အမေရိကန်က ကမ္ဘာ့စည်းမျဉ်းကို ဖျက်ဆီးနေကြောင်း ယူကရိန်းစစ်ဘက်အရာရှိဟောင်း စွပ်စွဲပြောဆို

 1751

Pika (NP News) - မတ် ၈

အမေရိကန်၏ လုပ်ဆောင်ချက်များသည် လက်ရှိတည်ရှိနေသော ကမ္ဘာ့စည်းမျဉ်းများနှင့် နေတိုးအဖွဲ့၏ အနာဂတ် ကို ခြိမ်းခြောက်နေကြောင်း ယူကရိန်း ထိပ်တန်းဗိုလ်ချုပ်ဟောင်း Valery Zaluzhny က မတ်လ(၆)ရက်တွင် စွပ်စွဲ ပြောဆိုခဲ့သည်။
ထို့ပြင် ရုရှားနှင့်ဆက်ဆံရေးများကို ပြန်လည်ထူထောင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရ၏ ကြိုးပမ်းမှု များသည် အနောက်ကမ္ဘာ၏ စည်းလုံးညီညွတ်မှုကို အန္တရာယ်ဖြစ်ကြောင်း Valery Zaluzhny က ပြောခဲ့သည်။
လက်ရှိအချိန်တွင် ဗြိတိန်ဆိုင်ရာယူကရိန်းသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသော Valery Zaluzhny သည် ဗြိတိန်တွေးခေါ်ပညာရှင် Chatham House ဦးစီးကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် ယခုကဲ့သို့ထုတ်ဖော်ပြော ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် ခေတ်မီနိုင်ငံတကာဆက်ဆံရေးစနစ်ကို ပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းနေကြောင်း Valery Zaluzhny ကပြောဆိုခဲ့သည်။ Valery Zaluzhny က “အမေရိကန်အစိုးရက အနောက်ကမ္ဘာတစ်ခုလုံးရဲ့ စည်းလုံးညီညွတ်မှုကို မေးခွန်းထုတ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်အစိုးရဟာ ၎င်းတို့ ပါဝင်ပတ်သက်မှုမရှိဘဲ လုံခြုံရေးပြဿနာတွေကို ဥရောပကို လွှဲပြောင်းဖို့ ကြိုးစားနေပါတယ်” ဟု ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခအတွက် လျင်မြန်သောဖြေရှင်းချက်တစ်ခုကိုရှာဖွေရန် ကတိပြုခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးလုပ်ဆောင်ရန်အတွက် ယူကရိန်းကို ဖိအားပေးရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာအကူအညီများ ပေးပို့မှုကို အမေရိကန်က ရပ်ဆိုင်းလိုက်ချိန်တွင် Valery Zaluzhny ၏ ပြောဆိုချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
အေမရိကန္က ကမာၻ႔စည္းမ်ဥ္းကို ဖ်က္ဆီးေနေၾကာင္း ယူကရိန္းစစ္ဘက္အရာရွိေဟာင္း စြပ္စြဲေျပာဆို
Pika (NP News) - မတ္ ၈

အေမရိကန္၏ လုပ္ေဆာင္ခ်က္မ်ားသည္ လက္ရွိတည္ရွိေနေသာ ကမာၻ႔စည္းမ်ဥ္းမ်ားႏွင့္ ေနတိုးအဖြဲ႕၏ အနာဂတ္ ကို ၿခိမ္းေျခာက္ေနေၾကာင္း ယူကရိန္း ထိပ္တန္းဗိုလ္ခ်ဳပ္ေဟာင္း Valery Zaluzhny က မတ္လ(၆)ရက္တြင္ စြပ္စြဲ ေျပာဆိုခဲ့သည္။
ထို႔ျပင္ ႐ုရွားႏွင့္ဆက္ဆံေရးမ်ားကို ျပန္လည္ထူေထာင္ရန္ အေမရိကန္သမၼတေဒၚနယ္ထရမ့္အစိုးရ၏ ႀကိဳးပမ္းမႈ မ်ားသည္ အေနာက္ကမာၻ၏ စည္းလုံးညီၫြတ္မႈကို အႏၲရာယ္ျဖစ္ေၾကာင္း Valery Zaluzhny က ေျပာခဲ့သည္။
လက္ရွိအခ်ိန္တြင္ ၿဗိတိန္ဆိုင္ရာယူကရိန္းသံအမတ္အျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ Valery Zaluzhny သည္ ၿဗိတိန္ေတြးေခၚပညာရွင္ Chatham House ဦးစီးက်င္းပသည့္ ေဆြးေႏြးပြဲတစ္ခုတြင္ ယခုကဲ့သို႔ထုတ္ေဖာ္ေျပာ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ ေခတ္မီႏိုင္ငံတကာဆက္ဆံေရးစနစ္ကို ျပန္လည္ျပင္ဆင္ရန္ႀကိဳးပမ္းေနေၾကာင္း Valery Zaluzhny ကေျပာဆိုခဲ့သည္။ Valery Zaluzhny က “အေမရိကန္အစိုးရက အေနာက္ကမာၻတစ္ခုလုံးရဲ႕ စည္းလုံးညီၫြတ္မႈကို ေမးခြန္းထုတ္ခဲ့တယ္ဆိုတာ သိသာထင္ရွားပါတယ္။ လက္ရွိအခ်ိန္မွာ အေမရိကန္အစိုးရဟာ ၎တို႔ ပါဝင္ပတ္သက္မႈမရွိဘဲ လုံၿခဳံေရးျပႆနာေတြကို ဥေရာပကို လႊဲေျပာင္းဖို႔ ႀကိဳးစားေနပါတယ္” ဟု ေျပာခဲ့သည္။
ေဒၚနယ္ထရမ့္သည္ ယူကရိန္းပဋိပကၡအတြက္ လ်င္ျမန္ေသာေျဖရွင္းခ်က္တစ္ခုကိုရွာေဖြရန္ ကတိျပဳခဲ့ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား အျမန္ဆုံးလုပ္ေဆာင္ရန္အတြက္ ယူကရိန္းကို ဖိအားေပးရန္ ႀကိဳးပမ္းခဲ့ေၾကာင္းလည္း သိရသည္။ ယူကရိန္းသို႔ စစ္ဘက္ဆိုင္ရာအကူအညီမ်ား ေပးပို႔မႈကို အေမရိကန္က ရပ္ဆိုင္းလိုက္ခ်ိန္တြင္ Valery Zaluzhny ၏ ေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.