ဟားမတ်လက်နက်ကိုင်အဖွဲ့အတွက် နောက်ဆုံးသတိပေးချက်ကို ဒေါ်နယ်ထရမ့် ထုတ်ပြန်

 2148

Pika (NP News) - မတ် ၈

ဂါဇာကမ်းမြောင်ဒေသအခြေစိုက် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့သည် ကျန်ရှိနေသော ဓားစာခံများကို လွှတ်ပေးရ မည်ဖြစ်ကြောင်း နှင့် ပြန်မလွှတ်ပေးပါက ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောခဲ့သည်။
အစ္စရေး နှင့် ဟားမတ်လက်နက်ကိုင်အဖွဲ့ကြား နောက်ထပ်အကျဉ်းသားလဲလှယ်မှုဆိုင်ရာဆွေးနွေးမှုများ ရပ်ဆိုင်း သွားခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ သတိပေးချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်က “ဖမ်းဆီးထားတဲ့ ဓားစာခံတွေအားလုံးကို အခုပဲလွှတ်ပေးစေချင်ပါတယ်။ ပြီးတော့ ဟားမတ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ သတ်ဖြတ်ခဲ့တဲ့လူတွေ ရဲ့ရုပ်အလောင်းတွေအားလုံးကို ချက်ချင်းပြန်ပေးရပါမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် တော့ ပျက်စီးဆုံးရှုံးမှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်” ဟု သတိပေးပြောခဲ့သည်။

ထို့ပြင် အလုပ်ပြီးမြောက်အောင်လုပ် ဆောင်ရန်အတွက် လိုအပ်သည့်အရာအားလုံးကို အစ္စရေးကို ပေးပို့နေ ကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြောခဲ့သည်။
ဒေါ်နယ်ထရမ့်က “ဒါက ဟားမတ်လက်နက်ကိုင်အဖွဲ့အတွက် နောက်ဆုံး သတိပေးချက်ပဲဖြစ်ပါတယ်။ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းအတွက် ဒီအချိန်က အခွင့်အရေးရှိတုန်း ဂါဇာကမ်းမြောင်ဒေသကနေ ထွက်ခွာရမယ့်အချိန်ပဲဖြစ်ပါတယ်။ ပြီးတော့ ဂါဇာပြည်သူတွေအားလုံးအတွက်လည်း ဒီအချိန်က ဂါဇာကမ်းမြောင် ဒေသကနေ ထွက်ခွာသင့်တဲ့အချိန်ပါပဲ” ဟု ပြောခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်၏ခြိမ်းခြောက်မှုများသည် ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် နှင့်ပတ်သက်သောကိစ္စရပ်များကို ရှုပ်ထွေးစေကြောင်း ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က ပြန်လည်တုံ့ပြန်ပြောခဲ့သည်။

Zawgyi Version:
ဟားမတ္လက္နက္ကိုင္အဖြဲ႕အတြက္ ေနာက္ဆုံးသတိေပးခ်က္ကို ေဒၚနယ္ထရမ့္ ထုတ္ျပန္
Pika (NP News) - မတ္ ၈

ဂါဇာကမ္းေျမာင္ေဒသအေျခစိုက္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕သည္ က်န္ရွိေနေသာ ဓားစာခံမ်ားကို လႊတ္ေပးရ မည္ျဖစ္ေၾကာင္း ႏွင့္ ျပန္မလႊတ္ေပးပါက ပ်က္စီးဆုံးရႈံးမႈမ်ားကို ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က သတိေပးေျပာခဲ့သည္။
အစၥေရး ႏွင့္ ဟားမတ္လက္နက္ကိုင္အဖြဲ႕ၾကား ေနာက္ထပ္အက်ဥ္းသားလဲလွယ္မႈဆိုင္ရာေဆြးေႏြးမႈမ်ား ရပ္ဆိုင္း သြားခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္၏ သတိေပးခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ေဒၚနယ္ထရမ့္က “ဖမ္းဆီးထားတဲ့ ဓားစာခံေတြအားလုံးကို အခုပဲလႊတ္ေပးေစခ်င္ပါတယ္။ ၿပီးေတာ့ ဟားမတ္လက္နက္ကိုင္အဖြဲ႕က ၎တို႔ သတ္ျဖတ္ခဲ့တဲ့လူေတြ ရဲ႕႐ုပ္အေလာင္းေတြအားလုံးကို ခ်က္ခ်င္းျပန္ေပးရပါမယ္။ အဲဒီလိုမဟုတ္ဘူးဆိုရင္ ေတာ့ ပ်က္စီးဆုံးရႈံးမႈေတြကို ရင္ဆိုင္ရပါလိမ့္မယ္” ဟု သတိေပးေျပာခဲ့သည္။

ထို႔ျပင္ အလုပ္ၿပီးေျမာက္ေအာင္လုပ္ ေဆာင္ရန္အတြက္ လိုအပ္သည့္အရာအားလုံးကို အစၥေရးကို ေပးပို႔ေန ေၾကာင္း ေဒၚနယ္ထရမ့္က ထပ္မံေျပာခဲ့သည္။
ေဒၚနယ္ထရမ့္က “ဒါက ဟားမတ္လက္နက္ကိုင္အဖြဲ႕အတြက္ ေနာက္ဆုံး သတိေပးခ်က္ပဲျဖစ္ပါတယ္။ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ရဲ႕ေခါင္းေဆာင္ပိုင္းအတြက္ ဒီအခ်ိန္က အခြင့္အေရးရွိတုန္း ဂါဇာကမ္းေျမာင္ေဒသကေန ထြက္ခြာရမယ့္အခ်ိန္ပဲျဖစ္ပါတယ္။ ၿပီးေတာ့ ဂါဇာျပည္သူေတြအားလုံးအတြက္လည္း ဒီအခ်ိန္က ဂါဇာကမ္းေျမာင္ ေဒသကေန ထြက္ခြာသင့္တဲ့အခ်ိန္ပါပဲ” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္၏ၿခိမ္းေျခာက္မႈမ်ားသည္ ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ႏွင့္ပတ္သက္ေသာကိစၥရပ္မ်ားကို ရႈပ္ေထြးေစေၾကာင္း ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Hazem Qassem က ျပန္လည္တုံ႔ျပန္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.