အာရပ်နိုင်ငံတွေရဲ့ဂါဇာပြန်လည်ဆောက်ရေးအစီအစဉ်ကို ပြင်သစ်၊ ဂျာမနီ၊ အီတလီ နဲ့ ဗြိတိန်တို့ထောက်ခံ

 415

Pika (NP News) - မတ် ၉

ပါလက်စတိုင်းပြည်သူတွေကို ဂါဇာကမ်းမြောင်ဒေသကနေ ရွှေ့ပြောင်းခိုင်းတာမျိုးမရှိဘဲ ပြန်လည်တည်ဆောက် ရေးတွေ လုပ်ဆောင်မယ့် အမေရိကန်ဒေါ်လာ(၅၃)ဘီလျံကုန်ကျမယ့် အာရပ်ကျောထောက်နောက်ခံပြုအစီအစဉ် ကိုထောက်ခံတယ်လို့ ပြင်သစ်၊ ဂျာမနီ၊ အီတလီ နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပူးတွဲထုတ်ပြန်ချက်မှာ “ဒီအစီအစဉ်ဟာ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးမှာ လက်တွေ့ကျတဲ့ လမ်းကြောင်းကိုပြသပြီး ကတိတွေအတိုင်း အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် ဂါဇာမှာနေထိုင်တဲ့ ပါလက်စတိုင်းတွေအတွက် ဘဝနေထိုင်မှုအခြေအနေတွေကို လျင်လျင်မြန်မြန်နဲ့ရေရှည်တည်တံ့အောင် မြှင့်တင် ပေးနိုင်မှာပါ” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း အီဂျစ်က ရေးဆွဲပြီး အာရပ်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ချမှတ်ခဲ့တဲ့ အဲဒီအစီအစဉ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နဲ့ အစ္စရေးတို့က ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ အီဂျစ်ရဲ့အဆိုပြုချက်မှာ အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအပြီး ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး အမှီအခိုကင်းတဲ့ စီမံခန့်ခွဲရေးကော်မတီတစ်ရပ်ကိုဖွဲ့စည်းဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။
အဲဒီကော်မတီဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ကြီးကြပ်မှုအောက်မှာ ယာယီကာလတစ်ခုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဆိုင်ရာကြီးကြပ်မှုနဲ့ ဂါဇာကမ်းမြောင်အရေးကို စီမံခန့်ခွဲဖို့ တာဝန်ရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အာရပ္ႏိုင္ငံေတြရဲ႕ဂါဇာျပန္လည္ေဆာက္ေရးအစီအစဥ္ကို ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ နဲ႔ ၿဗိတိန္တို႔ေထာက္ခံ
Pika (NP News) - မတ္ ၉

ပါလက္စတိုင္းျပည္သူေတြကို ဂါဇာကမ္းေျမာင္ေဒသကေန ေ႐ႊ႕ေျပာင္းခိုင္းတာမ်ိဳးမရွိဘဲ ျပန္လည္တည္ေဆာက္ ေရးေတြ လုပ္ေဆာင္မယ့္ အေမရိကန္ေဒၚလာ(၅၃)ဘီလ်ံကုန္က်မယ့္ အာရပ္ေက်ာေထာက္ေနာက္ခံျပဳအစီအစဥ္ ကိုေထာက္ခံတယ္လို႔ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ နဲ႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးတို႔က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ပူးတြဲထုတ္ျပန္ခ်က္မွာ “ဒီအစီအစဥ္ဟာ ဂါဇာကမ္းေျမာင္ေဒသ ျပန္လည္တည္ေဆာက္ေရးမွာ လက္ေတြ႕က်တဲ့ လမ္းေၾကာင္းကိုျပသၿပီး ကတိေတြအတိုင္း အေကာင္အထည္ေဖာ္ႏိုင္ခဲ့မယ္ဆိုရင္ ဂါဇာမွာေနထိုင္တဲ့ ပါလက္စတိုင္းေတြအတြက္ ဘဝေနထိုင္မႈအေျခအေနေတြကို လ်င္လ်င္ျမန္ျမန္နဲ႔ေရရွည္တည္တံ့ေအာင္ ျမႇင့္တင္ ေပးႏိုင္မွာပါ” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ဒါေပမယ့္လည္း အီဂ်စ္က ေရးဆြဲၿပီး အာရပ္ေခါင္းေဆာင္ေတြက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ခ်မွတ္ခဲ့တဲ့ အဲဒီအစီအစဥ္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္ နဲ႔ အစၥေရးတို႔က ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ အီဂ်စ္ရဲ႕အဆိုျပဳခ်က္မွာ အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအၿပီး ဂါဇာကမ္းေျမာင္ေဒသအုပ္ခ်ဳပ္ေရးပိုင္းနဲ႔ပတ္သက္ၿပီး အမွီအခိုကင္းတဲ့ စီမံခန႔္ခြဲေရးေကာ္မတီတစ္ရပ္ကိုဖြဲ႕စည္းဖို႔ ရည္မွန္းထားတယ္လို႔လည္း သိရပါတယ္။
အဲဒီေကာ္မတီဟာ ပါလက္စတိုင္းအာဏာပိုင္အဖြဲ႕ရဲ႕ႀကီးၾကပ္မႈေအာက္မွာ ယာယီကာလတစ္ခုအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးေရးဆိုင္ရာႀကီးၾကပ္မႈနဲ႔ ဂါဇာကမ္းေျမာင္အေရးကို စီမံခန႔္ခြဲဖို႔ တာဝန္ရွိမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.