ယူကရိန်းဘက်မှ ပါဝင်သည့် ကြေးစားစစ်သားများကို တိုက်ခိုက်ခဲ့ဟု ရုရှားစစ်ဘက် အတည်ပြု

594

ဂျန်ဇက် (NP News) - မတ် ၈
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ Krivoy Rog မြို့ရှိ နိုင်ငံခြားကြေးစားတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါမြို့သည် ယူကရိန်းသမ္မတဇီလန်စကီး၏ မွေးရပ်ဇာတိမြို့ဖြစ်ပြီး ကြေးစားစစ်သားများရှိသည့်မြို့ဖြစ်ကြောင်း သိရသည်။ ယူကရိန်း နှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြည်ပကြေးစားစစ်သားများသည် ယူကရိန်းနိုင်ငံဘက်မှ ပါဝင်တိုက်ခိုက်ခြင်းများ ရှိနေခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတဇီလန်စကီးကိုယ်တိုင်က အတည်ပြုထားပြီး အမေရိကန်နှင့် ဗြိတိန်နိုင်ငံ သားကြေးစားစစ်သား များပါဝင်နေကြောင်း သိရသည်။ ရုရှားစစ်သားများသည် ပြီးခဲ့သောလကလည်း အိုဒက်ဆာမြို့ရှိ ဘရစ်စတိုး ဟိုတယ်တွင်ရှိနေသည့် ပြည်ပ ကြေးစားစစ်သားများနှင့် ယူကရိန်းတပ်ဖွဲ့များကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့သည် ယူကရိန်းနိုင်ငံဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သော ပြည်ပ ကြေးစားစစ်သားများကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယူကရိန်း နှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သော ကြေးစား စစ်သား အနည်းဆုံး (၆၀ဝဝ)ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့သည် ပြီးခဲ့သော(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ပွဲစတင်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းနှင့် ရုရှားနိုင်ငံကြားစစ်ပွဲအဆုံး သတ်ရန်အတွက် ကြားဝင်ကြိုးပမ်းနေပြီး ရုရှားသမ္မတပူတင်နှင့်ဖုန်းဆက်ဆွေးနွေးခဲ့သလို အမေရိကန် နှင့် ရုရှား အစိုးရတာဝန်ရှိသူများ ဆော်ဒီအာရေးဗျနိုင်ငံတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယူကရိန္းဘက္မွ ပါဝင္သည့္ ေၾကးစားစစ္သားမ်ားကို တိုက္ခိုက္ခဲ့ဟု ႐ုရွားစစ္ဘက္ အတည္ျပဳ
ဂ်န္ဇက္ (NP News) - မတ္ ၈
႐ုရွားတပ္ဖြဲ႕မ်ားသည္ ယူကရိန္းႏိုင္ငံ Krivoy Rog ၿမိဳ႕ရွိ ႏိုင္ငံျခားေၾကးစားတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္သည္။ အဆိုပါၿမိဳ႕သည္ ယူကရိန္းသမၼတဇီလန္စကီး၏ ေမြးရပ္ဇာတိၿမိဳ႕ျဖစ္ၿပီး ေၾကးစားစစ္သားမ်ားရွိသည့္ၿမိဳ႕ျဖစ္ေၾကာင္း သိရသည္။ ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ျပည္ပေၾကးစားစစ္သားမ်ားသည္ ယူကရိန္းႏိုင္ငံဘက္မွ ပါဝင္တိုက္ခိုက္ျခင္းမ်ား ရွိေနခဲ့ေၾကာင္း သိရသည္။
ယူကရိန္းသမၼတဇီလန္စကီးကိုယ္တိုင္က အတည္ျပဳထားၿပီး အေမရိကန္ႏွင့္ ၿဗိတိန္ႏိုင္ငံ သားေၾကးစားစစ္သား မ်ားပါဝင္ေနေၾကာင္း သိရသည္။ ႐ုရွားစစ္သားမ်ားသည္ ၿပီးခဲ့ေသာလကလည္း အိုဒက္ဆာၿမိဳ႕ရွိ ဘရစ္စတိုး ဟိုတယ္တြင္ရွိေနသည့္ ျပည္ပ ေၾကးစားစစ္သားမ်ားႏွင့္ ယူကရိန္းတပ္ဖြဲ႕မ်ားကိုလည္း တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ ႐ုရွားကာ ကြယ္ေရးဝန္ႀကီးဌာနက ၎တို႔သည္ ယူကရိန္းႏိုင္ငံဘက္မွ ပါဝင္တိုက္ခိုက္ခဲ့ေသာ ျပည္ပ ေၾကးစားစစ္သားမ်ားကို ေအာင္ျမင္စြာတိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းဘက္မွ ပါဝင္တိုက္ခိုက္ခဲ့ေသာ ေၾကးစား စစ္သား အနည္းဆုံး (၆၀ဝဝ)ေက်ာ္ကို သုတ္သင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ၿပီးခဲ့ေသာ(၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း စစ္ပြဲစတင္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္အထိ အပစ္အခတ္ရပ္စဲေရး အတြက္ ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားစစ္ပြဲအဆုံး သတ္ရန္အတြက္ ၾကားဝင္ႀကိဳးပမ္းေနၿပီး ႐ုရွားသမၼတပူတင္ႏွင့္ဖုန္းဆက္ေဆြးေႏြးခဲ့သလို အေမရိကန္ ႏွင့္ ႐ုရွား အစိုးရတာဝန္ရွိသူမ်ား ေဆာ္ဒီအာေရးဗ်ႏိုင္ငံတြင္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။