အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အရပ်ဘက်နေရာတစ်ခုကို ဗုံး(၈)လုံးမှားယွင်းကြဲ

665

Pika (NP News) - မတ် ၇
တောင်ကိုးရီးယား တိုက်လေယာဉ်တစ်စင်း သည် အမေရိကန်စစ်တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုလုပ်ဆောင်ချိန်အတွင်း ရွာတစ်ရွာကို ဗုံး(၈)လုံး မတော်တဆကြဲချမိခဲ့ရာ အရပ်သားများထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်ဘက်ပိုင်ဆိုင်မှုများ ပျက်စီး သွားခဲ့ကြောင်း တောင်ကိုရီးယားလေတပ်ကပြော ကြားခဲ့သည်။
မတ်လ(၆)ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့ သော အဆိုပါဖြစ်ရပ်အတွင်း အနည်းဆုံးလူ(၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယားအမျိုး သားမီးသတ်အေဂျင်စီကပြောကြားခဲ့သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ(၁၅)ဦးအနက် (၁၀)ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ၎င်းတို့အနက်(၂)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း အမျိုးသားမီးသတ် အေဂျင်စီက ပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် စစ်သား(၂)ဦးနှင့် နိုင်ငံခြားသား(၂)ဦးတို့ ပါဝင်ကြောင်း အမျိုးသားမီးသတ်အေဂျင်စီက ထပ်မံပြောကြားခဲ့သည်။
အဆိုပါဗုံးမတော်တဆကြဲချမိမှုကြောင့် ဘုရားကျောင်းတစ်ခုနှင့် အခြားအဆောက်အအုံ အ နည်းဆုံး(၇)လုံးခန့်ပျက်စီးခဲ့ကြောင်း မီးသတ်အာ ဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ တောင်ကိုရီးယားလေတပ်က "တောင်ကိုရီးယားလေတပ်ရဲ့ KF-16 တိုက်လေယာဉ်တစ်စင်းဟာ MK-82 အထွေထွေသုံးဗုံး(၈)လုံးကို အရပ်ဘက် နေရာတစ်ခုကို မတော်တဆကြဲချမိခဲ့ပါတယ်"ဟု ထုတ်ပြန်ပြောဆို ခဲ့သည်။
MK-82 ဗုံးသည် အမေရိကန်ထုတ် ခဲ ယမ်းမီးကျည်တစ်ခုဖြစ်ပြီး KF-16 တိုက်လေယာဉ်သည် (၁၉၉၀)ခုနှစ်မှ (၂၀ဝဝ)ခုနှစ်များအတွင်း တောင်ကိုရီးယားနိုင်ငံတွင် ထုတ်လုပ်ခဲ့သည့် အမေရိ ကန် F-16 တိုက်လေယာဉ်၏ ကိုရီးယားဗားရှင်းဖြစ်ကြောင်းသိရသည်။
zawgyi version
အေမရိကန္-ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ့က်င့္မႈအတြင္း အရပ္ဘက္ေနရာတစ္ခုကို ဗုံး(၈)လုံးမွားယြင္းႀကဲ
Pika (NP News) - မတ္ ၇
ေတာင္ကိုးရီးယား တိုက္ေလယာဥ္တစ္စင္း သည္ အေမရိကန္စစ္တပ္ႏွင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈ တစ္ခုလုပ္ေဆာင္ခ်ိန္အတြင္း ႐ြာတစ္႐ြာကို ဗုံး(၈)လုံး မေတာ္တဆႀကဲခ်မိခဲ့ရာ အရပ္သားမ်ားထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အရပ္ဘက္ပိုင္ဆိုင္မႈမ်ား ပ်က္စီး သြားခဲ့ေၾကာင္း ေတာင္ကိုရီးယားေလတပ္ကေျပာ ၾကားခဲ့သည္။
မတ္လ(၆)ရက္ အေစာပိုင္းတြင္ ျဖစ္ပြားခဲ့ ေသာ အဆိုပါျဖစ္ရပ္အတြင္း အနည္းဆုံးလူ(၁၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေတာင္ကိုရီးယားအမ်ိဳး သားမီးသတ္ေအဂ်င္စီကေျပာၾကားခဲ့သည္။ ထို႔ျပင္ ထိခိုက္ဒဏ္ရာရရွိသူ(၁၅)ဦးအနက္ (၁၀)ဦးကို ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ရၿပီး ၎တို႔အနက္(၂)ဦးမွာ စိုးရိမ္ရသည့္အေျခအေနတြင္ရွိေၾကာင္း အမ်ိဳးသားမီးသတ္ ေအဂ်င္စီက ေျပာၾကားခဲ့သည္။ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲတြင္ စစ္သား(၂)ဦးႏွင့္ ႏိုင္ငံျခားသား(၂)ဦးတို႔ ပါဝင္ေၾကာင္း အမ်ိဳးသားမီးသတ္ေအဂ်င္စီက ထပ္မံေျပာၾကားခဲ့သည္။
အဆိုပါဗုံးမေတာ္တဆႀကဲခ်မိမႈေၾကာင့္ ဘုရားေက်ာင္းတစ္ခုႏွင့္ အျခားအေဆာက္အအုံ အ နည္းဆုံး(၇)လုံးခန႔္ပ်က္စီးခဲ့ေၾကာင္း မီးသတ္အာ ဏာပိုင္မ်ား၏ ေျပာၾကားခ်က္အရ သိရသည္။ ေတာင္ကိုရီးယားေလတပ္က "ေတာင္ကိုရီးယားေလတပ္ရဲ႕ KF-16 တိုက္ေလယာဥ္တစ္စင္းဟာ MK-82 အေထြေထြသုံးဗုံး(၈)လုံးကို အရပ္ဘက္ ေနရာတစ္ခုကို မေတာ္တဆႀကဲခ်မိခဲ့ပါတယ္"ဟု ထုတ္ျပန္ေျပာဆို ခဲ့သည္။
MK-82 ဗုံးသည္ အေမရိကန္ထုတ္ ခဲ ယမ္းမီးက်ည္တစ္ခုျဖစ္ၿပီး KF-16 တိုက္ေလယာဥ္သည္ (၁၉၉၀)ခုႏွစ္မွ (၂၀ဝဝ)ခုႏွစ္မ်ားအတြင္း ေတာင္ကိုရီးယားႏိုင္ငံတြင္ ထုတ္လုပ္ခဲ့သည့္ အေမရိ ကန္ F-16 တိုက္ေလယာဥ္၏ ကိုရီးယားဗားရွင္းျဖစ္ေၾကာင္းသိရသည္။