ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတဆရာတော်ကို “ဒလန်”ဟုစွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အဖွဲ့ ကသတ်ဖြတ်ကြောင်းဝန်ခံလာ

1101

သန့်ဇင်(NP News)-မတ် ၉
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတဆရာတော်ကို “ဒလန်”ဟုစွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က ဖယ်ခုံမြို့နယ် ဖယ်ခုံရှမ်းကျောင်း ဆရာတော် ဦးဓမ္မသာရနှင့် အိုက်ပီး တို့ကို PDF အဖွဲ့က ဆိုင်ကယ် (၄) စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police ဟု ၎င်းတို့ဘာသာအမည်ပေးထားသော PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆရာတော်အား “ဒလန်”ဟု စွပ်စွဲကာ စစ်ဆေးရန်ခေါ်စဉ်မလိုက်သောကြောင့် စိတ်မထိန်းနိုင်ဖြစ်ကာ ပျားစစ်ကြောင်းဆိုသည့်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ထားသည်။
ဆရာတော်သည် သက်တော် (၄၈) နှစ် ဝါတော် (၂၈) ဝါရှိ ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်ပြီး ပရဟိတလုပ်ငန်းများနှင့် စစ်ရှောင်များအား ကူညီနေသည့်အပြင် ရွှေဓမ္မရောင်ခြည် အခမဲ့လူမှုကူညီရေးအသင်းကိုလည်း ဖွဲ့စည်းတည်ထောင်ထားသူဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဖယ်ခုံမြို့နယ်တွင်းက KNDF ထိန်းချုပ်နယ်မြေဖြစ်သော လအိကျေးရွာအနီးရှိစေတီမှ ဗုဒ္ဓရုပ်ပွားဆင်းတုတော်(၁၆)ဆူအနက် (၈) ဆူတွင် ဦးခေါင်းတော်များ အဖြတ်ခံရသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ဖူးသည်။
ထို့အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်ကလည်း ဖယ်ခုံမြို့နယ်၊ မြို့ကုန်းရပ်ကွက်တွင် အမျိုးသား (၂ )ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဖယ္ခုံရွမ္းေက်ာင္းမွ ပရဟိတဆရာေတာ္ကို “ဒလန္”ဟုစြပ္စြဲကာ PDF ပ်ားစစ္ေၾကာင္း ကသတ္ျဖတ္ေၾကာင္းဝန္ခံလာ
သန႔္ဇင္(NP News)-မတ္ ၉
ရွမ္းျပည္နယ္၊ ဖယ္ခုံၿမိဳ႕နယ္၊ ဖယ္ခုံရွမ္းေက်ာင္းမွ ပရဟိတဆရာေတာ္ကို “ဒလန္”ဟုစြပ္စြဲကာ ပ်ားစစ္ေၾကာင္းအမည္ခံ PDF အၾကမ္းဖက္အဖြဲ႕ကသတ္ျဖတ္ေၾကာင္း ဝန္ခံခ်က္ထုတ္ျပန္ထားေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ မတ္လ ၄ ရက္၊ ညေန ၄ နာရီအခ်ိန္ခန္႔က ဖယ္ခုံၿမိဳ႕နယ္ ဖယ္ခုံရွမ္းေက်ာင္း ဆရာေတာ္ ဦးဓမၼသာရႏွင့္ အိုက္ပီး တို႔ကို PDF အဖြဲ႕က ဆိုင္ကယ္ (၄) စီးျဖင့္ ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္ သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖယ္ခုံၿမိဳ႕နယ္ ျပည္သူလုံၿခဳံေရးတပ္ဖြဲ႕ - PK Police ဟု ၎တို႔ဘာသာအမည္ေပးထားေသာ PDF အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ဆရာေတာ္အား “ဒလန္”ဟု စြပ္စြဲကာ စစ္ေဆးရန္ေခၚစဥ္မလိုက္ေသာေၾကာင့္ စိတ္မထိန္းႏိုင္ျဖစ္ကာ ပ်ားစစ္ေၾကာင္းဆိုသည့္အၾကမ္းဖက္ PDF အဖြဲ႕မွ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံခ်က္ထုတ္ျပန္ထားသည္။
ဆရာေတာ္သည္ သက္ေတာ္ (၄၈) ႏွစ္ ဝါေတာ္ (၂၈) ဝါရွိ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးျဖစ္ၿပီး ပရဟိတလုပ္ငန္းမ်ားႏွင့္ စစ္ေရွာင္မ်ားအား ကူညီေနသည့္အျပင္ ေ႐ႊဓမၼေရာင္ျခည္ အခမဲ့လူမႈကူညီေရးအသင္းကိုလည္း ဖြဲ႕စည္းတည္ေထာင္ထားသူျဖစ္ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ေအာက္တိုဘာလကလည္း ဖယ္ခုံၿမိဳ႕နယ္တြင္းက KNDF ထိန္းခ်ဳပ္နယ္ေျမျဖစ္ေသာ လအိေက်း႐ြာအနီးရွိေစတီမွ ဗုဒၶ႐ုပ္ပြားဆင္းတုေတာ္(၁၆)ဆူအနက္ (၈) ဆူတြင္ ဦးေခါင္းေတာ္မ်ား အျဖတ္ခံရသည့္ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ဖူးသည္။
ထို႔အတူ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၂၃ ရက္ကလည္း ဖယ္ခုံၿမိဳ႕နယ္၊ ၿမိဳ႕ကုန္းရပ္ကြက္တြင္ အမ်ိဳးသား (၂ )ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။