စစ်နယ်ကျယ်ပြီး အင်အားနည်းနေသော AAကအမျိုးသမီးများကို မူးယစ်သုံးခိုင်းကာ ရှေ့တန်းပို့နေ
2526
သန့်ဇင်
စစ်နယ်ကျယ်ပြီး အင်အားနည်းနေသော AAကအမျိုးသမီးများကို မူးယစ်သုံးခိုင်းကာ ရှေ့တန်းပို့နေကြောင်း စစ်ရေးသတင်းရင်း မြစ်တစ်ဦးက NP News သို့ပြောသည်။
ယခုနှစ်ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် AAကတိုက်ပွဲဖော်ဆောင်နေသော ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ပဲခူးတိုင်း၊ ဥသျှစ်ပင် မြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်းရှိ စစ်မျက်နှာပြင်များတွင် အမျိုးသမီးများကို မူးယစ်ဆေးသုံးစေကာ ရှေ့တန်းတင်တိုက်ခိုက် ခိုင်းခြင်းများရှိလာကြောင်းသိရသည်။
အထက်ပါ စစ်မျက်နှာများအပြင် ရခိုင်ပြည်နယ်အတွင်းတွင်လည်း တိုက်ပွဲများထပ်မံဖော်ဆောင်လာသည့် AAက အထက်ပါအတိုင်း ဆောင်ရွက် လာခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒါက အမျိုးသမီးတွေကို မူးယစ်ဆေးပေးတယ်။ အဲဒါက ဥသျှစ်ပင်ဘက်မှာလည်းဖြစ်တယ်။ သာပေါင်းဘက်မှာလည်းဖြစ်တယ်။ ဂွနယ် ဘက်မှာလည်း အဲဒီလိုဖြစ်စဉ်တွေရှိခဲ့တယ်။ အမျိုး သမီးတွေကို မူးယစ်ဆေးသုံးပြီးတိုက်ခိုင်းတဲ့ ဖြစ်စဉ်တော်တော်များများက အရင်က စစ်နယ်မြေတော်တော်များများမှာဖြစ်ခဲ့တာ။ အခု တောင်ကုတ်ဘက်နဲ့ ဂွဘက်မှာလည်းဖြစ်တယ်။ အခုလည်းရှိတယ်။ အခု AAကလူမရှိတော့ အမျိုးသမီးတွေနဲ့တိုက်နေတာတွေလည်းရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း အထက်ပါ ဒေသများတွင် တပ်မတော်ထံအလင်းဝင်ခဲ့သူ AAလက်နက်ကိုင် အမျိုးသမီးများရှိခဲ့ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၆ရက်ကလည်း မောင်တောမြို့နယ်အတွင်းရှိကျေးရွာများမှာ အသက်(၁၈)နှစ်နှင့် (၆၅)နှစ်ကြား အမျိုးသားများကို AAကအတင်းအဓ္ဓမ လူသစ်စုဆောင်းခဲ့ကြောင်း ဒေသခံတစ်ဦးက NP News သို့ပြောဆိုခဲ့ဖူးသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၄)မြို့နယ်ရှိသည့်အနက် မြို့နယ်(၁၁)မြို့နယ်ကို AAကတိုက်ခိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင်လည်း ပြည်နယ်မြို့တော်ဖြစ်သော စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကို ဆက်လက်တိုက်ခိုက်နေလျက်ရှိနေသည်။
Zawgyi Version:
သန့်ဇင်