ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ (သို့) ၂၀၂၆ ဇန်နဝါရီတွင် ကျင်းပရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ထုတ်ပြော

414

သုတကျော် (NP News) - မတ် ၈
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ(သို့မဟုတ်) လာမည့်နှစ် ဇန်နဝါရီတွင် ကျင်းပရန် စီစဉ် ထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတ လူကာရှန်ကို နှင့်တွေ့ဆုံပြီးနောက် ပြုလုပ်သော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။
သမ္မတမစ္စတာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သို့ ချစ်ကြည်ရေးခရီးသွားရောက်ပြီးနောက် သမ္မတလူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ ဆက်လက် သွားရောက်ခဲ့ရာ မတ်လ (၇)ရက်တွင် သမ္မတနန်းတော်၌ ဘယ်လာရုစ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက ဘယ်လာရုစ်သမ္မတကို ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ တံဆိပ်အပ်နှင်းခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နားလည်မှု စာချွန်လွှာ (၁၄)ခုထက်မနည်း လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။ “မဲမသမာမှုဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေ ညာပြီးတော့ ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် (၂၀၂၆)ခုနှစ် ဇန်နဝါရီ လမှာ အစောဆုံး ကျင်းပသွားဖို့ စီစဉ်ထားကြောင်းပြောလိုပါတယ်” ဟု နစက ဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မြန်မာ့ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများ စာရင်းပေးသွင်းထားသည့်အခြေအနေနှင့် ဘယ်လာ ရုစ်မှလေ့လာရေးအဖွဲ့များကိုလည်း လာရောက် ကြည့်ရှုရန်အတွက် နစကဥက္ကဋ္ဌက ဖိတ်ခေါ်ပြောကြား ခဲ့သည်။ မတ်လ (၆)ရက်က နစကဥက္ကဋ္ဌသည် ဘယ် လာရုစ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့်တွေ့ဆုံရာ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများအပါအဝင် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာများ၊ ကုန်သွယ် ရေးဆိုင်ရာ များကိုဆွေးနွေးခဲ့သည်။ ယင်းနောက် အဆိုပါနေ့တွင်ပင် မြန်မာ -ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို ကျင်းပရာ နစက ဥက္ကဋ္ဌ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ရာ ကုန်သွယ်ရေးနှင့် လုပ်ငန်းဆိုင်ရာများ မြှင့်တင်ရေး အပါအဝင် စီးပွားရေးဆိုင်ရာ ကိစ္စများကို ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကို ယခုႏွစ္ ဒီဇင္ဘာ (သို႔) ၂၀၂၆ ဇန္နဝါရီတြင္ က်င္းပရန္ စီစဥ္ထားေၾကာင္း နစကဥကၠ႒ ထုတ္ေျပာ
သုတေက်ာ္ (NP News) - မတ္ ၈
ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲကို ယခုႏွစ္ ဒီဇင္ဘာ(သို႔မဟုတ္) လာမည့္ႏွစ္ ဇန္နဝါရီတြင္ က်င္းပရန္ စီစဥ္ ထားေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဘယ္လာ႐ုစ္သမၼတ လူကာရွန္ကို ႏွင့္ေတြ႕ဆုံၿပီးေနာက္ ျပဳလုပ္ေသာ ပူးတြဲ သတင္းစာရွင္းလင္းပြဲတြင္ ထုတ္ေဖာ္ေျပာၾကားလိုက္သည္။
သမၼတမစၥတာပူတင္၏ ဖိတ္ၾကားခ်က္အရ ႐ုရွားႏိုင္ငံ သို႔ ခ်စ္ၾကည္ေရးခရီးသြားေရာက္ၿပီးေနာက္ သမၼတလူကာရွန္ကို၏ ဖိတ္ၾကားခ်က္အရ ဘယ္လာ႐ုစ္ႏိုင္ငံသို႔ ဆက္လက္ သြားေရာက္ခဲ့ရာ မတ္လ (၇)ရက္တြင္ သမၼတနန္းေတာ္၌ ဘယ္လာ႐ုစ္သမၼတႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ေတြ႕ဆုံစဥ္ နစကဥကၠ႒က ဘယ္လာ႐ုစ္သမၼတကို ‘အဂၢမဟာ သေရစည္သူဘြဲ႕’ တံဆိပ္အပ္ႏွင္းခဲ့ၿပီး ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရး အတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ၿပီးေနာက္ နားလည္မႈ စာခြၽန္လႊာ (၁၄)ခုထက္မနည္း လက္မွတ္ေရးထိုးခဲ့ ေၾကာင္း သိရသည္။ “မဲမသမာမႈျဖစ္ခဲ့တဲ့အတြက္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အေရးေပၚအေျခအေန ေၾက ညာၿပီးေတာ့ ေခတၱတာဝန္ယူထားတာျဖစ္ပါတယ္။ မၾကာခင္မွာလည္း ဥပေဒနဲ႔အညီ ေ႐ြးေကာက္ပြဲကို က်င္းပသြားဖို႔ ရွိပါတယ္။ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲကို (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ သို႔မဟုတ္ (၂၀၂၆)ခုႏွစ္ ဇန္နဝါရီ လမွာ အေစာဆုံး က်င္းပသြားဖို႔ စီစဥ္ထားေၾကာင္းေျပာလိုပါတယ္” ဟု နစက ဥကၠ႒က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။ ျမန္မာ့ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ပါတီမ်ား စာရင္းေပးသြင္းထားသည့္အေျခအေနႏွင့္ ဘယ္လာ ႐ုစ္မွေလ့လာေရးအဖြဲ႕မ်ားကိုလည္း လာေရာက္ ၾကည့္ရႈရန္အတြက္ နစကဥကၠ႒က ဖိတ္ေခၚေျပာၾကား ခဲ့သည္။ မတ္လ (၆)ရက္က နစကဥကၠ႒သည္ ဘယ္ လာ႐ုစ္ႏိုင္ငံ၏ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ေတြ႕ဆုံရာ ႏွစ္ႏိုင္ငံၾကား ပူးေပါင္း ေဆာင္႐ြက္ေရးကိစၥမ်ားအပါအဝင္ ကုန္သြယ္ေရး၊ စိုက္ပ်ိဳးေရးႏွင့္ ႏို႔ထြက္ပစၥည္း ထုတ္လုပ္ေရးဆိုင္ရာမ်ား၊ ကုန္သြယ္ ေရးဆိုင္ရာ မ်ားကိုေဆြးေႏြးခဲ့သည္။ ယင္းေနာက္ အဆိုပါေန႔တြင္ပင္ ျမန္မာ -ဘယ္လာ႐ုစ္ စီးပြားေရးဖိုရမ္ကို က်င္းပရာ နစက ဥကၠ႒ တက္ေရာက္ၿပီး အဖြင့္အမွာစကား ေျပာၾကားခဲ့ရာ ကုန္သြယ္ေရးႏွင့္ လုပ္ငန္းဆိုင္ရာမ်ား ျမႇင့္တင္ေရး အပါအဝင္ စီးပြားေရးဆိုင္ရာ ကိစၥမ်ားကို ထည့္သြင္းေျပာၾကားခဲ့သည္။