အာဂျင်တီးနားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၀)ဦးသေဆုံး

 216

Pika (NP News) - မတ် ၉

အာဂျင်တီးနားနိုင်ငံ Bahia Blancaဆိပ်ကမ်းမြို့မှာ မတ်လ(၇)ရက်က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှု တွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၀)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁)ထောင်ကျော်ကို ဘေးလွတ်ကင်းရာနေရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် နေအိမ်နဲ့ဆေးရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး လမ်းမတွေ ပျက်စီးမှုနဲ့အတူ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေလည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အချိန်(၈)နာရီကြာ ဆက်တိုက်မိုးရွာသွန်းမှုနဲ့အတူ Bahia Blanca မြို့ရဲ့အစိတ်အပိုင်းအတော်များများ ရေနစ်မြုပ်သွားခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ဓါတ်ပုံတွေမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကလေးငယ်တွေကို ဆေးရုံတစ်ခုအတွင်းကနေ ကယ်ထုတ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပြီးတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့အတွက် အာဂျင်တီးနားစစ်တပ်ကိုလည်း ဖြန့်ကျက် ချထားတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် လူပေါင်း(၁၃၂၁)ဦးကို ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းပေးခဲ့ရပြီး အရေးပေါ်အကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၉ ဒသမ ၂) သန်းကို အာဂျင်တီးနားအစိုးရက ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
Bahia Blanca မြို့မှာ မိုးသည်ထန်စွာရွာသွန်းမှုနဲ့အတူ နာရီပိုင်းအတွင်း မိုးရေချိန်(၄၀၀)မီလီမီတာကျော်အထိ ရှိခဲ့ ပြီး တစ်နှစ်အတွင်း စုစုပေါင်းရရှိတဲ့ မိုးရေချိန်နဲ့ညီမျှတယ်လို့ ဗျူနိုအေးရိစ်ပြည်နယ် လုံခြုံရေးဝန်ကြီး ဂျေဗီရာ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အာဂ်င္တီးနားႏိုင္ငံမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၁၀)ဦးေသဆုံး
Pika (NP News) - မတ္ ၉

အာဂ်င္တီးနားႏိုင္ငံ Bahia Blancaဆိပ္ကမ္းၿမိဳ႕မွာ မတ္လ(၇)ရက္က မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈ ေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၀)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁)ေထာင္ေက်ာ္ကို ေဘးလြတ္ကင္းရာေနရာကို ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ သိရပါတယ္။

မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ ေနအိမ္နဲ႔ေဆး႐ုံေတြ ထိခိုက္ပ်က္စီးခဲ့ၿပီး လမ္းမေတြ ပ်က္စီးမႈနဲ႔အတူ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈေတြလည္းျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ အခ်ိန္(၈)နာရီၾကာ ဆက္တိုက္မိုး႐ြာသြန္းမႈနဲ႔အတူ Bahia Blanca ၿမိဳ႕ရဲ႕အစိတ္အပိုင္းအေတာ္မ်ားမ်ား ေရနစ္ျမဳပ္သြားခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ဓါတ္ပုံေတြမွာ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက ကေလးငယ္ေတြကို ေဆး႐ုံတစ္ခုအတြင္းကေန ကယ္ထုတ္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ၿပီးေတာ့ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ပါဝင္ကူညီဖို႔အတြက္ အာဂ်င္တီးနားစစ္တပ္ကိုလည္း ျဖန႔္က်က္ ခ်ထားတယ္လို႔ သိရပါတယ္။ မိုးသည္းထန္စြာ ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ လူေပါင္း(၁၃၂၁)ဦးကို ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္းေပးခဲ့ရၿပီး အေရးေပၚအကူအညီအျဖစ္ အေမရိကန္ေဒၚလာ(၉ ဒသမ ၂) သန္းကို အာဂ်င္တီးနားအစိုးရက ခြင့္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
Bahia Blanca ၿမိဳ႕မွာ မိုးသည္ထန္စြာ႐ြာသြန္းမႈနဲ႔အတူ နာရီပိုင္းအတြင္း မိုးေရခ်ိန္(၄၀၀)မီလီမီတာေက်ာ္အထိ ရွိခဲ့ ၿပီး တစ္ႏွစ္အတြင္း စုစုေပါင္းရရွိတဲ့ မိုးေရခ်ိန္နဲ႔ညီမွ်တယ္လို႔ ဗ်ဴႏိုေအးရိစ္ျပည္နယ္ လုံၿခဳံေရးဝန္ႀကီး ေဂ်ဗီရာ အလြန္ဆိုက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.