ယူကရိန်းတွင် ယာယီအပစ်အခတ်ရပ်စဲရေးကို လက်ခံမည်မဟုတ်ဟု ရုရှားအစိုးရ ပြော

 2398

Pika (NP News) - မတ် ၇

ယူကရိန်းတွင် ယာယီအပစ်အခတ်ရပ်စဲရေးကို လက်ခံမည်မဟုတ်ကြောင်း ရုရှားအစိုးရက မတ်လ(၆)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ရုရှားအစိုးရသည် ယူကရိန်းသမ္မတဇီလန်စကီးနှင့် ပြင် သစ်သမ္မတမက်ခရွန်တို့ အကြံပြုထားသည့် တိုက်ပွဲများ တစ်လကြာရပ်နားရန် သို့မဟုတ်‌ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန် အဆိုပြု ချက်များကို ငြင်းဆန်ပယ်ချကာ ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်က ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာအကူအညီများပေးပို့မှုကို ရပ်ဆိုင်းကာ ပဋိပက္ခကို အမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တွန်းအားပေးမှုများ လုပ် ဆောင်နေချိန်တွင် အဆိုပါအဆိုပြုချက်ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ယူကရိန်းသမ္မတဇီလန်စကီးက ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်အ တွက် ပထမအဆင့်အနေဖြင့် ရေကြောင်းနှင့် ဝေဟင် တွင် တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆို ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြင်သစ်နှင့်ဗြိတိန်အစိုးရတို့သည် ပင်လယ်ပြင်၊ ဝေဟင်နှင့်စွမ်းအင်အခြေခံအဆောက် အအုံများအပေါ် တိုက်ခိုက်မှုများကို ကာကွယ်ရန် အတွက် တစ်လကြာ အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ကို အဆိုပြုနေကြောင်း ပြင်သစ်သမ္မတမက် ခရွန်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။ သို့သော်လည်း မတ်လ(၆)ရက်တွင် ရုရှား အစိုးရသည် ယာယီ သို့မဟုတ် ခေတ္တမျှသာဖြစ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အဆိုပြု ချက်ကို ပယ်ချခဲ့ပုံပေါ်ကြောင်း သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူမာရီယာဇာခါရိုဗာက "နောက်ဆုံးပြေလည်မှု တွေ ရရှိဖို့အတွက် ခိုင်မာတဲ့ သဘောတူညီချက်တွေကို လိုအပ်ပါတယ်။ ဒီလိုမျိုးတွေ မရှိဘူးဆိုရင် ဘယ်လို ငြိမ်းချမ်းရေးသဘောတူညီချက်ကိုမဆို ကျွန်မတို့လုံး ဝလက်ခံမှာ မဟုတ်ပါဘူး။ ယူကရိန်းအစိုးရဟာ ၎င်းရဲ့မိတ်ဖက်နိုင်ငံတွေရဲ့ အကူအညီနဲ့အတူ စစ်ဘက် ဆိုင်ရာ အလားအလာတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့အတွက် အဲဒီခေတ္တရပ်ဆိုင်းမှုကို အသုံး ပြုပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။

zawgyi version
ယူကရိန္းတြင္ ယာယီအပစ္အခတ္ရပ္စဲေရးကို လက္ခံမည္မဟုတ္ဟု ႐ုရွားအစိုးရ ေျပာ
Pika (NP News) - မတ္ ၇

ယူကရိန္းတြင္ ယာယီအပစ္အခတ္ရပ္စဲေရးကို လက္ခံမည္မဟုတ္ေၾကာင္း ႐ုရွားအစိုးရက မတ္လ(၆)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ႐ုရွားအစိုးရသည္ ယူကရိန္းသမၼတဇီလန္စကီးႏွင့္ ျပင္ သစ္သမၼတမက္ခ႐ြန္တို႔ အႀကံျပဳထားသည့္ တိုက္ပြဲမ်ား တစ္လၾကာရပ္နားရန္ သို႔မဟုတ္‌ ေလေၾကာင္းႏွင့္ ေရေၾကာင္းတိုက္ခိုက္မႈမ်ားကို ရပ္တန႔္ရန္ အဆိုျပဳ ခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ကာ ယခုကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေမရိကန္က ယူကရိန္းသို႔ စစ္ဘက္ဆိုင္ရာအကူအညီမ်ားေပးပို႔မႈကို ရပ္ဆိုင္းကာ ပဋိပကၡကို အျမန္ဆုံးအဆုံးသတ္ႏိုင္ရန္အတြက္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က တြန္းအားေပးမႈမ်ား လုပ္ ေဆာင္ေနခ်ိန္တြင္ အဆိုပါအဆိုျပဳခ်က္ထြက္ေပၚလာ ျခင္းျဖစ္သည္။ ယူကရိန္းသမၼတဇီလန္စကီးက ျဖစ္ႏိုင္ေျခရွိေသာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အ တြက္ ပထမအဆင့္အေနျဖင့္ ေရေၾကာင္းႏွင့္ ေဝဟင္ တြင္ တိုက္ခိုက္မႈမ်ား ခ်က္ခ်င္းရပ္တန႔္ရန္ ေတာင္းဆို ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျပင္သစ္ႏွင့္ၿဗိတိန္အစိုးရတို႔သည္ ပင္လယ္ျပင္၊ ေဝဟင္ႏွင့္စြမ္းအင္အေျခခံအေဆာက္ အအုံမ်ားအေပၚ တိုက္ခိုက္မႈမ်ားကို ကာကြယ္ရန္ အတြက္ တစ္လၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူ ညီခ်က္ကို အဆိုျပဳေနေၾကာင္း ျပင္သစ္သမၼတမက္ ခ႐ြန္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။ သို႔ေသာ္လည္း မတ္လ(၆)ရက္တြင္ ႐ုရွား အစိုးရသည္ ယာယီ သို႔မဟုတ္ ေခတၱမွ်သာျဖစ္ေသာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ အဆိုျပဳ ခ်က္ကို ပယ္ခ်ခဲ့ပုံေပၚေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆို ခြင့္ရွိသူမာရီယာဇာခါ႐ိုဗာက "ေနာက္ဆုံးေျပလည္မႈ ေတြ ရရွိဖို႔အတြက္ ခိုင္မာတဲ့ သေဘာတူညီခ်က္ေတြကို လိုအပ္ပါတယ္။ ဒီလိုမ်ိဳးေတြ မရွိဘူးဆိုရင္ ဘယ္လို ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကိုမဆို ကြၽန္မတို႔လုံး ဝလက္ခံမွာ မဟုတ္ပါဘူး။ ယူကရိန္းအစိုးရဟာ ၎ရဲ႕မိတ္ဖက္ႏိုင္ငံေတြရဲ႕ အကူအညီနဲ႔အတူ စစ္ဘက္ ဆိုင္ရာ အလားအလာေတြကို ပိုမိုအားေကာင္းေအာင္ လုပ္ေဆာင္ဖို႔အတြက္ အဲဒီေခတၱရပ္ဆိုင္းမႈကို အသုံး ျပဳပါလိမ့္မယ္"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.