သမ္မတယွန်ဆက်ယိုလ်အား ဖမ်းဆီးထိန်းသိမ်းခြင်းကို ပယ်ဖျက်ရန် တောင်ကိုရီးယား တရားရုံးဆုံးဖြတ်

829

ဂျန်ဇက် (NP News) - မတ် ၇
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တရားရုံးသည် စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှဆိုင်းငံ့ခံထားရ သည့် တောင်ကိုရီးယားသမ္မတကို အကျဉ်းထောင်မှ ပြန်လွှတ်ပေးရန် အမိန့်ပေးလိုက်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် ပြီးခဲ့ သောနှစ် ဒီဇင်ဘာလအတွင်းတွင် စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ပြီးနောက် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှ ဆိုင်းငံ့ခံထားရသူဖြစ်သည်။
လက်ရှိအချိန်တွင် ရာထူးမှဆိုင်းငံ့ခံထားရသည့် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် တောင်ကိုရီးယားသမ္မတအဖြစ် ရာထူးတွင် ဆက်လက်ရှိ မရှိဆိုသောအချက်ကို တောင်ကိုရီးယားဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ရင်ဆိုင်ရမည်ဖြစ်သည်။
တောင်ကိုရီးယားသမ္မတဟောင်း ယွန် ဆက်ယိုလ်၏ ရှေ့နေဖြစ်သူသည် ပြီးခဲ့သောလတွင် ယွန်ဆက်ယိုလ်ကို ဖမ်းဝရမ်းထုတ်ခြင်းကို ပယ်ဖျက်ရန်နှင့် ၎င်းကို ဖမ်းဆီးထိန်းသိမ်းခြင်းက တရားဥပ ဒေနှင့်မညီကြောင်း တရားရုံးတွင်လျှောက်ထားခဲ့ သည်။ တောင်ကိုရီးယားတရားရုံးက "တရားခံကို ချုပ်နှောင်မှုကာလ ကုန်ဆုံးခဲ့ပြီဖြစ်တယ်။ လုပ်ထုံး လုပ်နည်းတွေကို ရှင်းလင်သေချာစေဖို့နဲ့ စုံစမ်းစစ် ဆေးရေးလုပ်ငန်းစဉ်တွေအပြင် တရားဥပဒေစိုးမိုး ရေးနဲ့ပတ်သက်ပြီး သံသယများကင်းရှင်းစေဖို့ ထိန်း သိမ်းခြင်းကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်"ဟု သ တင်းထုတ်ပြန်ထားသည်။ တောင်ကိုရီးယားအခြေ စိုက် ယွန်ဟတ်သတင်းအေဂျင်စီကလည်း ယွန်ဆက် ယိုလ်ကို အကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက် ကြောင်း အတည်ပြုထားသည်။ ယွန်ဆက်ယိုလ်၏ ရှေ့နေဖြစ်သူက "တောင်ကိုရီးယားနိုင်ငံရဲ့ တရား ဥပဒေစိုးမိုးမှုတွေ ဆက်လက်ရှင်သန်နေတယ်"ဟု ပြောသည်။
အာဏာရပါတီဖြစ်သော ပြည်သူအာဏာ ပါတီကလည်း ယွန်ဆက်ယိုလ်ကို ဖမ်းဝရမ်းထုတ်ခြင်း နှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ သော တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြောင်း သိရ သည်။ တောင်ကိုရီးယားနိုင်ငံ တွင် ယွန်ဆက်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ပြီးနောက် ယွန် ဆက်ယိုလ်ကို ထောက်ခံသူများ နှင့် ဆန့်ကျင်သူများ ကြား အပြိုင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ယွန်ဆက်ယိုလ်ကို စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများရှိလာခဲ့ပြီး တောင်ကိုရီးယားရဲတပ်ဖွဲ့က ဇန်နဝါရီ(၁၅)ရက်တွင်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
zawgyi version
သမၼတယြန္ဆက္ယိုလ္အား ဖမ္းဆီးထိန္းသိမ္းျခင္းကို ပယ္ဖ်က္ရန္ ေတာင္ကိုရီးယား တရား႐ုံးဆုံးျဖတ္
ဂ်န္ဇက္ (NP News) - မတ္ ၇
ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕တရား႐ုံးသည္ စြပ္စြဲျပစ္တင္ခံရကာ ရာထူးမွဆိုင္းငံ့ခံထားရ သည့္ ေတာင္ကိုရီးယားသမၼတကို အက်ဥ္းေထာင္မွ ျပန္လႊတ္ေပးရန္ အမိန႔္ေပးလိုက္ေၾကာင္း သိရသည္။ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္သည္ ၿပီးခဲ့ ေသာႏွစ္ ဒီဇင္ဘာလအတြင္းတြင္ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့ၿပီးေနာက္ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံရကာ ရာထူးမွ ဆိုင္းငံ့ခံထားရသူျဖစ္သည္။
လက္ရွိအခ်ိန္တြင္ ရာထူးမွဆိုင္းငံ့ခံထားရသည့္ ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္သည္ ေတာင္ကိုရီးယားသမၼတအျဖစ္ ရာထူးတြင္ ဆက္လက္ရွိ မရွိဆိုေသာအခ်က္ကို ေတာင္ကိုရီးယားဖြဲ႕ စည္းပုံအေျခခံဥပေဒခုံ႐ုံး၏ ဆုံးျဖတ္ခ်က္ကို ရင္ဆိုင္ရမည္ျဖစ္သည္။
ေတာင္ကိုရီးယားသမၼတေဟာင္း ယြန္ ဆက္ယိုလ္၏ ေရွ႕ေနျဖစ္သူသည္ ၿပီးခဲ့ေသာလတြင္ ယြန္ဆက္ယိုလ္ကို ဖမ္းဝရမ္းထုတ္ျခင္းကို ပယ္ဖ်က္ရန္ႏွင့္ ၎ကို ဖမ္းဆီးထိန္းသိမ္းျခင္းက တရားဥပ ေဒႏွင့္မညီေၾကာင္း တရား႐ုံးတြင္ေလွ်ာက္ထားခဲ့ သည္။ ေတာင္ကိုရီးယားတရား႐ုံးက "တရားခံကို ခ်ဳပ္ေႏွာင္မႈကာလ ကုန္ဆုံးခဲ့ၿပီျဖစ္တယ္။ လုပ္ထုံး လုပ္နည္းေတြကို ရွင္းလင္ေသခ်ာေစဖို႔နဲ႔ စုံစမ္းစစ္ ေဆးေရးလုပ္ငန္းစဥ္ေတြအျပင္ တရားဥပေဒစိုးမိုး ေရးနဲ႔ပတ္သက္ၿပီး သံသယမ်ားကင္းရွင္းေစဖို႔ ထိန္း သိမ္းျခင္းကို ပယ္ဖ်က္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္"ဟု သ တင္းထုတ္ျပန္ထားသည္။ ေတာင္ကိုရီးယားအေျခ စိုက္ ယြန္ဟတ္သတင္းေအဂ်င္စီကလည္း ယြန္ဆက္ ယိုလ္ကို အက်ဥ္းေထာင္မွ ျပန္လႊတ္ေပးလိုက္ ေၾကာင္း အတည္ျပဳထားသည္။ ယြန္ဆက္ယိုလ္၏ ေရွ႕ေနျဖစ္သူက "ေတာင္ကိုရီးယားႏိုင္ငံရဲ႕ တရား ဥပေဒစိုးမိုးမႈေတြ ဆက္လက္ရွင္သန္ေနတယ္"ဟု ေျပာသည္။
အာဏာရပါတီျဖစ္ေသာ ျပည္သူအာဏာ ပါတီကလည္း ယြန္ဆက္ယိုလ္ကို ဖမ္းဝရမ္းထုတ္ျခင္း ႏွင့္ ဖမ္းဆီးထိန္းသိမ္းျခင္း ဖ်က္သိမ္းရန္ဆုံးျဖတ္ခဲ့ ေသာ တရား႐ုံးဆုံးျဖတ္ခ်က္ကို ႀကိဳဆိုခဲ့ေၾကာင္း သိရ သည္။ ေတာင္ကိုရီးယားႏိုင္ငံ တြင္ ယြန္ဆက္ယိုလ္က စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့ၿပီးေနာက္ ယြန္ ဆက္ယိုလ္ကို ေထာက္ခံသူမ်ား ႏွင့္ ဆန႔္က်င္သူမ်ား ၾကား အၿပိဳင္ဆႏၵျပခဲ့ေၾကာင္း သိရသည္။ ယြန္ဆက္ယိုလ္ကို စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္ျခင္းႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးရန္ ေတာင္းဆိုမႈမ်ားရွိလာခဲ့ၿပီး ေတာင္ကိုရီးယားရဲတပ္ဖြဲ႕က ဇန္နဝါရီ(၁၅)ရက္တြင္ဖမ္းဆီးခဲ့ေၾကာင္းသိရသည္။