Djiboutiနဲ့ ယီမင်နိုင်ငံ ကမ်းလွန်တို့မှာ ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့ သင်္ဘော(၄)စီးနစ်မြုပ်ခဲ့ပြီး လူ(၁၈၀) ကျော် ပျောက်ဆုံးနေ

 488

Pika (NP News) - မတ် ၈

Djiboutiနဲ့ ယီမင်နိုင်ငံ ကမ်းလွန်တို့မှာ ရွှေ့ပြောင်းနေထိုင်သူတွေ တင်ဆောင်လာတဲ့ သင်္ဘော(၄)စီးနစ်မြုပ်ခဲ့ရာ အနည်းဆုံးလူ(၁)ဦးသေဆုံးပြီး အခြားလူ(၁၈၀)‌ကျော် ပျောက်ဆုံးနေတယ်လို့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း နေထိုင်သူများအဖွဲ့(IOM) က ပြောကြားခဲ့ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေမှာ အလုပ်ရှာဖို့ ဒါမှမဟုတ် ပဋိပက္ခတွေကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက်တွေနဲ့အတူ အီသီယိုးပီးယားလူမျိုးတွေ ပိုမိုအသုံးပြုတဲ့ လမ်းကြောင်းတစ်လျှောက်မှာ မတ်လ(၆)ရက် နှောင်းပိုင်းက အဲဒီ နစ်မြုပ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ IOM က “Djiboutiနဲ့ ယီမင်နိုင်ငံ ကမ်းလွန်တို့မှာ ရွှေ့ပြောင်းနေထိုင်သူတွေတင်ဆောင်လာတဲ့ သင်္ဘော(၄)စီးနစ်မြုပ်ခဲ့ပြီး လူ(၁၈၀)ကျော် ပျောက်ဆုံးနေပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီသင်္ဘော(၄)စီးအနက် အနည်းဆုံး လူ(၃၀)ဦးတင်ဆောင်လာတယ်လို့ ယူဆရတဲ့သင်္ဘောတစ်စီးနဲ့ လူ(၁၅၀)ဦး တင်ဆောင်လာတယ်လို့ယူဆရတဲ့ သင်္ဘောတစ်စီးတို့ဟာ ယီမင်ကမ်းလွန်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ IOM မစ်ရှင်အဖွဲ့အကြီးအကဲ Abdusattor Esoev က ပြောကြားခဲ့ပါတယ်။ ၎င်းက “ကံမကောင်းစွာနဲ့ပဲ ပင်လယ်ထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ လူပေါင်း(၁၈၆)ဦးကို ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် အခြားသင်္ဘောနှစ်စီးဟာ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ Djibouti ကမ်းလွန်မှာ တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
Djiboutiနဲ႔ ယီမင္ႏိုင္ငံ ကမ္းလြန္တို႔မွာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ လိုက္ပါလာတဲ့ သေဘၤာ(၄)စီးနစ္ျမဳပ္ခဲ့ၿပီး လူ(၁၈၀) ေက်ာ္ ေပ်ာက္ဆုံးေန
Pika (NP News) - မတ္ ၈

Djiboutiနဲ႔ ယီမင္ႏိုင္ငံ ကမ္းလြန္တို႔မွာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ တင္ေဆာင္လာတဲ့ သေဘၤာ(၄)စီးနစ္ျမဳပ္ခဲ့ရာ အနည္းဆုံးလူ(၁)ဦးေသဆုံးၿပီး အျခားလူ(၁၈၀)‌ေက်ာ္ ေပ်ာက္ဆုံးေနတယ္လို႔ အျပည္ျပည္ဆိုင္ရာေ႐ႊ႕ေျပာင္း ေနထိုင္သူမ်ားအဖြဲ႕(IOM) က ေျပာၾကားခဲ့ပါတယ္။
ပင္လယ္ေကြ႕ႏိုင္ငံေတြမွာ အလုပ္ရွာဖို႔ ဒါမွမဟုတ္ ပဋိပကၡေတြကေန လြတ္ေျမာက္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြနဲ႔အတူ အီသီယိုးပီးယားလူမ်ိဳးေတြ ပိုမိုအသုံးျပဳတဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္မွာ မတ္လ(၆)ရက္ ေႏွာင္းပိုင္းက အဲဒီ နစ္ျမဳပ္မႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ IOM က “Djiboutiနဲ႔ ယီမင္ႏိုင္ငံ ကမ္းလြန္တို႔မွာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြတင္ေဆာင္လာတဲ့ သေဘၤာ(၄)စီးနစ္ျမဳပ္ခဲ့ၿပီး လူ(၁၈၀)ေက်ာ္ ေပ်ာက္ဆုံးေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီသေဘၤာ(၄)စီးအနက္ အနည္းဆုံး လူ(၃၀)ဦးတင္ေဆာင္လာတယ္လို႔ ယူဆရတဲ့သေဘၤာတစ္စီးနဲ႔ လူ(၁၅၀)ဦး တင္ေဆာင္လာတယ္လို႔ယူဆရတဲ့ သေဘၤာတစ္စီးတို႔ဟာ ယီမင္ကမ္းလြန္မွာ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္တယ္လို႔ IOM မစ္ရွင္အဖြဲ႕အႀကီးအကဲ Abdusattor Esoev က ေျပာၾကားခဲ့ပါတယ္။ ၎က “ကံမေကာင္းစြာနဲ႔ပဲ ပင္လယ္ထဲမွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ လူေပါင္း(၁၈၆)ဦးကို ရွာေဖြကယ္ဆယ္မႈေတြ လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အျခားသေဘၤာႏွစ္စီးဟာ ေလျပင္းတိုက္ခတ္မႈေတြနဲ႔အတူ Djibouti ကမ္းလြန္မွာ တိမ္းေမွာက္သြားခဲ့တာျဖစ္တယ္လို႔ ၎က ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.