ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ နှစ်ဦးကို နှုတ်ထွက်ခွင့်ပြုလိုက်ပြီး အသစ် ခန့်အပ်ထား

 669

သုတကျော် (NP News) – မတ် ၁ဝ

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ထံ နှုတ်ထွက်ခွင့်တင်ပြခဲ့သော ဒုတိယဥက္ကဋ္ဌနှစ်ဦး ကို နှုတ်ထွက် ခွင့်ပြုလိုက်ပြီး လစ်လပ်နေရာတွင် အသစ်ခန့်အပ်ထားကြောင်း အဆိုပါအဖွဲ့ ၏ ဥက္ကဋ္ဌဦးဝဏ္ဏ က NP News ကို ပြောသည်။

ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ နယက ဦးမြင့်သန်း (ခရစ်ယာန်ဘာသာ) က ကျန်းမာရေးအရ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းဝင်း (ဗုဒ္ဓဘာသာ) က ဖေဖော်ဝါရီလ ၂၁ ရက်တွင် မိမိသဘောဆန္ဒ အလျောက်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌဦးသောမတ် (ခရစ်ယာန်ဘာသာ) က ဖေဖော်ဝါရီလ ၂၄ ရက်တွင် မိမိ သဘောဆန္ဒအလျောက်လည်းကောင်း နှုတ်ထွက်ခွင့်တင်ပြခဲ့ရာ မတ်လ ၇ ရက်တွင် နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ကိုယ်က ထုတ်တာမဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ လာတင်တာပါ” ဟု ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့ (ဗဟို) ၏ ဥက္ကဋ္ဌ ဦးဝဏ္ဏ က ဆိုသည်။
လက်ရှိ လတ်လပ်နေရာများ အတွက်လည်း ခန့်အပ်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ခန့်ပြီးပြီ။ ခရစ်ယာန်ဘာသာအတွက် (ဒုတိယ ဥက္ကဋ္ဌ) နေရာမှာ ဒေါက်တာတူးတူး ခန့်ထားတယ်။ ဗုဒ္ဓဘာသာ ကတော့ ကိုယ်က ယာယီတွဲကိုင်ထားတယ်” ဟု ဦးဝဏ္ဏ က ဆိုသည်။

Zawgyi Version:
ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)မွ ဒုတိယဥကၠ႒ ႏွစ္ဦးကို ႏႈတ္ထြက္ခြင့္ျပဳလိုက္ၿပီး အသစ္ ခန႔္အပ္ ထား
သုတေက်ာ္ (NP News) – မတ္ ၁ဝ

ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို) ထံ ႏႈတ္ထြက္ခြင့္တင္ျပခဲ့ေသာ ဒုတိယဥကၠ႒ႏွစ္ဦး ကို ႏႈတ္ထြက္ ခြင့္ျပဳလိုက္ၿပီး လစ္လပ္ေနရာတြင္ အသစ္ခန႔္အပ္ထားေၾကာင္း အဆိုပါအဖြဲ႕ ၏ ဥကၠ႒ဦးဝဏၰ က NP News ကို ေျပာသည္။

ဘာသာေပါင္းစုံခ်စ္ၾကည္ ညီၫြတ္ေရးအဖြဲ႕ (ဗဟို) မွ နယက ဦးျမင့္သန္း (ခရစ္ယာန္ဘာသာ) က က်န္းမာေရးအရ လည္းေကာင္း၊ ဒုတိယဥကၠ႒ ဦးမ်ိဳးမင္းဝင္း (ဗုဒၶဘာသာ) က ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ မိမိသေဘာဆႏၵ အေလ်ာက္လည္းေကာင္း၊ ဒုတိယဥကၠ႒ဦးေသာမတ္ (ခရစ္ယာန္ဘာသာ) က ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ မိမိ သေဘာဆႏၵအေလ်ာက္လည္းေကာင္း ႏႈတ္ထြက္ခြင့္တင္ျပခဲ့ရာ မတ္လ ၇ ရက္တြင္ ႏႈတ္ထြက္ခြင့္ျပဳခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“ကိုယ္က ထုတ္တာမဟုတ္ပါဘူး။ သူတို႔ဘာသာသူတို႔ လာတင္တာပါ” ဟု ဘာသာေပါင္းစုံခ်စ္ၾကည္ ညီၫြတ္ေရး အဖြဲ႕ (ဗဟို) ၏ ဥကၠ႒ ဦးဝဏၰ က ဆိုသည္။
လက္ရွိ လတ္လပ္ေနရာမ်ား အတြက္လည္း ခန႔္အပ္ထားၿပီးျဖစ္ေၾကာင္း ၎က ဆိုသည္။
“ခန႔္ၿပီးၿပီ။ ခရစ္ယာန္ဘာသာအတြက္ (ဒုတိယ ဥကၠ႒) ေနရာမွာ ေဒါက္တာတူးတူး ခန႔္ထားတယ္။ ဗုဒၶဘာသာ ကေတာ့ ကိုယ္က ယာယီတြဲကိုင္ထားတယ္” ဟု ဦးဝဏၰ က ဆိုသည္။

Related news

© 2021. All rights reserved.