ပြဲ ႏွင့္သက္ဆိုင္သည့္ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ကေျဖေပးရန္ပထမအဆင့္ေတာင္းဆိုခဲ့ေသာ္လည္း ေျဖရွင္းေပးရန္ျငင္းဆန္သျဖင့္ ျပည္ေထာင္စု လႊတ္ ေတာ္ကတစ္ဆင့္ ဥပေဒႏွင့္အညီ ျပည္ေထာင္ စုလႊတ္ေတာ္ အထူးအစည္းအေဝးေခၚယူေပးရန္ ေတာင္း ဆိုခဲ့သည္။ သို႔ေသာ္လည္း ျငင္းဆန္ျခင္းခံ လိုက္ရသည္။ ေ႐ြးေကာက္ပြဲမသမာမႈ မ်ားႏွင့္ပတ္သက္သည့္ အေျခအေနမ်ားကို ႏိုင္ငံေတာ္အစိုးရ၊ ျပည္ေထာင္စုလႊတ္ေတာ္၊ ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္ တစ္ခုခုက နည္းလမ္းရွာ ေျဖရွင္းေပးရန္ အဆင့္ဆင့္ေတာင္းဆိုခဲ့ေသာ္လည္း အဆင့္အားလုံးတြင္ ျငင္းပယ္ျခင္းခံခဲ့ရသည္။ ထိုအဆင့္မ်ားအားလုံး တြင္ ျငင္းပယ္ျခင္းခံရသည့္အခါ “အမ်ိဳးသား ကာကြယ္ ေရးႏွင့္လုံၿခဳံေရးေကာင္စီ” အစည္းအေဝးေခၚယူၿပီး ေတြ႕ဆုံေဆြးေႏြးေပးရန္တင္ျပခဲ့ေသးေသာ္လည္း တာဝန္ရွိသူအဆင့္ဆင့္က ေျဖ ရွင္းေပးျခင္းမရွိခဲ့။ ထိုသို႔ ေျဖရွင္းမေပးဘဲ အမွန္ တရားကိုလ်စ္လ်ဴရႈၿပီး မသမာသည့္ေ႐ြးေကာက္ပြဲရလဒ္မ်ားျဖင့္ လႊတ္ေတာ္အသီးသီးကိုေခၚယူျခင္း၊ အ စိုးရဖြဲ႕ရန္ႀကိဳးစားျခင္း တို႔မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀ဝ၈)ပုဒ္မ(၄၀)၊ ပုဒ္မခြဲ(ဂ)ႏွင့္ပုဒ္မ(၄၁၇) ပါ “ႏိုင္ငံေတာ္အာဏာကို အဓမၼနည္းျဖင့္ရယူရန္ေဆာင္႐ြက္ျခင္း” ျဖစ္သည့္အတြက္ တပ္မေတာ္သည္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ (၂၀ဝ၈)ပါ အေရးေပၚကာလဆိုင္ရာ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ႏိုင္ငံေရးအရ အေရးေပၚအေျခအေနကို ေၾကညာေဆာင္႐ြက္ခဲ့ရျခင္းျဖစ္သည္။ (၂၀၂၁)ခုႏွစ္ျမန္မာႏိုင္ငံ၏ႏိုင္ငံေရး အက်ပ္အတည္းမွာ ျမန္မာႏိုင္ငံ၏ပၪၥမေျမာက္အက်ပ္အတည္းလည္းျဖစ္သည္။
ဤအက်ပ္အတည္းမွာယေန႔ထက္ထိၿပီးဆုံးျခင္းမရွိႏိုင္ေသး။ အာဏာလက္လြတ္ခဲ့ရေသာ NLD ပါတီ ႏွင့္၎၏လက္ေအာက္ခံအဖြဲ႕အစည္းမ်ား၊ ပါတီဝင္မ်ားသည္ ႏိုင္ငံေရးအာဏာျပန္လည္ရရွိႏိုင္ေရး အတြက္ လက္နက္ကိုင္တိုက္ပြဲမ်ားကိုဆင္ႏႊဲကာ တိုင္းျပည္အားစစ္ႏြံအတြင္းသက္ေရာက္ေစခဲ့သည္။ တစ္ဆက္တည္းမွာပင္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္းမ်ားကလည္း မိမိတို႔တိုင္းရင္းသား လူမ်ိဳးတို႔၏ ရပိုင္ခြင့္ကိုအေၾကာင္းျပကာ ဖက္ ဒရယ္အေရးေရွ႕တန္းတင္ၿပီး တိုက္ပြဲမ်ားကိုေဖာ္ေဆာင္ခဲ့ ၾကသည္။ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ တြင္က်ားဖ်န႔္ေငြလိမ္ဂိုဏ္းမ်ားကို အေၾကာင္းျပဳကာ တ႐ုတ္ ႏိုင္ငံ၏ေက်ာေထာက္ေနာက္ခံေပးမႈျဖင့္ (၁၀၂၇)စစ္ဆင္ေရးကိုစတင္ခဲ့ၿပီး နယ္ေျမမ်ားခ်ဲ႕ထြင္ တိုက္ခိုက္ သိမ္းပိုက္ခဲ့ၾကသည္။ သိမ္းပိုက္ခံထားရေသာနယ္ေျမမ်ားရွိ တိုင္းရင္းသားျပည္သူမ်ား၏ ဘဝမွာ ဆင္းရဲ ဒုကၡမ်ားႏွင့္ႀကဳံေတြ႕ေနၾကရသည္။ ထို႔ ထက္မက ဖက္ဒရယ္အေရးအေၾကာင္းျပကာ ႏိုင္ငံေတာ္ ၿပိဳကြဲ မည့္အႏၲရာယ္ႏွင့္ရင္ဆိုင္ေနရၿပီ ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ (၂၀၂၁) ခုႏွစ္မွစတင္ႀကဳံေတြ႕ခဲ့ရေသာ ႏိုင္ငံ ေတာ္၏ပၪၥမေျမာက္အက်ပ္အတည္းမွာ စစ္ေရး၊ ႏိုင္ငံေရး၊ ဖြဲ႕စည္းပုံအေျခခံဥပေဒေရးရာ အက်ပ္အ တည္းမ်ားကိုျဖစ္ေပၚေစၿပီး ႏိုင္ငံေတာ္မွေျဖရွင္းရန္ ႀကိဳးပမ္းလုပ္ေဆာင္ရဆဲလည္း ျဖစ္သည္။
တပ္မေတာ္မွ ႏိုင္ငံေရးတာဝန္ယူခဲ့ရမႈမ်ား
ျမန္မာႏိုင္ငံသမိုင္းတြင္ ျဖစ္ေပၚခဲ့ေသာႏိုင္ငံေရးအက်ပ္အတည္းအျဖစ္အပ်က္မ်ားကိုေလ့လာ သုံးသပ္ရသေလာက္ဆိုပါက (၅)ႀကိမ္ရွိခဲ့သည္။ဤကာလမ်ားအတြင္း တပ္မေတာ္သည္ ႏိုင္ငံေရး တာဝန္ကိုယူခဲ့ရသည့္ အႀကိမ္ေပါင္း(၄)ႀကိမ္ရွိခဲ့သည္။ (၁၉၅၈)ခုႏွစ္တြင္တစ္ႀကိမ္၊ (၁၉၆၂)ခုႏွစ္တြင္ တစ္ႀကိမ္၊ (၁၉၈၈)ခုႏွစ္တြင္တစ္ႀကိမ္ႏွင့္ (၂၀၂၁)ခုႏွစ္တြင္တစ္ႀကိမ္ျဖစ္သည္။ ဤ (၄)ႀကိမ္ အနက္ (၁၉၅၈) ခုႏွစ္ ျဖစ္စဥ္ႏွင့္ (၂၀၂၁)ခုႏွစ္ ျဖစ္ စဥ္ႏွစ္ရပ္တြင္ တပ္မေတာ္မွႏိုင္ငံတာဝန္ယူခဲ့ရျခင္းမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒမ်ားႏွင့္အညီ ရယူခဲ့ျခင္းျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိရသည္။ (၁၉၅၈)ခုႏွစ္ ျဖစ္စဥ္တြင္ ႏိုင္ငံေတာ္ဝန္ ႀကီးခ်ဳပ္မွလႊတ္ေတာ္ ေခၚယူၿပီးတာဝန္ေပးအပ္ခဲ့ျခင္းျဖစ္ကာ ထိုစဥ္ကရွိခဲ့ ေသာ (၁၉၄၇)ဖြဲ႕စည္းပုံအေျခခံဥပေဒကိုလည္း ဖ်က္သိမ္းျခင္းမျပဳခဲ့ေပ။ (၂၀၂၁)ခုႏွစ္ျဖစ္စဥ္တြင္လည္း (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ေပးထားခ်က္ျဖစ္ေသာ အေရးေပၚကာလဆိုင္ရာျပ႒ာန္းခ်က္မ်ား ႏွင့္အညီ အာဏာကိုလႊဲေျပာင္းထိန္းသိမ္းခဲ့ျခင္းျဖစ္ၿပီး တည္ဆဲဖြဲ႕စည္းပုံအေျခခံဥပေဒကိုဖ်က္သိမ္းျခင္း မျပဳေခ်။ (၁၉၈၈)ခုႏွစ္ျဖစ္စဥ္တြင္လည္း တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာကိုထိန္းသိမ္းရယူခဲ့သည္ဆို ေသာ္လည္း ထိုစဥ္က လမ္းစဥ္ပါတီအစိုးရအေနျဖင့္ ႏိုင္ငံေတာ္ကိုထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေတာ့သျဖင့္ ႏိုင္ငံ ေတာ္အာဏာကိုတပ္မေတာ္သို႔လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္သည္ကိုေတြ႕ရေပသည္။
(ဆက္လက္ေဖာ္ျပပါမည္)