G7 နှင့် BRICS ဘယ်သူအသာရနေပြီလဲ

1875

သန်းထိုက်စိုး (NP News) - မတ် ၇
စက်မှုအင်အားကြီးထိပ်သီးခုနစ်နိုင်ငံ (G7) အဖွဲ့သည် နေဝင်ချိန်ရောက်နေသည့်အဖွဲ့အစည်းတစ် ခုဖြစ်ပြီး BRICS သည် ရောင်နီသမ်းလာသည့်အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။ ထိုသို့ပြောရခြင်းမှာ ငြင်း ချက်ထုတ်၍မရနိုင်သည့်အချက်အလက်များ ရှိနေသည့်အတွက်ကြောင့်ဖြစ်သည်။ တစ်ကမ္ဘာလုံးကိုလွှမ်း မိုးထားနိုင်သည့်အနောက်မီဒီယာများသည် မြေပြင်အရှိတရားများကိုလက်ခံရန် ငြင်းဆန်နေကြသည်။ အနောက်မီဒီယာများသည် (၂၀၂၄) ခုနှစ် အောက်တိုဘာလ(၂၂)ရက်မှ (၂၄) ရက်အထိ ရုရှားနိုင်ငံ ခါဆန် မြို့တွင် ကျင်းပခဲ့သည့် BRICS အစည်းအဝေးများ ကို အရေးမပါသယောင်ဖော်ပြကြပြီး G7 အစည်းအဝေးများကိုမူ ဓာတ်ပုံများနှင့်တကွ ဝေဝေဆာဆာ ဖော်ပြတင်ဆက်နေကြသည်။
G7 မှာ မည်သည့်အတွက်ကြောင့် နေဝင်ချိန် ရောက်လာသည့်အဖွဲ့အစည်းဖြစ်နေရပါသနည်း။ ပထမအချက်မှာ G7 ၏ ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုရှယ်ယာ ကျဆင်းနေခြင်း ကြောင့်ဖြစ်သည်။ (၁၉၉၀) ပြည့်နှစ် စစ်အေးခေတ် အဆုံးသတ်ချိန်တွင် G7 ၏ ကမ္ဘာလုံးဆိုင်ရာ ပြည် တွင်းအသားတင်ထုတ်လုပ်မှုရှယ်ရာမှာ (၆၆) ရာခိုင်နှုန်းရှိသည်။ BRICS မှာ ထိုအချိန်က အဖွဲ့အစည်းကို ပင်မဖွဲ့ရသေးပါ။ ယခုအခါ G7 ၏ ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်းအသားတင်ထုတ်လုပ်မှု ရှယ်ယာမှာ (၄၅) ရာခိုင်နှုန်းအထိကျဆင်းလာခဲ့ပြီး BRICS ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုရှယ်ယာမှာ (၂၄) ရာ ခိုင်နှုန်းတက်လာခဲ့သည်။ ဝယ်ယူနိုင်စွမ်းအား purchasing power parity–PPP) နှင့်နှိုင်းယှဉ်ကြည့် ပါကလည်း BRICS ၏ရှယ်ယာ (၃၄) ရာခိုင်နှုန်းမှာ G7 ၏ ရှယ်ယာ (၂၉) ရာခိုင်နှုန်းထက် ပိုမိုကြီးမားနေ သည်ကို တွေ့ရသည်။ ယင်းမှာ အဖွဲ့အစည်းနှစ်ခု၏ ရှေ့လားရာကိုလည်း ရှင်းရှင်းလင်းလင်းမြင်တွေ့နေ ရသည်။ G7 သည် အရွယ်အစားအားဖြင့် သေးငယ်လာပြီး BRICS မှာမူ ကြီးထွားလာသည်ကို တွေ့ရ သည်။
ဒုတိယအချက်မှာ G7 အတွင်း ပါဝါဖွဲ့စည်းမှုမှာလည်း သိသိသာသာရွေ့လျားလာသည်။ G7 ကို (၁၉၇၀) ပြည့်နှစ်နောက်ပိုင်းဖွဲ့စည်းခဲ့ချိန်တွင် အဖွဲ့ ဝင်ခုနစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ဗြိ တိန်၊ ပြင်သစ်၊ အီတလီ၊ ကနေဒါနိုင်ငံတို့သည် အီးယူ နှင့် တန်းတူရည်တူတွေ့ဆုံနိုင်ခဲ့ကြသည်။ (၁၉၈၀) ပြည့်နှစ်တွင် ဗြိတိန်ဝန်ကြီးချုပ် Margaret Thatcher ၊ ပြင်သစ်သမ္မတ Francois Mitterrand နှင့် ဂျာမနီဝန်ကြီးချုပ် Helmut schmidt ကဲ့သို့သော ခေါင်းဆောင်များသည် အမေရိကန်သမ္မတနှင့် တန်း တူရည်တူအဖြစ် တွေ့ဆုံနိုင်ခဲ့ကြသည်။
ယခုအခါ G7 အစည်းအဝေးများသည် ပြယုဂ် သက်သက်သာဖြစ်လာသည်။ G7 နိုင်ငံ အားလုံး ပေါင်းထားသည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP တွင် အမေရိကန်၏ရှယ်ယာသည် (၂၀ဝဝ)ပြည့် နှစ်တွင် (၄၆) ရာခိုင်နှုန်းရှိရာမှ (၂၀၂၄) ခုနှစ်တွင် (၅၉) ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့သည်။ အခြား သော G7 နိုင်ငံများသည်လည်း အမေရိကန်နိုင်ငံ၏ ဩဇာခံနိုင်ငံများဖြစ်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှုမှာ ဆုံးရှုံးလာပြီဖြစ်သည်။ G7 နှင့် မတူကွဲပြားသည့်အချက်မှာ BRICS ကို စတင်ဖွဲ့ စည်းတည်ထောင်ခဲ့ကြသည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတွင် တရုတ် နိုင်ငံ၏ ရှယ်ယာမှာ (၂၀၂၄) ခုနှစ်တွင် (၆၈) ရာခိုင်နှုန်းရှိသော်လည်း BRICS ၏ မည်သည့်အဖွဲ့ဝင်နိုင်ငံမျှ တရုတ် နိုင်ငံ၏ဩဇာခံနိုင်ငံဘဝသို့ရောက်ရှိခဲ့ခြင်း မရှိပါ။ ထိုကဲ့သို့ ဩဇာခံနိုင်ငံဘဝသို့ရောက်ရှိခြင်းမရှိသည့် အပြင် ပိုမိုလွတ်လပ်ပြီး အမှီအခိုကင်းလာကြ သည်။ ကျန်အဖွဲ့ဝင်နိုင်ငံများသည် မည်သည့်နည်းနှင့် မှ လည်း တရုတ်နိုင်ငံ၏ဩဇာခံဘဝသို့ ရောက်သွားနိုင်သည့်အခြေအနေလည်းမရှိပါ။ ထိုသို့ဖြစ်ခြင်း ကြောင့်လည်း BRICS အဖွဲ့သို့ ဝင်ရောက်လိုသည့် နိုင်ငံအရေအတွက်မှာလည်း တစ်နေ့တခြား ပိုမိုများလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အီဂျစ်၊ ယူအေအီး၊ အီသီယိုးပီးယားနှင့် အီရန် နိုင်ငံတို့သည် (၂၀၂၄) ခုနှစ် ဇန်နဝါရီလတွင် BRICS ၏ အဖွဲ့ဝင်နိုင်ငံများဖြစ်လာခဲ့ကြသည်။ (၂၀၂၄) ခုနှစ် အောက်တိုဘာလတွင် ရုရှားနိုင်ငံ ခါဆန်မြို့တွင် ပြုလုပ်သည့် BRICS ထိပ်သီးအစည်းအဝေးတွင်လည်း အယ်လ်ဂျီးရီးယား၊ ဘီလာရု၊ ဘိုလီးဗီးယား၊ ကျူး ဘား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ထိုင်း၊ တူကီယဲလ်၊ ယူဂန်ဒါ၊ ဥဇဘက် ကစ္စ တန်နှင့် ဗီယက်နမ်နိုင်ငံတို့သည် (၂၀၂၄) ခုနှစ် အောက်တိုဘာလတွင် BRICS ၏ မိတ်ဖက်နိုင်ငံများ အဖြစ် ဝင်ရောက်ခဲ့ကြသည်။ BRICS သည် အဖွဲ့ဝင်ဦးရေကိုလည်း ဆက်လက်တိုးချဲ့လျက်ရှိသည်။ အခြားရှစ်နိုင်ငံမှာလည်း အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားခဲ့ကြသည်။ နိုင်ငံပေါင်း (၄၀)ကျော် တို့သည် လည်း BRICS အဖွဲ့သို့ဝင်ရောက်ရေးစိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ Global South နိုင်ငံများသည် BRICS အဖွဲ့ဝင်ဖြစ်ရန် အထူးစိတ်ဝင်စားကြသည်။ Global South နိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းသည် များစွာအကျိုးအမြတ်ရှိသည့်အတွက် BRICS အဖွဲ့သို့ဝင်ရောက်ရန် စဉ်းစားခြင်းဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အလေးအနက် စဉ်းစားသင့်သည့်အချက်တစ်ချက်လည်း ရှိသည်။ (၂၀ဝဝ) ပြည့်နှစ်တွင် ထိုအချိန်က အိန္ဒိယဝန်ကြီးချုပ် မမ်မိုဟန်ဆင်း၊ တရုတ်သမ္မတ ဟူကျင်တောင်၊ ဘရာဇီးလ်သမ္မတလူလာနှင့် တောင်အာဖရိကသမ္မတ သာဘိုဘက်ကီ (Thabo Mbeki) တို့ကို G7အစည်း အဝေးများသို့ ဧည့်သည့်တော်အဖြစ်တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။ သို့သော် BRICS ခေါင်းဆောင် များအား တလေးတစားဖြင့် တန်းတူရည်တူဆက်ဆံခြင်းမရှိဘဲ G7 အစည်းအဝေးတွင် စောင့်နေကြရ သည့်အဖြည့်ခံများအဖြစ် သဘောထားခဲ့ကြသည်။ အိန္ဒိယဝန်ကြီးချုပ် မမ်မိုဟန်ဆင်းကဲ့သို့သော အရိုးခံ ခေါင်းဆောင်တစ်ဦးကပင်လျှင် စော်ကားသည်ဟုခံစားရကြောင်း၊ G7 လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်မရခဲ့ ကြောင်း၊ ယခုလာရောက်ခြင်းသည် မိတ်ဖက်အဖွဲ့အစည်းအနေဖြင့်လာရောက်ခြင်းဖြစ်ပြီး အသနားခံရန် လာရောက်ခြင်းမဟုတ်ကြောင်း ထုတ်ပြောခဲ့သည်။ G7 လုပ်ငန်းစဉ်များတွင် မိမိတို့အမြင်ကို ထည့်သွင်း ဆွေးနွေးခွင့်ရှိရမည်ဖြစ်ကြောင်း၊ တန်းတူရည်တူရှိပြီး မျှတသည့် စီမံခန့်ခွဲမှုရှိရမည်ဖြစ်ကြောင်း ထုတ် ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
တတိယအချက်မှာ G7 နိုင်ငံများသည် ပထဝီနိုင်ငံရေးအရ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ လမ်းပျောက် နေကြခြင်းဖြစ်သည်။ ထိခိုက်နာကျင်မှုအများဆုံးဖြစ် ခဲ့ရသည့်စစ်ပွဲနှစ်ပွဲမှာ ယူကရိန်းစစ်ပွဲနှင့် ဂါဇာစစ်ပွဲ ဖြစ်သည်။ ရုရှားတို့ ယူကရိန်းနိုင်ငံကိုတိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ တရားဝင်သည်မဝင်သည်ကို ပြော လိုခြင်းမဟုတ်ပါ။ အစ္စရေးတို့တွင်လည်း ဟားမတ်စ်တို့၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ခုခံပိုင်ခွင့်ရှိသည်။ ဆိုလိုသည်မှာ G7 နိုင်ငံများသည်သာ ပထဝီနိုင်ငံရေးအားပြိုင်မှုတွင် ပခုံးချင်းယှဉ်နိုင်ကြောင်း သက်သေ ပြနိုင်ခဲ့မည်ဆိုလျှင် အဆိုပါ စစ်ပွဲနှစ်ပွဲကို တားဆီးနိုင်ခဲ့လိမ့်မည်ဟု အနာဂတ်သမိုင်းဆရာများက မှတ် တမ်းတင်ကြပါလိမ့်မည်။
ရုရှားနိုင်ငံအနေဖြင့် နေတိုး၏ နယ်မြေချဲ့ထွင်လာမှုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်လာနိုင် သည်ဟု အမေရိကန်နိုင်ငံ၏ (၂၀) ရာစု မဟာဗျူဟာ အတွေးအခေါ်ပညာရှင်နှစ်ဦးဖြစ်သည့် George Kennan နှင့် Henry Kissinger တို့က ကြိုတင်သတိပေးခဲ့ဖူးသည်။ (၁၉၉၈) ကာလကို ပြန်ငဲ့ကြည့်ပါက George Kenan သည် နယူးယောက်တိုင်းစ်သတင်းစာ၏ နိုင်ငံရေးလေ့လာသုံးသပ်သူ Tom Friedman ကို ပြောဆိုခဲ့သည့်အချက်မှာ စိတ်ဝင်စားစရာကောင်း သည်။ “ယခုအခါ စစ်အေးခေတ်သစ်၏အစပိုင်းကို ရောက်ရှိနေပြီဟု ယူဆကြောင်း၊ ရုရှားနိုင်ငံက အသေအချာ လက်တုံ့ပြန်မည်ဖြစ်ရာ အီးယူ၏မူဝါဒများ အပေါ် သက်ရောက်လာမည်ဖြစ်ကြောင်း၊ ယင်းမှာ ကြေကွဲစရာအမှားတစ်ခုဖြစ်သည်ဟု ထင်မြင် ကြောင်း၊ မည်သူက မည်သူ့ကိုမှ ခြိမ်းခြောက်နေခြင်း မရှိကြောင်း၊ နေတိုးအဖွဲ့ကိုချဲ့ထွင်ခြင်းသည် ကိုယ့် သေတွင်းကိုယ်တူးနေခြင်းဖြစ်ကြောင်း၊ မိမိတို့တွင် ကာကွယ်နိုင်သည့်အရင်းအမြစ်နှင့် ကာကွယ်နိုင်စွမ်း မရှိဘဲ နိုင်ငံအများအပြားကိုကာကွယ်ပေးမည်ဟု လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း၊ နေတိုးအဖွဲ့ကို ချဲ့ ထွင်ခြင်းသည် နိုင်ငံခြားရေးရာကိစ္စတွင် စစ်မှန်သည့် အကျိုးစီးပွားဟူ၍လည်း လက်ဆုပ်လက်ကိုင်ပြ စရာ မရှိကြောင်း၊ စစ်အေးခေတ်တွင် မိမိတို့၏ မတူကွဲပြားမှုမှာ ဆိုဗီယက်ကွန်မြူနစ်အစိုးရနှင့် ဖြစ် ကြောင်း၊ ယခုအခါ ဆိုဗီယက်ကွန်မြူနစ်အစိုးရကို သွေးထွက်သံယိုမရှိဘဲ ဖယ်ရှားနိုင်ခဲ့ကြသည့်ပြည်သူ များကို ကျောခိုင်းသကဲ့သို့ဖြစ်နေကြောင်း George Kenan က သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်း၏ သတိပေးပြောဆိုချက်များမှာ ရှင်းလင်းတိကျမှုရှိလှသည်။ အီးယူသည် ၎င်း၏အကြံပြုချက်ကို လျစ်လျူ ရှုခဲ့သည်။ ယခုအခါ အဆိုပါ လျစ်လျူရှုမှုအတွက် ထိုက်တန်သည့်တန်ဖိုးကို ပြန်ပြီးပေးဆပ်နေရသည်။
G7 နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ပြီး အထီးကျန်ဖြစ်စေရန် ကြိုး ပမ်းကြသည်။ သို့သော် ကမ္ဘာ့လူဦးရေ၏ (၈၇) ရာခိုင် နှုန်းသည် ၎င်းတို့၏နောက်သို့ လိုက်ပါခဲ့ခြင်း မရှိခဲ့ကြပါ။ ရုရှားကို အထီးကျန်ဖြစ်စေရန်ကြိုးပမ်းခဲ့ကြောင်း အီးယူခေါင်းဆောင်များက ကျယ်ကျယ်လောင် လောင် ပြောဆိုခဲ့ကြသည်။ သို့သော် G7 သည် ၎င်းတို့နောက်သို့ အများစုကလိုက်မလာသည့်အချိန်တွင် ကိုယ်တိုင် အထီးကျန်ဖြစ်လာခဲ့သည်။ ယင်းမှာ G7 ခေါင်းဆောင်များ အထူးအလေးအနက်ထားစဉ်းစား သင့်သည့်အချက်ဖြစ်သည်။
(၂၀၂၄) ခုနှစ် နိုဝင်ဘာလတွင် သမ္မတဒေါ်နယ် ထရမ့် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်း မခံရမီ ကတည်းကပင် G7 ခေါင်းဆောင်များအနေဖြင့် ဗဟုဝင်ရိုးကမ္ဘာနှင့် ယဉ်ကျေးမှုအစုံ ရှင်သန် အား ကောင်းနေသည့် ကမ္ဘာ့အထိုင်တွင် လမ်းပျောက်နေခဲ့ခြင်းဖြစ်သည်။ G7 အဖွဲ့ဝင်နိုင်ငံများသည် သမ္မတ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန်လာချိန်တွင် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့လာရခြင်းဖြစ်သည်။ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နေကြသော်လည်း ခေါင်းငိုက်စိုက် ကျနေကြပြီဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်သည် ပွင့်ပွင့်လင်းလင်း ပြောတတ်သူတစ်ဦးဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ အမေရိကန်ကို တစ်ဖန်ပြန်၍ ကြီးကျယ်ခမ်းနားအောင် ပြုလုပ်မည် (Make American Great Again) ဟူ ၍ဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ G7 နှင့် အနောက် နိုင်ငံများကို တစ်ဖန်ပြန်၍ ကြီး ကျယ်ခမ်းနားအောင်ပြု လုပ်မည်ဟု ပြောဆိုခြင်းမဟုတ်ပါ။ တရုတ်နိုင်ငံကဲ့သို့သော ပြိုင်ဘက်များ အပေါ်တွင် စည်းကြပ်ခွန်များ တိုး မြှင့်နိုင်သကဲ့သို့ ကနေဒါနှင့်မက္ကဆီကို၊ အီးယူ အဖွဲ့ ဝင်နိုင်ငံများ၊ ဂျပန် နှင့် တောင်ကိုရီးယားကဲ့သို့သော မဟာမိတ်နှင့်မိတ်ဆွေနိုင်ငံများအပေါ်တွင် စည်းကြပ်ခွန်များ တိုးမြှင့် ကောင်းတိုးမြှင့်နိုင်သည်။ အမေရိကန်၏ မဟာမိတ်နိုင်ငံများတွင်လည်း တာဝန်ရှိကြောင်း သမ္မတဒေါ် နယ်ထရမ့်က ထပ်ဖန်တလဲလဲ ပြောဆိုထားသည်။
အမေရိကန်နိုင်ငံသည် နှစ်ပေါင်းများစွာ နေတိုး ၏စရိတ်အားလုံးနီးပါးကို ကျခံသုံးစွဲပေးနေရ သည်ဟုလည်း ထုတ်ပြောထားပြီးဖြစ်သည်။ G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အဖွဲ့တည်ထောင်ရ သည့်ရည်ရွယ်ချက်ကို ပြန်လည်စဉ်းစားသုံးသပ်သင့်သည်။ G7 ကို မည်သည့်အတွက်ဖွဲ့စည်းတည်ထောင် ထားသနည်း။ G7 ခေါင်းဆောင်များ စုပေါင်းဓာတ်ပုံရိုက်ရုံ သက်သက်လား၊ စတင်တည်ထောင်စဉ်က ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်သလားဆိုသည်ကို အလေးထားစဉ်းစားသင့်သည်။ သို့မဟုတ်ပါက အီးယူ အဖွဲ့ဝင်နိုင်ငံအချို့သည်ပင်လျှင် BRICS သို့ဝင်ရောက်ရန်စဉ်းစားလာနိုင်သည်။ ယင်းမှာ လတ်တ လောအားဖြင့် ဖြစ်နိုင်သည့်အရာမဟုတ်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် မကြာမီကာလအတွင်း လက်တွေ့ဖြစ်လာနိုင်သည်။
zawgyi version
G7 ႏွင့္ BRICS ဘယ္သူအသာရေနၿပီလဲ
သန္းထိုက္စိုး (NP News) - မတ္ ၇
စက္မႈအင္အားႀကီးထိပ္သီးခုနစ္ႏိုင္ငံ (G7) အဖြဲ႕သည္ ေနဝင္ခ်ိန္ေရာက္ေနသည့္အဖြဲ႕အစည္းတစ္ ခုျဖစ္ၿပီး BRICS သည္ ေရာင္နီသမ္းလာသည့္အဖြဲ႕အစည္းတစ္ခုျဖစ္လာသည္။ ထိုသို႔ေျပာရျခင္းမွာ ျငင္း ခ်က္ထုတ္၍မရႏိုင္သည့္အခ်က္အလက္မ်ား ရွိေနသည့္အတြက္ေၾကာင့္ျဖစ္သည္။ တစ္ကမာၻလုံးကိုလႊမ္း မိုးထားႏိုင္သည့္အေနာက္မီဒီယာမ်ားသည္ ေျမျပင္အရွိတရားမ်ားကိုလက္ခံရန္ ျငင္းဆန္ေနၾကသည္။ အေနာက္မီဒီယာမ်ားသည္ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလ(၂၂)ရက္မွ (၂၄) ရက္အထိ ႐ုရွားႏိုင္ငံ ခါဆန္ ၿမိဳ႕တြင္ က်င္းပခဲ့သည့္ BRICS အစည္းအေဝးမ်ား ကို အေရးမပါသေယာင္ေဖာ္ျပၾကၿပီး G7 အစည္းအေဝးမ်ားကိုမူ ဓာတ္ပုံမ်ားႏွင့္တကြ ေဝေဝဆာဆာ ေဖာ္ျပတင္ဆက္ေနၾကသည္။
G7 မွာ မည္သည့္အတြက္ေၾကာင့္ ေနဝင္ခ်ိန္ ေရာက္လာသည့္အဖြဲ႕အစည္းျဖစ္ေနရပါသနည္း။ ပထမအခ်က္မွာ G7 ၏ ကမာၻလုံးဆိုင္ရာ ျပည္တြင္းအသားတင္ထုတ္လုပ္မႈရွယ္ယာ က်ဆင္းေနျခင္း ေၾကာင့္ျဖစ္သည္။ (၁၉၉၀) ျပည့္ႏွစ္ စစ္ေအးေခတ္ အဆုံးသတ္ခ်ိန္တြင္ G7 ၏ ကမာၻလုံးဆိုင္ရာ ျပည္ တြင္းအသားတင္ထုတ္လုပ္မႈရွယ္ရာမွာ (၆၆) ရာခိုင္ႏႈန္းရွိသည္။ BRICS မွာ ထိုအခ်ိန္က အဖြဲ႕အစည္းကို ပင္မဖြဲ႕ရေသးပါ။ ယခုအခါ G7 ၏ ကမာၻလုံးဆိုင္ရာ ျပည္တြင္းအသားတင္ထုတ္လုပ္မႈ ရွယ္ယာမွာ (၄၅) ရာခိုင္ႏႈန္းအထိက်ဆင္းလာခဲ့ၿပီး BRICS ၏ ျပည္တြင္း အသားတင္ထုတ္လုပ္မႈရွယ္ယာမွာ (၂၄) ရာ ခိုင္ႏႈန္းတက္လာခဲ့သည္။ ဝယ္ယူႏိုင္စြမ္းအား purchasing power parity–PPP) ႏွင့္ႏႈိင္းယွဥ္ၾကည့္ ပါကလည္း BRICS ၏ရွယ္ယာ (၃၄) ရာခိုင္ႏႈန္းမွာ G7 ၏ ရွယ္ယာ (၂၉) ရာခိုင္ႏႈန္းထက္ ပိုမိုႀကီးမားေန သည္ကို ေတြ႕ရသည္။ ယင္းမွာ အဖြဲ႕အစည္းႏွစ္ခု၏ ေရွ႕လားရာကိုလည္း ရွင္းရွင္းလင္းလင္းျမင္ေတြ႕ေန ရသည္။ G7 သည္ အ႐ြယ္အစားအားျဖင့္ ေသးငယ္လာၿပီး BRICS မွာမူ ႀကီးထြားလာသည္ကို ေတြ႕ရ သည္။
ဒုတိယအခ်က္မွာ G7 အတြင္း ပါဝါဖြဲ႕စည္းမႈမွာလည္း သိသိသာသာေ႐ြ႕လ်ားလာသည္။ G7 ကို (၁၉၇၀) ျပည့္ႏွစ္ေနာက္ပိုင္းဖြဲ႕စည္းခဲ့ခ်ိန္တြင္ အဖြဲ႕ ဝင္ခုနစ္ႏိုင္ငံျဖစ္သည့္ အေမရိကန္၊ ဂ်ပန္၊ ဂ်ာမနီ၊ ၿဗိ တိန္၊ ျပင္သစ္၊ အီတလီ၊ ကေနဒါႏိုင္ငံတို႔သည္ အီးယူ ႏွင့္ တန္းတူရည္တူေတြ႕ဆုံႏိုင္ခဲ့ၾကသည္။ (၁၉၈၀) ျပည့္ႏွစ္တြင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Margaret Thatcher ၊ ျပင္သစ္သမၼတ Francois Mitterrand ႏွင့္ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Helmut schmidt ကဲ့သို႔ေသာ ေခါင္းေဆာင္မ်ားသည္ အေမရိကန္သမၼတႏွင့္ တန္း တူရည္တူအျဖစ္ ေတြ႕ဆုံႏိုင္ခဲ့ၾကသည္။
ယခုအခါ G7 အစည္းအေဝးမ်ားသည္ ျပယုဂ္ သက္သက္သာျဖစ္လာသည္။ G7 ႏိုင္ငံ အားလုံး ေပါင္းထားသည့္ ျပည္တြင္းအသားတင္ထုတ္လုပ္မႈ GDP တြင္ အေမရိကန္၏ရွယ္ယာသည္ (၂၀ဝဝ)ျပည့္ ႏွစ္တြင္ (၄၆) ရာခိုင္ႏႈန္းရွိရာမွ (၂၀၂၄) ခုႏွစ္တြင္ (၅၉) ရာခိုင္ႏႈန္းအထိျမင့္တက္လာခဲ့သည္။ အျခား ေသာ G7 ႏိုင္ငံမ်ားသည္လည္း အေမရိကန္ႏိုင္ငံ၏ ဩဇာခံႏိုင္ငံမ်ားျဖစ္လာၿပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္မႈမွာ ဆုံးရႈံးလာၿပီျဖစ္သည္။ G7 ႏွင့္ မတူကြဲျပားသည့္အခ်က္မွာ BRICS ကို စတင္ဖြဲ႕ စည္းတည္ေထာင္ခဲ့ၾကသည့္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ျပည္တြင္းအသားတင္ထုတ္လုပ္မႈတြင္ တ႐ုတ္ ႏိုင္ငံ၏ ရွယ္ယာမွာ (၂၀၂၄) ခုႏွစ္တြင္ (၆၈) ရာခိုင္ႏႈန္းရွိေသာ္လည္း BRICS ၏ မည္သည့္အဖြဲ႕ဝင္ႏိုင္ငံမွ် တ႐ုတ္ ႏိုင္ငံ၏ဩဇာခံႏိုင္ငံဘဝသို႔ေရာက္ရွိခဲ့ျခင္း မရွိပါ။ ထိုကဲ့သို႔ ဩဇာခံႏိုင္ငံဘဝသို႔ေရာက္ရွိျခင္းမရွိသည့္ အျပင္ ပိုမိုလြတ္လပ္ၿပီး အမွီအခိုကင္းလာၾက သည္။ က်န္အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ မည္သည့္နည္းႏွင့္ မွ လည္း တ႐ုတ္ႏိုင္ငံ၏ဩဇာခံဘဝသို႔ ေရာက္သြားႏိုင္သည့္အေျခအေနလည္းမရွိပါ။ ထိုသို႔ျဖစ္ျခင္း ေၾကာင့္လည္း BRICS အဖြဲ႕သို႔ ဝင္ေရာက္လိုသည့္ ႏိုင္ငံအေရအတြက္မွာလည္း တစ္ေန႔တျခား ပိုမိုမ်ားလာခဲ့ျခင္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္။
အီဂ်စ္၊ ယူေအအီး၊ အီသီယိုးပီးယားႏွင့္ အီရန္ ႏိုင္ငံတို႔သည္ (၂၀၂၄) ခုႏွစ္ ဇန္နဝါရီလတြင္ BRICS ၏ အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္လာခဲ့ၾကသည္။ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလတြင္ ႐ုရွားႏိုင္ငံ ခါဆန္ၿမိဳ႕တြင္ ျပဳလုပ္သည့္ BRICS ထိပ္သီးအစည္းအေဝးတြင္လည္း အယ္လ္ဂ်ီးရီးယား၊ ဘီလာ႐ု၊ ဘိုလီးဗီးယား၊ က်ဴး ဘား၊ အင္ဒိုနီးရွား၊ ကာဇက္စတန္၊ မေလးရွား၊ ႏိုင္ဂ်ီးရီးယား၊ ထိုင္း၊ တူကီယဲလ္၊ ယူဂန္ဒါ၊ ဥဇဘက္ ကစၥ တန္ႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔သည္ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလတြင္ BRICS ၏ မိတ္ဖက္ႏိုင္ငံမ်ား အျဖစ္ ဝင္ေရာက္ခဲ့ၾကသည္။ BRICS သည္ အဖြဲ႕ဝင္ဦးေရကိုလည္း ဆက္လက္တိုးခ်ဲ႕လ်က္ရွိသည္။ အျခားရွစ္ႏိုင္ငံမွာလည္း အဖြဲ႕ဝင္ျဖစ္ေရး ေလွ်ာက္ထားခဲ့ၾကသည္။ ႏိုင္ငံေပါင္း (၄၀)ေက်ာ္ တို႔သည္ လည္း BRICS အဖြဲ႕သို႔ဝင္ေရာက္ေရးစိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသည္။ Global South ႏိုင္ငံမ်ားသည္ BRICS အဖြဲ႕ဝင္ျဖစ္ရန္ အထူးစိတ္ဝင္စားၾကသည္။ Global South ႏိုင္ငံမ်ားအတြင္း ပူးေပါင္းေဆာင္႐ြက္ျခင္းသည္ မ်ားစြာအက်ိဳးအျမတ္ရွိသည့္အတြက္ BRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ စဥ္းစားျခင္းျဖစ္ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ Anwar Ibrahim ကလည္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ အေလးအနက္ စဥ္းစားသင့္သည့္အခ်က္တစ္ခ်က္လည္း ရွိသည္။ (၂၀ဝဝ) ျပည့္ႏွစ္တြင္ ထိုအခ်ိန္က အိႏၵိယဝန္ႀကီးခ်ဳပ္ မမ္မိုဟန္ဆင္း၊ တ႐ုတ္သမၼတ ဟူက်င္ေတာင္၊ ဘရာဇီးလ္သမၼတလူလာႏွင့္ ေတာင္အာဖရိကသမၼတ သာဘိုဘက္ကီ (Thabo Mbeki) တို႔ကို G7အစည္း အေဝးမ်ားသို႔ ဧည့္သည့္ေတာ္အျဖစ္တက္ေရာက္ရန္ ဖိတ္ၾကားခဲ့သည္။ သို႔ေသာ္ BRICS ေခါင္းေဆာင္ မ်ားအား တေလးတစားျဖင့္ တန္းတူရည္တူဆက္ဆံျခင္းမရွိဘဲ G7 အစည္းအေဝးတြင္ ေစာင့္ေနၾကရ သည့္အျဖည့္ခံမ်ားအျဖစ္ သေဘာထားခဲ့ၾကသည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ မမ္မိုဟန္ဆင္းကဲ့သို႔ေသာ အ႐ိုးခံ ေခါင္းေဆာင္တစ္ဦးကပင္လွ်င္ ေစာ္ကားသည္ဟုခံစားရေၾကာင္း၊ G7 လုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ခြင့္မရခဲ့ ေၾကာင္း၊ ယခုလာေရာက္ျခင္းသည္ မိတ္ဖက္အဖြဲ႕အစည္းအေနျဖင့္လာေရာက္ျခင္းျဖစ္ၿပီး အသနားခံရန္ လာေရာက္ျခင္းမဟုတ္ေၾကာင္း ထုတ္ေျပာခဲ့သည္။ G7 လုပ္ငန္းစဥ္မ်ားတြင္ မိမိတို႔အျမင္ကို ထည့္သြင္း ေဆြးေႏြးခြင့္ရွိရမည္ျဖစ္ေၾကာင္း၊ တန္းတူရည္တူရွိၿပီး မွ်တသည့္ စီမံခန႔္ခြဲမႈရွိရမည္ျဖစ္ေၾကာင္း ထုတ္ ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။
တတိယအခ်က္မွာ G7 ႏိုင္ငံမ်ားသည္ ပထဝီႏိုင္ငံေရးအရ ယွဥ္ၿပိဳင္ႏိုင္စြမ္းမရွိဘဲ လမ္းေပ်ာက္ ေနၾကျခင္းျဖစ္သည္။ ထိခိုက္နာက်င္မႈအမ်ားဆုံးျဖစ္ ခဲ့ရသည့္စစ္ပြဲႏွစ္ပြဲမွာ ယူကရိန္းစစ္ပြဲႏွင့္ ဂါဇာစစ္ပြဲ ျဖစ္သည္။ ႐ုရွားတို႔ ယူကရိန္းႏိုင္ငံကိုတိုက္ခိုက္ခဲ့ျခင္းႏွင့္ပတ္သက္၍ တရားဝင္သည္မဝင္သည္ကို ေျပာ လိုျခင္းမဟုတ္ပါ။ အစၥေရးတို႔တြင္လည္း ဟားမတ္စ္တို႔၏ တိုက္ခိုက္မႈႏွင့္ပတ္သက္၍ ခုခံပိုင္ခြင့္ရွိသည္။ ဆိုလိုသည္မွာ G7 ႏိုင္ငံမ်ားသည္သာ ပထဝီႏိုင္ငံေရးအားၿပိဳင္မႈတြင္ ပခုံးခ်င္းယွဥ္ႏိုင္ေၾကာင္း သက္ေသ ျပႏိုင္ခဲ့မည္ဆိုလွ်င္ အဆိုပါ စစ္ပြဲႏွစ္ပြဲကို တားဆီးႏိုင္ခဲ့လိမ့္မည္ဟု အနာဂတ္သမိုင္းဆရာမ်ားက မွတ္ တမ္းတင္ၾကပါလိမ့္မည္။
႐ုရွားႏိုင္ငံအေနျဖင့္ ေနတိုး၏ နယ္ေျမခ်ဲ႕ထြင္လာမႈအေပၚ ျပင္းျပင္းထန္ထန္ တုံ႔ျပန္လာႏိုင္ သည္ဟု အေမရိကန္ႏိုင္ငံ၏ (၂၀) ရာစု မဟာဗ်ဴဟာ အေတြးအေခၚပညာရွင္ႏွစ္ဦးျဖစ္သည့္ George Kennan ႏွင့္ Henry Kissinger တို႔က ႀကိဳတင္သတိေပးခဲ့ဖူးသည္။ (၁၉၉၈) ကာလကို ျပန္ငဲ့ၾကည့္ပါက George Kenan သည္ နယူးေယာက္တိုင္းစ္သတင္းစာ၏ ႏိုင္ငံေရးေလ့လာသုံးသပ္သူ Tom Friedman ကို ေျပာဆိုခဲ့သည့္အခ်က္မွာ စိတ္ဝင္စားစရာေကာင္း သည္။ “ယခုအခါ စစ္ေအးေခတ္သစ္၏အစပိုင္းကို ေရာက္ရွိေနၿပီဟု ယူဆေၾကာင္း၊ ႐ုရွားႏိုင္ငံက အေသအခ်ာ လက္တုံ႔ျပန္မည္ျဖစ္ရာ အီးယူ၏မူဝါဒမ်ား အေပၚ သက္ေရာက္လာမည္ျဖစ္ေၾကာင္း၊ ယင္းမွာ ေၾကကြဲစရာအမွားတစ္ခုျဖစ္သည္ဟု ထင္ျမင္ ေၾကာင္း၊ မည္သူက မည္သူ႔ကိုမွ ၿခိမ္းေျခာက္ေနျခင္း မရွိေၾကာင္း၊ ေနတိုးအဖြဲ႕ကိုခ်ဲ႕ထြင္ျခင္းသည္ ကိုယ့္ ေသတြင္းကိုယ္တူးေနျခင္းျဖစ္ေၾကာင္း၊ မိမိတို႔တြင္ ကာကြယ္ႏိုင္သည့္အရင္းအျမစ္ႏွင့္ ကာကြယ္ႏိုင္စြမ္း မရွိဘဲ ႏိုင္ငံအမ်ားအျပားကိုကာကြယ္ေပးမည္ဟု လက္မွတ္ေရးထိုးျခင္းျဖစ္ေၾကာင္း၊ ေနတိုးအဖြဲ႕ကို ခ်ဲ႕ ထြင္ျခင္းသည္ ႏိုင္ငံျခားေရးရာကိစၥတြင္ စစ္မွန္သည့္ အက်ိဳးစီးပြားဟူ၍လည္း လက္ဆုပ္လက္ကိုင္ျပ စရာ မရွိေၾကာင္း၊ စစ္ေအးေခတ္တြင္ မိမိတို႔၏ မတူကြဲျပားမႈမွာ ဆိုဗီယက္ကြန္ျမဴနစ္အစိုးရႏွင့္ ျဖစ္ ေၾကာင္း၊ ယခုအခါ ဆိုဗီယက္ကြန္ျမဴနစ္အစိုးရကို ေသြးထြက္သံယိုမရွိဘဲ ဖယ္ရွားႏိုင္ခဲ့ၾကသည့္ျပည္သူ မ်ားကို ေက်ာခိုင္းသကဲ့သို႔ျဖစ္ေနေၾကာင္း George Kenan က သတိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။ ၎၏ သတိေပးေျပာဆိုခ်က္မ်ားမွာ ရွင္းလင္းတိက်မႈရွိလွသည္။ အီးယူသည္ ၎၏အႀကံျပဳခ်က္ကို လ်စ္လ်ဴ ရႈခဲ့သည္။ ယခုအခါ အဆိုပါ လ်စ္လ်ဴရႈမႈအတြက္ ထိုက္တန္သည့္တန္ဖိုးကို ျပန္ၿပီးေပးဆပ္ေနရသည္။
G7 ႏိုင္ငံမ်ားသည္ ႐ုရွားႏိုင္ငံအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားျပဳလုပ္ၿပီး အထီးက်န္ျဖစ္ေစရန္ ႀကိဳး ပမ္းၾကသည္။ သို႔ေသာ္ ကမာၻ႔လူဦးေရ၏ (၈၇) ရာခိုင္ ႏႈန္းသည္ ၎တို႔၏ေနာက္သို႔ လိုက္ပါခဲ့ျခင္း မရွိခဲ့ၾကပါ။ ႐ုရွားကို အထီးက်န္ျဖစ္ေစရန္ႀကိဳးပမ္းခဲ့ေၾကာင္း အီးယူေခါင္းေဆာင္မ်ားက က်ယ္က်ယ္ေလာင္ ေလာင္ ေျပာဆိုခဲ့ၾကသည္။ သို႔ေသာ္ G7 သည္ ၎တို႔ေနာက္သို႔ အမ်ားစုကလိုက္မလာသည့္အခ်ိန္တြင္ ကိုယ္တိုင္ အထီးက်န္ျဖစ္လာခဲ့သည္။ ယင္းမွာ G7 ေခါင္းေဆာင္မ်ား အထူးအေလးအနက္ထားစဥ္းစား သင့္သည့္အခ်က္ျဖစ္သည္။
(၂၀၂၄) ခုႏွစ္ ႏိုဝင္ဘာလတြင္ သမၼတေဒၚနယ္ ထရမ့္ ျပန္လည္ေ႐ြးေကာက္တင္ေျမႇာက္ျခင္း မခံရမီ ကတည္းကပင္ G7 ေခါင္းေဆာင္မ်ားအေနျဖင့္ ဗဟုဝင္႐ိုးကမာၻႏွင့္ ယဥ္ေက်းမႈအစုံ ရွင္သန္ အား ေကာင္းေနသည့္ ကမာၻ႔အထိုင္တြင္ လမ္းေပ်ာက္ေနခဲ့ျခင္းျဖစ္သည္။ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ သမၼတ ေဒၚနယ္ထရမ့္ တစ္ေက်ာ့ျပန္လာခ်ိန္တြင္ ပထဝီႏိုင္ငံေရးဆိုင္ရာ စိန္ေခၚမႈမ်ားႏွင့္ နဖူးေတြ႕ဒူးေတြ႕ ရင္ဆိုင္ႀကဳံေတြ႕လာရျခင္းျဖစ္သည္။ ဘာမွမျဖစ္သကဲ့သို႔ ဟန္ေဆာင္ေနၾကေသာ္လည္း ေခါင္းငိုက္စိုက္ က်ေနၾကၿပီျဖစ္သည္။ သမၼတေဒၚနယ္ထရမ့္သည္ ပြင့္ပြင့္လင္းလင္း ေျပာတတ္သူတစ္ဦးျဖစ္သည္။ သူ၏ ရည္႐ြယ္ခ်က္မွာ အေမရိကန္ကို တစ္ဖန္ျပန္၍ ႀကီးက်ယ္ခမ္းနားေအာင္ ျပဳလုပ္မည္ (Make American Great Again) ဟူ ၍ျဖစ္သည္။ သူ၏ရည္႐ြယ္ခ်က္မွာ G7 ႏွင့္ အေနာက္ ႏိုင္ငံမ်ားကို တစ္ဖန္ျပန္၍ ႀကီး က်ယ္ခမ္းနားေအာင္ျပဳ လုပ္မည္ဟု ေျပာဆိုျခင္းမဟုတ္ပါ။ တ႐ုတ္ႏိုင္ငံကဲ့သို႔ေသာ ၿပိဳင္ဘက္မ်ား အေပၚတြင္ စည္းၾကပ္ခြန္မ်ား တိုး ျမႇင့္ႏိုင္သကဲ့သို႔ ကေနဒါႏွင့္မကၠဆီကို၊ အီးယူ အဖြဲ႕ ဝင္ႏိုင္ငံမ်ား၊ ဂ်ပန္ ႏွင့္ ေတာင္ကိုရီးယားကဲ့သို႔ေသာ မဟာမိတ္ႏွင့္မိတ္ေဆြႏိုင္ငံမ်ားအေပၚတြင္ စည္းၾကပ္ခြန္မ်ား တိုးျမႇင့္ ေကာင္းတိုးျမႇင့္ႏိုင္သည္။ အေမရိကန္၏ မဟာမိတ္ႏိုင္ငံမ်ားတြင္လည္း တာဝန္ရွိေၾကာင္း သမၼတေဒၚ နယ္ထရမ့္က ထပ္ဖန္တလဲလဲ ေျပာဆိုထားသည္။
အေမရိကန္ႏိုင္ငံသည္ ႏွစ္ေပါင္းမ်ားစြာ ေနတိုး ၏စရိတ္အားလုံးနီးပါးကို က်ခံသုံးစြဲေပးေနရ သည္ဟုလည္း ထုတ္ေျပာထားၿပီးျဖစ္သည္။ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္လည္း အဖြဲ႕တည္ေထာင္ရ သည့္ရည္႐ြယ္ခ်က္ကို ျပန္လည္စဥ္းစားသုံးသပ္သင့္သည္။ G7 ကို မည္သည့္အတြက္ဖြဲ႕စည္းတည္ေထာင္ ထားသနည္း။ G7 ေခါင္းေဆာင္မ်ား စုေပါင္းဓာတ္ပုံ႐ိုက္႐ုံ သက္သက္လား၊ စတင္တည္ေထာင္စဥ္က ရည္႐ြယ္ခ်က္အတိုင္း ေဆာင္႐ြက္ႏိုင္သလားဆိုသည္ကို အေလးထားစဥ္းစားသင့္သည္။ သို႔မဟုတ္ပါက အီးယူ အဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕သည္ပင္လွ်င္ BRICS သို႔ဝင္ေရာက္ရန္စဥ္းစားလာႏိုင္သည္။ ယင္းမွာ လတ္တ ေလာအားျဖင့္ ျဖစ္ႏိုင္သည့္အရာမဟုတ္ဟု ထင္ေကာင္းထင္ႏိုင္သည္။ သို႔ေသာ္ မၾကာမီကာလအတြင္း လက္ေတြ႕ျဖစ္လာႏိုင္သည္။