ပဲခူးငလျင်အပြီး နှစ်(၁၆၀)အတွင်း ငလျင်ကြီးတစ်ခုလှုပ်ခတ်နိုင်၍ သတိထားပြင်ဆင်ရန်လို

 6752

ချယ်ရီ (NP News) - မတ် ၈

လွန်ခဲ့သော (၁၉၃၀)ခုနှစ်က လှုပ်ခတ်ခဲ့သည့် ပဲခူးငလျင်အပြီး နှစ်ပေါင်း (၁၆၀) အတွင်း ငလျင်ကြီးတစ်ခုလှုပ်ခတ် နိုင်သောကြောင့် သတိထားပြင်ဆင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
(၁၉၃၀)ခုနှစ်၊ မေလ (၅)ရက်က ပြင်းအား (၇.၃) နှင့် (၇.၅)ကြားရှိ ပဲခူးငလျင်ကြောင့် စုစုပေါင်းသေဆုံးမှုသည် လူပေါင်း (၅၀၀၀ မှ ၇၀၀၀ အထိ) သေဆုံးခဲ့ရကြောင်း သုံးသပ်မှုများရှိခဲ့ပြီး ပဲခူးတိုင်းသာမက ရန်ကုန်တိုင်း အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်း၌ ပြင်းထန်သည့် ပျက်စီးမှုများစွာလည်း ရှိခဲ့သည်။
အဆိုပါငလျင်သည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့ကြောမှ ဖြစ်ပေါ်လာပြီး ၎င်းပြတ်ရွေ့ကြောသည် ကပ္ပလီကမ်းလွန်မှစတင်ခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့် မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ နှင့် ပဲခူးတို့ကို ဖြတ်သန်းတည်ရှိကာ အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာရှိကြောင်း သိရသည်။
“ရန်ကုန်နဲ့ပတ်သက်လို့ရှိရင်တော့ ရန်ကုန်က စစ်ကိုင်းပြတ်ရွေ့အနီး တည်ရှိနေတာရယ်။ နောက် အဓိကအားဖြင့် ရန်ကုန်မှာဆိုလို့ရှိရင် (၁၉၃၀)ခုနှစ်၊ ပဲခူးငလျင်နဲ့ပတ်သက်ပြီးတော့ မကြာခဏ အသိပညာပေး ပြောကြားထားတာ တွေ ရှိပါတယ်ခင်ဗျ။ ဒီပဲခူးငလျင် လှုပ်ခတ်ခဲ့တဲ့အချိန်တုန်းကလည်း ပဲခူးသာမကပဲနဲ့ ရန်ကုန်ကိုလည်း ထိခိုက်မှုရှိခဲ့ တယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ထို့ကြောင့် (၁၉၃၀)ခုနှစ်၊ ပဲခူးငလျင်နှင့် ပတ်သက်သောဖြစ်စဉ်ကို (၂၀၁၁)ခုနှစ်က ဂျပန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ် နှင့်အတူပူးပေါင်းလေ့လာပြီး သုသေသနပြုလုပ်ရာ နှစ်ပေါင်း(၁၆၀)အတွင်း တကျော့ပြန်လည် လှုပ်ခတ်နိုင် ကြောင်း တွေ့ရှိထားသည်ဟု ၎င်းက ရှင်းပြသည်။
“အခုနောက်ပိုင်းမှာဆိုရင် နှစ်ပေါင်း(၉၀)ကျော်၊ (၁၀၀)နီးပါးလောက်ဖြစ်လာပြီ ဖြစ်တဲ့အတွက်ကြောင့် ဘယ်အချိန် ဆိုတာကို တိတိကျကျပြောလို့မရသော်လည်းပဲ ရန်ကုန်အနေနဲ့ ငလျင်ကို သတိပြုသင့်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ (၁၉၃၀) ပြည့်နှစ် လှုပ်ခတ်ခဲ့စဉ်တုန်းကဆိုရင်လည်း ရန်ကုန်မှာ ပဲခူးငလျင်ရဲ့သက်ရောက်မှုတွေ ရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ၌ ရန်ကုန်မြို့သည် လူနေထိုင်မှုပိုမိုများပြားလာခြင်း၊ အထက်မြင့်အဆောက်အုံများ ပိုမိုများပြားလာခြင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသနှင့်နီးကပ်၍ အောက်ခံမြေပျော့သည့်အတွက်ကြောင့် ငလျင်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ ပြုလုပ်ထားသင့်ကြောင့် မိုးဇလမှတာဝန်ရှိသူတစ်ဦးက အကြုံပြုပြောကြားသည်။
“အသိပညာတွေ၊ ဟောပြောပို့ချမှုတွေ ဆောင်ရွက်ထားသင့်တယ်။ အဓိကအားဖြင့် ကိုယ်နေထိုင်ရာအဆောက် အအုံ၊ ရုံးခန်းတွေ အကုန်လုံးကို တတ်ကျွမ်းနားလည်တဲ့အင်ဂျင်နီယာတွေနဲ့ ကြံ့ခိုင်မှုကိုစစ်ဆေးပြီးတော့ ကြံ့ခိုင်မှုရှိအောင် ဆောင်ရွက်သင့်သလို မကြာခဏ ဆက်တိုက်လေ့ကျင့်မှုတွေလည်း ဆောင်ရွက်ထားမယ်ဆိုရင် တော့ ပိုမိုပြီးကောင်းမွန်ပါတယ် ခင်ဗျ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပဲခူးငလျင်မှာ အင်အားကြီးသည့်ငလျင်ဖြစ်သောကြောင့် ယခုနှစ်(၁၆၀)အတွင်း တချိန်ချိန်၌လှုပ်ခတ်လျှင် အင်အားပြင်းထန်နိုင်သည့်အတွက် ၎င်းနှင့်ပတ်သက်၍ သတိပြုကြရန် မိုးဇလမှ မကြာခဏထုတ်ပြန်ထားခြင်းများ ရှိကြောင်း သိရသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် (၆)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား(၅.၁)အဆင့်ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့နယ်၌ အဆောက် အအုံများပြိုကျပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပဲခူးငလ်င္အၿပီး ႏွစ္(၁၆၀)အတြင္း ငလ်င္ႀကီးတစ္ခုလႈပ္ခတ္ႏိုင္၍ သတိထားျပင္ဆင္ရန္လို
ခ်ယ္ရီ (NP News) - မတ္ ၈
လြန္ခဲ့ေသာ (၁၉၃၀)ခုႏွစ္က လႈပ္ခတ္ခဲ့သည့္ ပဲခူးငလ်င္အၿပီး ႏွစ္ေပါင္း (၁၆၀) အတြင္း ငလ်င္ႀကီးတစ္ခုလႈပ္ခတ္ ႏိုင္ေသာေၾကာင့္ သတိထားျပင္ဆင္ရန္လိုအပ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
(၁၉၃၀)ခုႏွစ္၊ ေမလ (၅)ရက္က ျပင္းအား (၇.၃) ႏွင့္ (၇.၅)ၾကားရွိ ပဲခူးငလ်င္ေၾကာင့္ စုစုေပါင္းေသဆုံးမႈသည္ လူေပါင္း (၅၀၀၀ မွ ၇၀၀၀ အထိ) ေသဆုံးခဲ့ရေၾကာင္း သုံးသပ္မႈမ်ားရွိခဲ့ၿပီး ပဲခူးတိုင္းသာမက ရန္ကုန္တိုင္း အပါအဝင္ ျမန္မာႏိုင္ငံေတာင္ပိုင္း၌ ျပင္းထန္သည့္ ပ်က္စီးမႈမ်ားစြာလည္း ရွိခဲ့သည္။
အဆိုပါငလ်င္သည္ ျမန္မာႏိုင္ငံတြင္ တည္ရွိသည့္ အဓိကျပတ္ေ႐ြ႕ေၾကာတစ္ခုျဖစ္ေသာ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာမွ ျဖစ္ေပၚလာၿပီး ၎ျပတ္ေ႐ြ႕ေၾကာသည္ ကပၸလီကမ္းလြန္မွစတင္ခဲ့ကာ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသျဖစ္သည့္ မႏၲေလး၊ ရမည္းသင္း၊ ပ်ဥ္းမနား၊ ေနျပည္ေတာ္၊ ေတာင္ငူ ႏွင့္ ပဲခူးတို႔ကို ျဖတ္သန္းတည္ရွိကာ အရွည္အားျဖင့္ ၁၂၀၀ ကီလိုမီတာရွိေၾကာင္း သိရသည္။
“ရန္ကုန္နဲ႔ပတ္သက္လို႔ရွိရင္ေတာ့ ရန္ကုန္က စစ္ကိုင္းျပတ္ေ႐ြ႕အနီး တည္ရွိေနတာရယ္။ ေနာက္ အဓိကအားျဖင့္ ရန္ကုန္မွာဆိုလို႔ရွိရင္ (၁၉၃၀)ခုႏွစ္၊ ပဲခူးငလ်င္နဲ႔ပတ္သက္ၿပီးေတာ့ မၾကာခဏ အသိပညာေပး ေျပာၾကားထားတာ ေတြ ရွိပါတယ္ခင္ဗ်။ ဒီပဲခူးငလ်င္ လႈပ္ခတ္ခဲ့တဲ့အခ်ိန္တုန္းကလည္း ပဲခူးသာမကပဲနဲ႔ ရန္ကုန္ကိုလည္း ထိခိုက္မႈရွိခဲ့ တယ္” ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
ထို႔ေၾကာင့္ (၁၉၃၀)ခုႏွစ္၊ ပဲခူးငလ်င္ႏွင့္ ပတ္သက္ေသာျဖစ္စဥ္ကို (၂၀၁၁)ခုႏွစ္က ဂ်ပန္ႏိုင္ငံရွိ က်ိဳတိုတကၠသိုလ္ ႏွင့္အတူပူးေပါင္းေလ့လာၿပီး သုေသသနျပဳလုပ္ရာ ႏွစ္ေပါင္း(၁၆၀)အတြင္း တေက်ာ့ျပန္လည္ လႈပ္ခတ္ႏိုင္ ေၾကာင္း ေတြ႕ရွိထားသည္ဟု ၎က ရွင္းျပသည္။
“အခုေနာက္ပိုင္းမွာဆိုရင္ ႏွစ္ေပါင္း(၉၀)ေက်ာ္၊ (၁၀၀)နီးပါးေလာက္ျဖစ္လာၿပီ ျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္အခ်ိန္ ဆိုတာကို တိတိက်က်ေျပာလို႔မရေသာ္လည္းပဲ ရန္ကုန္အေနနဲ႔ ငလ်င္ကို သတိျပဳသင့္တယ္ဆိုတဲ့ဟာမ်ိဳးေပါ့ေနာ္။ (၁၉၃၀) ျပည့္ႏွစ္ လႈပ္ခတ္ခဲ့စဥ္တုန္းကဆိုရင္လည္း ရန္ကုန္မွာ ပဲခူးငလ်င္ရဲ႕သက္ေရာက္မႈေတြ ရွိခဲ့တယ္” ဟု ၎က ဆိုသည္။
လက္ရွိ၌ ရန္ကုန္ၿမိဳ႕သည္ လူေနထိုင္မႈပိုမိုမ်ားျပားလာျခင္း၊ အထက္ျမင့္အေဆာက္အုံမ်ား ပိုမိုမ်ားျပားလာျခင္းႏွင့္ ျမစ္ဝကြၽန္းေပၚေဒသႏွင့္နီးကပ္၍ ေအာက္ခံေျမေပ်ာ့သည့္အတြက္ေၾကာင့္ ငလ်င္ႏွင့္ပတ္သက္၍ ေဆာင္ရန္၊ ေရွာင္ရန္မ်ား ျပဳလုပ္ထားသင့္ေၾကာင့္ မိုးဇလမွတာဝန္ရွိသူတစ္ဦးက အႀကဳံျပဳေျပာၾကားသည္။
“အသိပညာေတြ၊ ေဟာေျပာပို႔ခ်မႈေတြ ေဆာင္႐ြက္ထားသင့္တယ္။ အဓိကအားျဖင့္ ကိုယ္ေနထိုင္ရာအေဆာက္ အအုံ၊ ႐ုံးခန္းေတြ အကုန္လုံးကို တတ္ကြၽမ္းနားလည္တဲ့အင္ဂ်င္နီယာေတြနဲ႔ ႀကံ့ခိုင္မႈကိုစစ္ေဆးၿပီးေတာ့ ႀကံ့ခိုင္မႈရွိေအာင္ ေဆာင္႐ြက္သင့္သလို မၾကာခဏ ဆက္တိုက္ေလ့က်င့္မႈေတြလည္း ေဆာင္႐ြက္ထားမယ္ဆိုရင္ ေတာ့ ပိုမိုၿပီးေကာင္းမြန္ပါတယ္ ခင္ဗ်” ဟု ၎က ေျပာသည္။
ထို႔ျပင္ ပဲခူးငလ်င္မွာ အင္အားႀကီးသည့္ငလ်င္ျဖစ္ေသာေၾကာင့္ ယခုႏွစ္(၁၆၀)အတြင္း တခ်ိန္ခ်ိန္၌လႈပ္ခတ္လွ်င္ အင္အားျပင္းထန္ႏိုင္သည့္အတြက္ ၎ႏွင့္ပတ္သက္၍ သတိျပဳၾကရန္ မိုးဇလမွ မၾကာခဏထုတ္ျပန္ထားျခင္းမ်ား ရွိေၾကာင္း သိရသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ရက္ပိုင္းက ဧရာဝတီတိုင္းေဒသႀကီး၊ ေညာင္တုန္းၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၆)မိုင္ခန႔္အကြာကို ဗဟိုျပဳ၍ အင္အား(၅.၁)အဆင့္ရွိေသာ ငလ်င္လႈပ္ခတ္မႈေၾကာင့္ မအူပင္ၿမိဳ႕နယ္၌ အေဆာက္ အအုံမ်ားၿပိဳက်ပ်က္စီးမႈရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.