ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် သမီးမိန်းကလေး လေးမွှာပူးကိုယ်ဝန် အောင်မြင်စွာမွေးဖွား

4755
(NP News)-မတ်လ ၈
ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် သမီးမိန်းကလေး လေးမွှာပူးကိုယ်ဝန်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း နစက၏သတင်း အချက်အလက်များအရ သိရသည်။
ယမန်နေ့(မတ်လ ၇ရက်) မွန်းလွဲ ၁၂နာရီ ၄၁မိနစ်အချိန်က ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် အောင်မြင်စွာမွေးဖွားနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကလေးငယ်များ၏မိခင်ဖြစ်သူမှာ အသက်(၂၆)နှစ်အရွယ် ဒေါ်ဝင်းမာထွန်းဖြစ်ပြီး ၎င်း၏လေးမွှာပူးကိုယ်ဝန်မှ ကိုယ်အလေးချိန် 1.21 kg၊ 1.52 kg၊ 1.28 Kg နှင့် 0.91 kg ရှိ မိန်းကလေး လေးဦးတို့ကို ခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မိခင်နှင့်ကလေးများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ကလေးများကို မွေးကင်းစကလေးအထူး ကြပ်မတ်ကုသဌာန၌ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက လိုအပ်သော ပြုစုကုသမှုများကို အနီးကပ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ရန္ကုန္ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးတြင္ သမီးမိန္းကေလး ေလးမႊာပူးကိုယ္ဝန္ ေအာင္ျမင္စြာေမြးဖြား
(NP News)-မတ္လ ၈
ရန္ကုန္ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးတြင္ သမီးမိန္းကေလး ေလးမႊာပူးကိုယ္ဝန္ကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ေၾကာင္း နစက၏သတင္း အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔(မတ္လ ၇ရက္) မြန္းလြဲ ၁၂နာရီ ၄၁မိနစ္အခ်ိန္က ရန္ကုန္ၿမိဳ႕၊ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးတြင္ ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ကေလးငယ္မ်ား၏မိခင္ျဖစ္သူမွာ အသက္(၂၆)ႏွစ္အ႐ြယ္ ေဒၚဝင္းမာထြန္းျဖစ္ၿပီး ၎၏ေလးမႊာပူးကိုယ္ဝန္မွ ကိုယ္အေလးခ်ိန္ 1.21 kg၊ 1.52 kg၊ 1.28 Kg ႏွင့္ 0.91 kg ရွိ မိန္းကေလး ေလးဦးတို႔ကို ခြဲစိတ္ေမြးဖြားႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မိခင္ႏွင့္ကေလးမ်ား၏ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိၿပီး ကေလးမ်ားကို ေမြးကင္းစကေလးအထူး ၾကပ္မတ္ကုသဌာန၌ ဘာသာရပ္ဆိုင္ရာ ပါေမာကၡ/အထူးကု ဆရာဝန္ႀကီးမ်ား၊ ကြၽမ္းက်င္သူနာျပဳမ်ားက လိုအပ္ေသာ ျပဳစုကုသမႈ မ်ားကို အနီးကပ္ဆက္လက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။