ယူကရိန်းက ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုရင် အမေရိကန်က ကြားဝင်စေ့စပ်ပေးမှုတွေကို ရပ်ဆိုင်းသွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

 582

Pika (NP News) - မတ် ၈

ယူကရိန်းအစိုးရဟာ ရုရှားနဲ့ငြိမ်းချမ်းရေးရယူဖို့ ၎င်းရဲ့ကတိဝတ်တွေကို သက်သေပြဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ယူကရိန်းအတွက် အကူအညီတွေအားလုံးကို အမေရိကန်က ရပ်ဆိုင်းသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ပဋိပက္ခကို ပြေလည်အောင်လုပ်ဆောင်ဖို့ အလားအလာတွေရှိလာတဲ့အချိန်မှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ယူကရိန်းထက် ရုရှားက ပိုမိုလုပ်ဆောင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ရုရှားနဲ့ယူကရိန်းတို့က ပဋိပက္ခကို ဖြေရှင်းလိုတယ်ဆိုတာကို ကျွန်တော်သိဖို့လိုအပ်ပါတယ်။ယူကရိန်းဟာ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်ကတိဝတ်ပြုထားတာမျိုး ရှိ/မရှိဆိုတာကိုလည်း လက်ရှိအချိန်ထိတော့ မသိရှိရသေးပါဘူး။အကယ်၍ သူတို့ကသာ ပဋိပက္ခကို ပြေလည်အောင် မဖြေရှင်းချင်ကြဘူးဆိုရင် ကျွန်တော်တို့က အဲ့ဒီနေရာကနေ ထွက်သွားမှာပါ။သူတို့ရဲ့ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းပေးဖို့ အဲ့ဒီနေရာကို ကျွန်တော်တို့ ရောက်နေရတာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ပဋိပက္ခကို ဖြေရှင်းဖို့ အလားအလာတွေနဲ့ပတ်သက်ပြီး ရုရှားနဲ့ အမေရိကန်ကြားမှာ အကျိုးဖြစ်ထွန်းတဲ့ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ပြီးတော့ ရုရှားသမ္မတပူတင်ဟာ ငြိမ်းချမ်းရေးကိုလိုချင်တယ်ဆိုတာကို ယုံကြည်တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ကျွန်တော်တို့က ရုရှားနဲ့အတူ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ဒါပေမယ့် ယူကရိန်းနဲ့ လက်တွဲလုပ်ဆောင်ရတာက အရမ်းကိုခက်ခဲပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက ၿငိမ္းခ်မ္းေရးကို မလိုလားဘူးဆိုရင္ အေမရိကန္က ၾကားဝင္ေစ့စပ္ေပးမႈေတြကို ရပ္ဆိုင္းသြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၈

ယူကရိန္းအစိုးရဟာ ႐ုရွားနဲ႔ၿငိမ္းခ်မ္းေရးရယူဖို႔ ၎ရဲ႕ကတိဝတ္ေတြကို သက္ေသျပဖို႔ ပ်က္ကြက္ခဲ့မယ္ဆိုရင္ ယူကရိန္းအတြက္ အကူအညီေတြအားလုံးကို အေမရိကန္က ရပ္ဆိုင္းသြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ပဋိပကၡကို ေျပလည္ေအာင္လုပ္ေဆာင္ဖို႔ အလားအလာေတြရွိလာတဲ့အခ်ိန္မွာ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ယူကရိန္းထက္ ႐ုရွားက ပိုမိုလုပ္ေဆာင္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”႐ုရွားနဲ႔ယူကရိန္းတို႔က ပဋိပကၡကို ေျဖရွင္းလိုတယ္ဆိုတာကို ကြၽန္ေတာ္သိဖို႔လိုအပ္ပါတယ္။ယူကရိန္းဟာ ၿငိမ္းခ်မ္းေရးအတြက္ အမွန္တကယ္ကတိဝတ္ျပဳထားတာမ်ိဳး ရွိ/မရွိဆိုတာကိုလည္း လက္ရွိအခ်ိန္ထိေတာ့ မသိရွိရေသးပါဘူး။အကယ္၍ သူတို႔ကသာ ပဋိပကၡကို ေျပလည္ေအာင္ မေျဖရွင္းခ်င္ၾကဘူးဆိုရင္ ကြၽန္ေတာ္တို႔က အဲ့ဒီေနရာကေန ထြက္သြားမွာပါ။သူတို႔ရဲ႕ပဋိပကၡကို ေျပလည္ေအာင္ေျဖရွင္းေပးဖို႔ အဲ့ဒီေနရာကို ကြၽန္ေတာ္တို႔ ေရာက္ေနရတာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ပဋိပကၡကို ေျဖရွင္းဖို႔ အလားအလာေတြနဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔ အေမရိကန္ၾကားမွာ အက်ိဳးျဖစ္ထြန္းတဲ့ဆက္သြယ္မႈေတြ ရွိခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ၿပီးေတာ့ ႐ုရွားသမၼတပူတင္ဟာ ၿငိမ္းခ်မ္းေရးကိုလိုခ်င္တယ္ဆိုတာကို ယုံၾကည္တယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ကြၽန္ေတာ္တို႔က ႐ုရွားနဲ႔အတူ အေကာင္းဆုံးလုပ္ေဆာင္ေနတယ္လို႔ ထင္ပါတယ္။ဒါေပမယ့္ ယူကရိန္းနဲ႔ လက္တြဲလုပ္ေဆာင္ရတာက အရမ္းကိုခက္ခဲပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.