အမေရိကန် နှင့် ဂျပန်နိုင်ငံကြား မဟာမိတ်စာချုပ်က မျှတမှုမရှိဟု အမေရိကန်သမ္မတ ဝေဖန်

 728

ဂျန်ဇက် (NP News) - မတ် ၈

အမေရိကန်နှင့် ဂျပန်နိုင်ငံကြား မဟာမိတ်စာချုပ်က မျှတမှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံနဲ့ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံနဲ့ပတ်သက်ရင် သူတို့ကိုကာကွယ်ပေးရပေမယ့် သူတို့ကတော့ ကျွန်တော်တို့နိုင်ငံကို ကာကွယ်ပေးစရာမလိုဘူး။ တစ်နည်းအားဖြင့် သူတို့က ငါတို့နဲ့စီးပွားရေးအရ ချမ်းသာတယ်။ တကယ် မေးတာပါ။ ဒီသဘောတူညီချက်တွေကို ဘယ်သူလုပ်တာလဲ၊ မျှတမှုရှိရဲ့လား” ဟု ပြောသည်။

ဂျပန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယိုရှိမာဆာဟာယာရှီက အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နှင့် အမေရိကန် နိုင်ငံကြားချုပ်ဆိုထားသည့်လုံခြုံရေး သဘောတူညီမှုစာချုပ်ကို လိုက်နာမည်ဟု ယုံကြည်ကြောင်း ပြောသည်။ ဂျပန်နိုင်ငံ ကို ကာကွယ်ပေးရန်အတွက် ဂျပန်နိုင်ငံတွင် အမေရိကန်စစ်သား အနည်းဆုံး (၅၄၀ဝဝ)ကျော်ရှိနေပြီး အများစုက အိုကီနာဝါ ကျွန်းတွင် ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျပန်နိုင်ငံမှတင်သွင်းသော အလူမီနီယံနှင့် သံမဏိ များ ကို အခွန်ကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။ ဂျပန်အစိုးရသည် ဂျပန် နိုင်ငံမှတင်သွင်းသော အလူမီနီယံ နှင့် သံမဏိများကို အခွန်ကောက်ခံရန် စီစဉ်မှုများကို ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။
ဂျပန်ကုန်သွယ်ရေးဝန်ကြီးသည် ၎င်းတို့ နိုင်ငံမှတင်သွင်းသော ကုန်စည်များအတွက် အခွန်ကောက်ခံခြင်းကို ကင်းလွတ်ခွင့်ပေးရေးဆွေးနွေးရန်အတွက် ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန် အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်အစိုးရသည် ဂျပန်နိုင်ငံမှတင်သွင်းသော သံမဏိနှင့် အလူမီနီယံ များကို အခွန်ကောက်ခံခြင်းကို လာမည့်သီတင်းပတ် အတွင်း အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ ဂျပန် ကုမ္ပဏီများအနေဖြင့် အခွန်ကောက်ခံခြင်းမခံလိုလျှင် အမေရိကန်နိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံရမည်ဟု အမေရိကန်အစိုးရက ပြောဆိုထားကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္ ႏွင့္ ဂ်ပန္ႏိုင္ငံၾကား မဟာမိတ္စာခ်ဳပ္က မွ်တမႈမရွိဟု အေမရိကန္သမၼတ ေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၈

အေမရိကန္ႏွင့္ ဂ်ပန္ႏိုင္ငံၾကား မဟာမိတ္စာခ်ဳပ္က မွ်တမႈမရွိေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ဟာ ဂ်ပန္ႏိုင္ငံနဲ႔ အလြန္ေကာင္းမြန္တဲ့ဆက္ဆံေရး ရွိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဟာ ဂ်ပန္ႏိုင္ငံနဲ႔ပတ္သက္ရင္ သူတို႔ကိုကာကြယ္ေပးရေပမယ့္ သူတို႔ကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံကို ကာကြယ္ေပးစရာမလိုဘူး။ တစ္နည္းအားျဖင့္ သူတို႔က ငါတို႔နဲ႔စီးပြားေရးအရ ခ်မ္းသာတယ္။ တကယ္ ေမးတာပါ။ ဒီသေဘာတူညီခ်က္ေတြကို ဘယ္သူလုပ္တာလဲ၊ မွ်တမႈရွိရဲ႕လား” ဟု ေျပာသည္။
ဂ်ပန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ယိုရွိမာဆာဟာယာရွီက အေမရိကန္ႏိုင္ငံအေနျဖင့္ ဂ်ပန္ႏွင့္ အေမရိကန္ ႏိုင္ငံၾကားခ်ဳပ္ဆိုထားသည့္လုံၿခဳံေရး သေဘာတူညီမႈစာခ်ဳပ္ကို လိုက္နာမည္ဟု ယုံၾကည္ေၾကာင္း ေျပာသည္။ ဂ်ပန္ႏိုင္ငံ ကို ကာကြယ္ေပးရန္အတြက္ ဂ်ပန္ႏိုင္ငံတြင္ အေမရိကန္စစ္သား အနည္းဆုံး (၅၄၀ဝဝ)ေက်ာ္ရွိေနၿပီး အမ်ားစုက အိုကီနာဝါ ကြၽန္းတြင္ ရွိေနေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဂ်ပန္ႏိုင္ငံမွတင္သြင္းေသာ အလူမီနီယံႏွင့္ သံမဏိ မ်ား ကို အခြန္ေကာက္ခံရန္ စီစဥ္ေနေၾကာင္း သိရသည္။ ဂ်ပန္အစိုးရသည္ ဂ်ပန္ ႏိုင္ငံမွတင္သြင္းေသာ အလူမီနီယံ ႏွင့္ သံမဏိမ်ားကို အခြန္ေကာက္ခံရန္ စီစဥ္မႈမ်ားကို ကင္းလြတ္ခြင့္ေပးရန္ ေတာင္းဆိုထားေၾကာင္း သိရသည္။
ဂ်ပန္ကုန္သြယ္ေရးဝန္ႀကီးသည္ ၎တို႔ ႏိုင္ငံမွတင္သြင္းေသာ ကုန္စည္မ်ားအတြက္ အခြန္ေကာက္ခံျခင္းကို ကင္းလြတ္ခြင့္ေပးေရးေဆြးေႏြးရန္အတြက္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အေမရိကန္ အစိုးရတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့ ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အေမရိကန္အစိုးရသည္ ဂ်ပန္ႏိုင္ငံမွတင္သြင္းေသာ သံမဏိႏွင့္ အလူမီနီယံ မ်ားကို အခြန္ေကာက္ခံျခင္းကို လာမည့္သီတင္းပတ္ အတြင္း အမိန႔္ထုတ္ျပန္မည္ျဖစ္ေၾကာင္း သိရသည္။ ဂ်ပန္ ကုမၸဏီမ်ားအေနျဖင့္ အခြန္ေကာက္ခံျခင္းမခံလိုလွ်င္ အေမရိကန္ႏိုင္ငံတြင္လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံရမည္ဟု အေမရိကန္အစိုးရက ေျပာဆိုထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.