ယူကရိန်းကို ဥရောပသမဂ္ဂ၏ ဒေါ်လာ (၃၂)ဘီလျံ စစ်ရေးအကူအညီပေးမည့်အစီအစဉ် ငြင်းဆန်ပယ်ချခံရ

 3775

ဂျန်ဇက် (NP News) - မတ် ၈

ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ (၃၂)ဘီလျံတန်ဖိုးရှိ စစ်ရေးအကူအညီများပေးနိုင်မည် မဟုတ်ကြောင်း သိရသည်။ ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီပေးရန်အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ပြီးခဲ့သည့်ရက်ပိုင်းက ဆွေးနွေးခဲ့ရာ ဟန်ဂေရီနိုင်ငံက ဗီတိုအာဏာသုံးကာ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ယူကရိန်းကို စစ်ရေးအကူအညီပေးရန်အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ(၂၆)နိုင်ငံက ထောက်ခံခဲ့သော်လည်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကကန့်ကွက်ခဲ့ရာ ယူကရိန်းကို စစ်ရေးအကူအညီပေးမည့်အစီအစဉ်များ နှောင့်နှေးဖွယ်ရှိနေ ကြောင်းသိရသည်။ ယူကရိန်းကို လုံခြုံရေးအာမခံချက်ပေးမည့်အကူအညီအပါအဝင် အချက် ငါးချက်ပါသည့်မူကြမ်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟန်ဂေရီဝန်ကြီးချုပ် သည် ယူကရိန်းကို စစ်ရေးအကူအညီပေးမည့်အစီအစဉ်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများလုပ်ဆောင်ရန် တိုက်တွန်းနေသူဖြစ်ကြောင်း သိရသည်။
ဟန်ဂေရီဝန်ကြီးချုပ်က “ယူကရိန်းကို ဒီထက်ပိုပြီး တိုက်ပွဲဝင်နိုင်အောင် အားကောင်း အောင်လုပ်ဖို့ လိုအပ်တယ် လို့ ဆွေးနွေးပါတယ်။ ဟန်ဂေရီကတော့ အဲဒီအဆိုပြုဆွေးနွေးချက်ကို ထောက်ခံမှာမဟုတ်ဘူး၊ ငြိမ်းချမ်း ရေးရရှိ ရေးရပ်တည်ချက်ကိုသာ ထောက်ခံမယ်” ဟု ပြောသည်။
ဥရောပသမဂ္ဂကောင်စီသည် ယူကရိန်းကို ကူညီထောက်ပံ့ပေးရေးနှင့်ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့် မတ်လ(၂၀)ရက်အထိ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက ဥရောပသမဂ္ဂသည် ယူကရိန်းကို စစ်ရေးအကူအညီများ ဆက်လက်ပေးနိုင်ရန်ဆွေးနွေးမည်ဖြစ် ကြောင်း ပြောသည်။
၎င်းက “ဟန်ဂေရီဟာ ယူကရိန်းစစ်ပွဲ နဲ့ပတ်သက်ပြီး မတူညီတဲ့ ချဉ်းကပ်မှုမျိုးလုပ်ဆောင် ခဲ့တယ်။ ဟန်ဂေရီ တစ်နိုင်ငံတည်းက တစ်ဖက်၊ တခြားဥရောပသမဂ္ဂအဖွဲ့ဝင်(၂၆)နိုင်ငံကတစ်ဖက်ဖြစ်ခဲ့တယ်” ဟု ပြောသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြား (၂၀၂၂)ခုနှစ် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံနှင့်အတူ ဥရောပသမဂ္ဂ သည် ယူကရိန်းကို စစ်ရေးအကူအညီများပေးခဲ့သော်လည်း အမေရိကန်နိုင်ငံတွင် သမ္မတအပြောင်းအလဲဖြစ်လာခဲ့ ပြီးနောက် အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီပေးရန် ဆက်လက်မသေချာတော့ကြောင်း သိရသည်။
အမေရိကန်သမ္မတက ယူကရိန်းကိုစစ် ရေးအကူအညီပေးမှုများထပ်မံလုပ်ဆောင်မည်မဟုတ်ဟု ပြောဆိုခဲ့ပြီး ဥရောပသမဂ္ဂက ယူကရိန်းကို စစ်ရေးအကူအညီထပ်မံပေးရန် စီစဉ်ခဲ့ကြောင်းသိရသည်။ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂကြားတွင်လည်း သဘောထားကွဲလွဲမှုများ ဖြစ်နေကြောင်းသိရသည်။

Zawgyi Version:
ယူကရိန္းကို ဥေရာပသမဂၢ၏ ေဒၚလာ (၃၂)ဘီလ်ံ စစ္ေရးအကူအညီေပးမည့္အစီအစဥ္ ျငင္းဆန္ပယ္ခ်ခံရ
ဂ်န္ဇက္ (NP News) - မတ္ ၈

ဥေရာပသမဂၢသည္ ယူကရိန္းႏိုင္ငံကို အေမရိကန္ေဒၚလာ (၃၂)ဘီလ်ံတန္ဖိုးရွိ စစ္ေရးအကူအညီမ်ားေပးႏိုင္မည္ မဟုတ္ေၾကာင္း သိရသည္။ ယူကရိန္းႏိုင္ငံကို စစ္ေရးအကူအညီေပးရန္အတြက္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား ၿပီးခဲ့သည့္ရက္ပိုင္းက ေဆြးေႏြးခဲ့ရာ ဟန္ေဂရီႏိုင္ငံက ဗီတိုအာဏာသုံးကာ ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။
ယူကရိန္းကို စစ္ေရးအကူအညီေပးရန္အတြက္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံ(၂၆)ႏိုင္ငံက ေထာက္ခံခဲ့ေသာ္လည္း ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္တာ ေအာ္ဘန္ကကန႔္ကြက္ခဲ့ရာ ယူကရိန္းကို စစ္ေရးအကူအညီေပးမည့္အစီအစဥ္မ်ား ေႏွာင့္ေႏွးဖြယ္ရွိေန ေၾကာင္းသိရသည္။ ယူကရိန္းကို လုံၿခဳံေရးအာမခံခ်က္ေပးမည့္အကူအညီအပါအဝင္ အခ်က္ ငါးခ်က္ပါသည့္မူၾကမ္းကို ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ဟန္ေဂရီဝန္ႀကီးခ်ဳပ္ သည္ ယူကရိန္းကို စစ္ေရးအကူအညီေပးမည့္အစီအစဥ္ကို ေဝဖန္ျပစ္တင္ခဲ့ၿပီး ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ တိုက္တြန္းေနသူျဖစ္ေၾကာင္း သိရသည္။
ဟန္ေဂရီဝန္ႀကီးခ်ဳပ္က “ယူကရိန္းကို ဒီထက္ပိုၿပီး တိုက္ပြဲဝင္ႏိုင္ေအာင္ အားေကာင္း ေအာင္လုပ္ဖို႔ လိုအပ္တယ္ လို႔ ေဆြးေႏြးပါတယ္။ ဟန္ေဂရီကေတာ့ အဲဒီအဆိုျပဳေဆြးေႏြးခ်က္ကို ေထာက္ခံမွာမဟုတ္ဘူး၊ ၿငိမ္းခ်မ္း ေရးရရွိ ေရးရပ္တည္ခ်က္ကိုသာ ေထာက္ခံမယ္” ဟု ေျပာသည္။
ဥေရာပသမဂၢေကာင္စီသည္ ယူကရိန္းကို ကူညီေထာက္ပံ့ေပးေရးႏွင့္ပတ္သက္ၿပီး အၿပီးသတ္ဆုံးျဖတ္ခ်က္ကို လာမည့္ မတ္လ(၂၀)ရက္အထိ ေ႐ႊ႕ဆိုင္းခဲ့ေၾကာင္း သိရသည္။ ဥေရာပသမဂၢေကာင္စီဥကၠ႒ အန္တိုနီယို ေကာ္စတာက ဥေရာပသမဂၢသည္ ယူကရိန္းကို စစ္ေရးအကူအညီမ်ား ဆက္လက္ေပးႏိုင္ရန္ေဆြးေႏြးမည္ျဖစ္ ေၾကာင္း ေျပာသည္။
၎က “ဟန္ေဂရီဟာ ယူကရိန္းစစ္ပြဲ နဲ႔ပတ္သက္ၿပီး မတူညီတဲ့ ခ်ဥ္းကပ္မႈမ်ိဳးလုပ္ေဆာင္ ခဲ့တယ္။ ဟန္ေဂရီ တစ္ႏိုင္ငံတည္းက တစ္ဖက္၊ တျခားဥေရာပသမဂၢအဖြဲ႕ဝင္(၂၆)ႏိုင္ငံကတစ္ဖက္ျဖစ္ခဲ့တယ္” ဟု ေျပာသည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား (၂၀၂၂)ခုႏွစ္ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ႏိုင္ငံႏွင့္အတူ ဥေရာပသမဂၢ သည္ ယူကရိန္းကို စစ္ေရးအကူအညီမ်ားေပးခဲ့ေသာ္လည္း အေမရိကန္ႏိုင္ငံတြင္ သမၼတအေျပာင္းအလဲျဖစ္လာခဲ့ ၿပီးေနာက္ အေမရိကန္က ယူကရိန္းကို စစ္ေရးအကူအညီေပးရန္ ဆက္လက္မေသခ်ာေတာ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတက ယူကရိန္းကိုစစ္ ေရးအကူအညီေပးမႈမ်ားထပ္မံလုပ္ေဆာင္မည္မဟုတ္ဟု ေျပာဆိုခဲ့ၿပီး ဥေရာပသမဂၢက ယူကရိန္းကို စစ္ေရးအကူအညီထပ္မံေပးရန္ စီစဥ္ခဲ့ေၾကာင္းသိရသည္။ ယူကရိန္းစစ္ပြဲႏွင့္ ပတ္သက္ၿပီး အေမရိကန္ႏွင့္ ဥေရာပသမဂၢၾကားတြင္လည္း သေဘာထားကြဲလြဲမႈမ်ား ျဖစ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.