ရွှေလုပ်ငန်းလိုင်စင်များ ပြန်လည်ထုတ်ပေးရာတွင် ပွင့်လင်းမှုမရှိကြောင်း သုံးသပ်မှုများရှိနေ

449

ပုံ - ၂ဝ၂၄ ခုနှစ်က ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့်အသင်းသားများ အစည်းအဝေးမှတ်တမ်းပုံဖြစ်သည်။
ယွန်း (NP News) - မတ် ၁၁
ရွှေလုပ်ငန်းလိုင်စင် ပြန်လည်ထုတ်ပေးရာတွင် ပွင့်လင်းမှုမရှိကြောင်း သုံးသပ်မှုများရှိနေသည်ဟု အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၏ အငြိမ်းစားအရာရှိ တစ်ဦးက NP News မှတစ်ဆင့် သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၁၈)ရက်မှစ၍ ရွှေလုပ်ငန်း လိုင်စင်လျှောက်ထားရန်အတွက် သတ်မှတ်ကာလ (၃)လပေး ခဲ့ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၇)ရက်တွင် အဆိုပါသတ်မှတ်ကာလမှာ ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ အဆိုပါကာလ အတွင်း ပုံစံ(၁)အတွက် လျှောက်ထားမှု(၂၀၈)စောင်နှင့် ပုံစံ(၂)အတွက် လျှောက်ထားမှု(၄၅၅၀)စောင် စုစုပေါင်း လျှောက်လွှာ (၄၇၅၈)စောင် လျှောက်ထားမှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါလျှောက်လွှာများကို ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်တွင်ပါရှိ သည့်အတိုင်း စိစစ်ပြီး လိုင်စင်ပြန်ထုတ် ပေးလျက်ရှိကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမှတ်(၂)သတ္တု တွင်းလုပ်ငန်းထံမှ သိရသည်။
“ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်မှာပါတဲ့အတိုင်း လျှောက် ထားလာတဲ့ လျှောက်လွှာများကို စိစစ်ပြီး ကိုက်ညီတဲ့သူတွေကို လိုင်စင်ပြန်ထုတ်ပေးနေပါပြီ။ လိုင်စင် (၁၃၆) စောင်ကို ခွင့်ပြု ထားပြီးဖြစ်လို့ ရုံးဖွင့်ရက်တွေမှာ ထုတ်ပေးလျက်ရှိပါတယ်” ဟု အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က NP News ကို ပြောသည်။
ထို့ကြောင့် ဖေဖော်ဝါရီ(၁၈)ရက်မှ မတ်လပထမအတွင်း လိုင်စင်(၁၃၆)စောင်ကိုသာ ခွင့်ပြုထုတ်ပေးနိုင်ခြင်း ကြောင့် လိုင်စင်ပြန်ထုတ်ပေးသည့်အရေအတွက်မှာ လျော့နည်းလျက်ရှိသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေ ဖြင့် လိုင်စင်ပြန်ထုတ်ပေးသည့် လျှောက်လွှာအရေအတွက် အပါအဝင် လိုအပ်ချက်များကြောင့် ထုတ်ပေး ခြင်းမရှိသည့်လိုင်စင်အရေအတွက် စသည်တို့ကို ပွင့်လင်းစွာထုတ်ပြန်ပေးသင့်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
“လိုင်စင်ကိစ္စက ငြိမ်ကိုမငြိမ်သေးဘူး။ ဘယ်နှစ်ဆိုင်ကတော့ ထုတ်ပေးပြီးပြီ။ ဘယ်နှဆိုင်တော့ ကျန်သေးတယ်။ ပြတ်ပြတ်သားသားမရှိဘူး။ ကွင်းဆင်းစစ်ဆေးဖို့ကလည်း ပါးစပ်ကပဲပြောနေတာ မရှိဘူး။ အခုလိုင်စင်မတင်သေး တဲ့ဆိုင်တွေလည်း ရောင်းနေတုန်းပဲ။ သေချာတာတော့ မပွင့်လင်းဘူး။ လိုင်စင်တင်ထားတာ ဘယ်နှစောင်ရှိတယ်။ အဲဒီထဲမှာ ဘယ်လောက်က အောင်တယ်။ ဘယ်လောက် ကိုလိုအပ်ချက် ပြန်ချပေးတယ်။ သတ်မှတ်ကာလပေး ထားတော့ တချို့ဆိုင်တွေက ကြောက်ကြတယ်လေ။ ကြောက်တော့တင်လိုက်တယ်။ ဘောင်တော့ဝင်သွားတယ်။ ဒါပေမဲ့ လျှောက်လွှာတင်တဲ့အခါမှာ လျှောက်လွှာဖော်ပြပါအချက်အလက်တွေကို ပြည့်စုံလား မပြည့်စုံလား မသိဘူးလေ။ ပြည့်စုံမှလာတင်လို့သာ ပြောပေမယ့် တချို့ကလည်းကြောက်ပြီး မြန်မြန်တော့ တင်ကြတယ်။ သူတို့လည်းမပွင့် လင်းကြဘူး”ဟု အထူးစုံစမ်းစစ်ဆေးရေးဌာန၏ အငြိမ်းစားအရာရှိ တစ်ဦးက သုံးသပ်ပြောဆို ထားသည်။
ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အမှတ်စဉ်(၁၁)ခုပါဝင်ပြီး အဆိုပါအမှတ်စဉ်များအနက် အမှတ်စဉ် (၄) နှင့် အမှတ်စဉ် (၉) ကို ရွှေဆိုင်လုပ်ငန်းရှင်အချို့မှ ကြိုက်နှစ်သက်မှုမရှိ ကြောင်း သိရသည်။ ထုတ်ပြန် ချက်အရ အမှတ်စဉ်(၄)တွင် တစ်လအတွင်း အများဆုံး ရွှေရောင်းဝယ်မှုပြုလုပ်နိုင် သည့် ပမာဏ(ပိဿာ၊ ကျပ်သား သို့မဟုတ် ဂရမ်၊ ထရိုင်အောင်စ)ဖြင့် ဖော်ပြပေးရန်နှင့် အမှတ်စဉ် (၉)၌ ပြည်တွင်းအခွန်များ ဦးစီးဌာနကထုတ်ပေးသော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်များ လိုအပ်မည်ဖြစ်ရာ အဆိုပါအချက် (၂)ချက် ကြောင့် လျှောက်လွှာများတွင် လိုအပ်ချက်များ ရှိနိုင်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ႊလုပ္ငန္းလိုင္စင္မ်ား ျပန္လည္ထုတ္ေပးရာတြင္ ပြင့္လင္းမႈမရွိေၾကာင္း သုံးသပ္မႈမ်ားရွိေန
ယြန္း (NP News) - မတ္ ၁၁
ေ႐ႊလုပ္ငန္းလိုင္စင္ ျပန္လည္ထုတ္ေပးရာတြင္ ပြင့္လင္းမႈမရွိေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္ဟု အထူးစုံစမ္း စစ္ေဆးေရးဦးစီးဌာန၏ အၿငိမ္းစားအရာရွိ တစ္ဦးက NP News မွတစ္ဆင့္ သုံးသပ္ေျပာၾကားသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၁၈)ရက္မွစ၍ ေ႐ႊလုပ္ငန္း လိုင္စင္ေလွ်ာက္ထားရန္အတြက္ သတ္မွတ္ကာလ (၃)လေပး ခဲ့ရာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၇)ရက္တြင္ အဆိုပါသတ္မွတ္ကာလမွာ ျပည့္ေျမာက္ခဲ့ၿပီးျဖစ္သည္။ အဆိုပါကာလ အတြင္း ပုံစံ(၁)အတြက္ ေလွ်ာက္ထားမႈ(၂၀၈)ေစာင္ႏွင့္ ပုံစံ(၂)အတြက္ ေလွ်ာက္ထားမႈ(၄၅၅၀)ေစာင္ စုစုေပါင္း ေလွ်ာက္လႊာ (၄၇၅၈)ေစာင္ ေလွ်ာက္ထားမႈရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါေလွ်ာက္လႊာမ်ားကို ဓာတ္သတၱဳ(ေ႐ႊ) ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ခြင့္အမိန႔္တြင္ပါရွိ သည့္အတိုင္း စိစစ္ၿပီး လိုင္စင္ျပန္ထုတ္ ေပးလ်က္ရွိေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ အမွတ္(၂)သတၱဳ တြင္းလုပ္ငန္းထံမွ သိရသည္။
“ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈ လုပ္ငန္းလုပ္ကိုင္ခြင့္အမိန႔္မွာပါတဲ့အတိုင္း ေလွ်ာက္ ထားလာတဲ့ ေလွ်ာက္လႊာမ်ားကို စိစစ္ၿပီး ကိုက္ညီတဲ့သူေတြကို လိုင္စင္ျပန္ထုတ္ေပးေနပါၿပီ။ လိုင္စင္ (၁၃၆) ေစာင္ကို ခြင့္ျပဳ ထားၿပီးျဖစ္လို႔ ႐ုံးဖြင့္ရက္ေတြမွာ ထုတ္ေပးလ်က္ရွိပါတယ္” ဟု အမွတ္(၂)သတၱဳတြင္းလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦး က NP News ကို ေျပာသည္။
ထို႔ေၾကာင့္ ေဖေဖာ္ဝါရီ(၁၈)ရက္မွ မတ္လပထမအတြင္း လိုင္စင္(၁၃၆)ေစာင္ကိုသာ ခြင့္ျပဳထုတ္ေပးႏိုင္ျခင္း ေၾကာင့္ လိုင္စင္ျပန္ထုတ္ေပးသည့္အေရအတြက္မွာ ေလ်ာ့နည္းလ်က္ရွိသည္။ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေန ျဖင့္ လိုင္စင္ျပန္ထုတ္ေပးသည့္ ေလွ်ာက္လႊာအေရအတြက္ အပါအဝင္ လိုအပ္ခ်က္မ်ားေၾကာင့္ ထုတ္ေပး ျခင္းမရွိသည့္လိုင္စင္အေရအတြက္ စသည္တို႔ကို ပြင့္လင္းစြာထုတ္ျပန္ေပးသင့္ေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိေနသည္။
“လိုင္စင္ကိစၥက ၿငိမ္ကိုမၿငိမ္ေသးဘူး။ ဘယ္ႏွစ္ဆိုင္ကေတာ့ ထုတ္ေပးၿပီးၿပီ။ ဘယ္ႏွဆိုင္ေတာ့ က်န္ေသးတယ္။ ျပတ္ျပတ္သားသားမရွိဘူး။ ကြင္းဆင္းစစ္ေဆးဖို႔ကလည္း ပါးစပ္ကပဲေျပာေနတာ မရွိဘူး။ အခုလိုင္စင္မတင္ေသး တဲ့ဆိုင္ေတြလည္း ေရာင္းေနတုန္းပဲ။ ေသခ်ာတာေတာ့ မပြင့္လင္းဘူး။ လိုင္စင္တင္ထားတာ ဘယ္ႏွေစာင္ရွိတယ္။ အဲဒီထဲမွာ ဘယ္ေလာက္က ေအာင္တယ္။ ဘယ္ေလာက္ ကိုလိုအပ္ခ်က္ ျပန္ခ်ေပးတယ္။ သတ္မွတ္ကာလေပး ထားေတာ့ တခ်ိဳ႕ဆိုင္ေတြက ေၾကာက္ၾကတယ္ေလ။ ေၾကာက္ေတာ့တင္လိုက္တယ္။ ေဘာင္ေတာ့ဝင္သြားတယ္။ ဒါေပမဲ့ ေလွ်ာက္လႊာတင္တဲ့အခါမွာ ေလွ်ာက္လႊာေဖာ္ျပပါအခ်က္အလက္ေတြကို ျပည့္စုံလား မျပည့္စုံလား မသိဘူးေလ။ ျပည့္စုံမွလာတင္လို႔သာ ေျပာေပမယ့္ တခ်ိဳ႕ကလည္းေၾကာက္ၿပီး ျမန္ျမန္ေတာ့ တင္ၾကတယ္။ သူတို႔လည္းမပြင့္ လင္းၾကဘူး”ဟု အထူးစုံစမ္းစစ္ေဆးေရးဌာန၏ အၿငိမ္းစားအရာရွိ တစ္ဦးက သုံးသပ္ေျပာဆို ထားသည္။
ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရာတြင္ အမွတ္စဥ္(၁၁)ခုပါဝင္ၿပီး အဆိုပါအမွတ္စဥ္မ်ားအနက္ အမွတ္စဥ္ (၄) ႏွင့္ အမွတ္စဥ္ (၉) ကို ေ႐ႊဆိုင္လုပ္ငန္းရွင္အခ်ိဳ႕မွ ႀကိဳက္ႏွစ္သက္မႈမရွိ ေၾကာင္း သိရသည္။ ထုတ္ျပန္ ခ်က္အရ အမွတ္စဥ္(၄)တြင္ တစ္လအတြင္း အမ်ားဆုံး ေ႐ႊေရာင္းဝယ္မႈျပဳလုပ္ႏိုင္ သည့္ ပမာဏ(ပိႆာ၊ က်ပ္သား သို႔မဟုတ္ ဂရမ္၊ ထ႐ိုင္ေအာင္စ)ျဖင့္ ေဖာ္ျပေပးရန္ႏွင့္ အမွတ္စဥ္ (၉)၌ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနကထုတ္ေပးေသာ အခြန္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္မ်ား လိုအပ္မည္ျဖစ္ရာ အဆိုပါအခ်က္ (၂)ခ်က္ ေၾကာင့္ ေလွ်ာက္လႊာမ်ားတြင္ လိုအပ္ခ်က္မ်ား ရွိႏိုင္ေၾကာင္း သိရသည္။