အမေရိကန်နိုင်ငံ၏ ဖိအားများကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော

 1003

ဂျန်ဇက် (NP News) - မတ် ၈

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖိအားများကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောလိုက်သည်။ အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံသို့ တင်သွင်း နေသော တရုတ်ကုန်စည်များကို ကုန်သွယ်ခွန်ကောက်ခံရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမ္ဘာကြီးတွင်တောရိုင်းဥပဒေ ကိုင်ဆွဲထားခြင်းများမဖြစ်သင့်ကြောင်း ပြောသည်။
ဝမ်ယိက "အ‌မေရိကန်ဟာ အကြောင်းပြချက်မရှိဘဲ စည်းကြပ်ခွန်များ စည်းကြပ်ကောက်ခံပြီး အကြင်နာတရား မရှိတဲ့ ပုံစံမျိုးလုပ်ဆောင်နေတယ်။ ကမ္ဘာကြီးမှာ နိုင်ငံပေါင်း ၁၉၀ ကျော်ရှိနေတယ်။ နိုင်ငံတိုင်းဟာ ကိုယ်နိုင်ငံ အကျိုးစီးပွားကို မဖြစ်မနေ ဦးစားပေးမယ်ဆိုရင် ကမ္ဘာကြီးဟာ တောရိုင်းဥပဒေတွေ ပြန်လည်ဖြစ်ထွန်းလာမယ်" ဟု ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက "အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ အပြန်အလှန်ကုန်သွယ်ရေးနဲ့ စီးပွားရေးတွေ ရှိနေပါတယ်။ အမေရိကန်ဟာ ပူးပေါင်းဆောင်ရွက်မှုကို ရွှေးချယ်မယ်ဆိုရင် နှစ်နိုင်ငံစလုံးဟာ အပြန်အလှန် အကျိုးစီးပွားဖြစ်မယ်။ တကယ်လို့ အမေရိကန်ဟာ ဖိအားပေးမှုပုံစံမျိုး ဆက်လက်ကျင့်သုံးမယ်ဆိုရင် တရုတ်နိုင်ငံ ကလည်း အခိုင်မာပြန်တုံ့ပြန်မယ်" ဟု ပြောသည်။
ထို့အပြင် ဝမ်ယိက ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေး ဝမ်ယိက "ပဋိပက္ခတွေမှာ အနိုင်ရသူမရှိဘူး၊ ငြိမ်းချမ်းရေးဆိုရင် ရှုံးနိမ့်မယ့်သူလည်းမရှိဘူး" ဟု ပြောသည်။ တရုတ် အစိုးရသည် အမေရိကန်နိုင်ငံမှ တရုတ်ကုန်စည်များအခွန်ကောက်ခံခြင်းနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန်ကောက်ခံရန် စီစဉ်ခဲ့ရာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲတစ်ကျော့ပြန်ဖြစ်လာခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းကလည်း တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်စည်များကို အခွန်ကောက်ခံဖူးပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့ဖူးသည်။
တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ နှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွဲမည်ဖြစ်သော်လည်း နိုင်ငံစီးပွားရေးကို ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ရန် ပစ်မှတ်ထားနေကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၏ ဖိအားမ်ားကို တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၈

တ႐ုတ္ႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံ၏ ဖိအားမ်ားကို တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ထုတ္ေဖာ္ေျပာလိုက္သည္။ အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္သည္ အေမရိကန္ႏိုင္ငံသို႔ တင္သြင္း ေနေသာ တ႐ုတ္ကုန္စည္မ်ားကို ကုန္သြယ္ခြန္ေကာက္ခံရန္ အမိန႔္ထုတ္ျပန္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးက တုံ႔ျပန္ေျပာဆိုလိုက္ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ကမာၻႀကီးတြင္ေတာ႐ိုင္းဥပေဒ ကိုင္ဆြဲထားျခင္းမ်ားမျဖစ္သင့္ေၾကာင္း ေျပာသည္။
ဝမ္ယိက "အ‌ေမရိကန္ဟာ အေၾကာင္းျပခ်က္မရွိဘဲ စည္းၾကပ္ခြန္မ်ား စည္းၾကပ္ေကာက္ခံၿပီး အၾကင္နာတရား မရွိတဲ့ ပုံစံမ်ိဳးလုပ္ေဆာင္ေနတယ္။ ကမာၻႀကီးမွာ ႏိုင္ငံေပါင္း ၁၉၀ ေက်ာ္ရွိေနတယ္။ ႏိုင္ငံတိုင္းဟာ ကိုယ္ႏိုင္ငံ အက်ိဳးစီးပြားကို မျဖစ္မေန ဦးစားေပးမယ္ဆိုရင္ ကမာၻႀကီးဟာ ေတာ႐ိုင္းဥပေဒေတြ ျပန္လည္ျဖစ္ထြန္းလာမယ္" ဟု ေျပာသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက "အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ အျပန္အလွန္ကုန္သြယ္ေရးနဲ႔ စီးပြားေရးေတြ ရွိေနပါတယ္။ အေမရိကန္ဟာ ပူးေပါင္းေဆာင္႐ြက္မႈကို ေ႐ႊးခ်ယ္မယ္ဆိုရင္ ႏွစ္ႏိုင္ငံစလုံးဟာ အျပန္အလွန္ အက်ိဳးစီးပြားျဖစ္မယ္။ တကယ္လို႔ အေမရိကန္ဟာ ဖိအားေပးမႈပုံစံမ်ိဳး ဆက္လက္က်င့္သုံးမယ္ဆိုရင္ တ႐ုတ္ႏိုင္ငံ ကလည္း အခိုင္မာျပန္တုံ႔ျပန္မယ္" ဟု ေျပာသည္။
ထို႔အျပင္ ဝမ္ယိက ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္ ထပ္မံေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံျခားေရး ဝမ္ယိက "ပဋိပကၡေတြမွာ အႏိုင္ရသူမရွိဘူး၊ ၿငိမ္းခ်မ္းေရးဆိုရင္ ရႈံးနိမ့္မယ့္သူလည္းမရွိဘူး" ဟု ေျပာသည္။ တ႐ုတ္ အစိုးရသည္ အေမရိကန္ႏိုင္ငံမွ တ႐ုတ္ကုန္စည္မ်ားအခြန္ေကာက္ခံျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးစစ္ပြဲဆင္ႏႊဲမည္ျဖစ္ေၾကာင္း ေျပာသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ခြန္ေကာက္ခံရန္ စီစဥ္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးစစ္ပြဲတစ္ေက်ာ့ျပန္ျဖစ္လာခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းကလည္း တ႐ုတ္ႏိုင္ငံမွ တင္သြင္းသည့္ ကုန္စည္မ်ားကို အခြန္ေကာက္ခံဖူးၿပီး ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရးစစ္ပြဲျဖစ္ပြားခဲ့ဖူးသည္။
တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံ ႏွင့္ ကုန္သြယ္ေရးစစ္ပြဲဆင္ႏြဲမည္ျဖစ္ေသာ္လည္း ႏိုင္ငံစီးပြားေရးကို ၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ႏိုင္ရန္ ပစ္မွတ္ထားေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.