မတ်လ (၂၀) ရက်မှစ၍ OWIC ကတ်များကို စိစစ်ပြီး ပြန်လည်ထုတ်ပေးမည်

 1080

ယွန်း(NP News)- မတ် ၁၁

လာမည့် မတ်လ(၂၀)ရက်မှစ၍ OWIC ကတ်များကို စိစစ်ပြီး ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမည့်သူများစာရင်းစိစစ်ခြင်း၊ OWIC ကတ်ထုတ်ပေးသောစက်များ၌ တပ်ဆင်ထားသည့် Software များပြုပြင်ခြင်း၊ OWIC ကတ်ထုတ်ပေးရေးစင်တာများ တစ်နေရာတည်း ပေါင်းစည်းခြင်း၊ အလုပ်ရှင်/ အလုပ်သမား စာချုပ်ချုပ်ဆိုသည့်နေရာများ တစ်စုတစ်စည်းတည်းဖြစ်အောင်ပြင်ဆင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် OWIC ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် OWIC ကတ်အသစ် ပြုလုပ်လိုသူများအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက် (ကြာသပတေးနေ့) မှစ၍ အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြထားသည့် အတည်ပြုပြီး အလုပ်ခေါ်စာများ အရပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက်ရရှိပြီးသူများအား စိစစ်ပြီး OWIC ကတ်များကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့် သွားရောက်မည့်သူများကိုလည်း စိစစ်ပြီး OWIC ကတ် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုထားပြီး OWIC ကတ်ထုတ်ယူရရှိမှသာ လေယာဉ်လက်မှတ်ဝယ်ရန်လည်း ထည့်သွင်းအသိပေးထားသည်။

အလားတူ ဝန်ကြီးဌာနအနေဖြင့် PJ နိုင်ငံကူးလက်မှတ်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) လက်ဝယ်ရှိနေသူများသည် အေဂျင်စီအစီအစဉ်ဖြင့် သော်လည်းကောင်း၊ မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာသဖြင့် ခွင့်ရက်စေ့ကာ ပြန်လိုခြင်းကြောင့်သော်လည်းကောင်း ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနသို့ စာရွက်စာတမ်းများနှင့်အတူ Online မှတစ်ဆင့် လျှောက်ထားကာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက် ကို ရယူရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ သွား‌ရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ လိပ်မူ၍ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုချက် ကိုရယူရန် လျှောက်ထားသည့်စာ အပါအဝင် နိုင်ငံကူးလက်မှတ်မိတ္တူ၊ သက်တမ်းရှိနေသည့် ပြည်ပအလုပ်အကိုင်အလုပသမားသက်သေခံကတ်(OWIC) ရှေ့/နောက် မိတ္ထူ နှင့် အခြားအချက်များကို လျှောက်ထားရမည်ဖြစ်ပြီး [email protected] သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာနအနေဖြင့် စိစစ်ပြီးနောက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုသည့်စာရင်းများကို Safe Migration Telegram Channel တွင် ကြေညာပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ လေဆိပ်များသို့လည်း ပေးပို့ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအသိပေး ကြေညာချက်ပါ လုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက် (တနင်္လာနေ့) တွင် စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
မတ္လ (၂၀) ရက္မွစ၍ OWIC ကတ္မ်ားကို စိစစ္ၿပီး ျပန္လည္ထုတ္ေပးမည္

ယြန္း(NP News)- မတ္ ၁၁

လာမည့္ မတ္လ(၂၀)ရက္မွစ၍ OWIC ကတ္မ်ားကို စိစစ္ၿပီး ျပန္လည္ထုတ္ေပးမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ယခုကာလအတြင္း ျပည္ပႏိုင္ငံမ်ားသို႔ အလုပ္လုပ္ရန္ ထြက္ခြာမည့္သူမ်ားစာရင္းစိစစ္ျခင္း၊ OWIC ကတ္ထုတ္ေပးေသာစက္မ်ား၌ တပ္ဆင္ထားသည့္ Software မ်ားျပဳျပင္ျခင္း၊ OWIC ကတ္ထုတ္ေပးေရးစင္တာမ်ား တစ္ေနရာတည္း ေပါင္းစည္းျခင္း၊ အလုပ္ရွင္/ အလုပ္သမား စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေနရာမ်ား တစ္စုတစ္စည္းတည္းျဖစ္ေအာင္ျပင္ဆင္ျခင္း စသည့္လုပ္ငန္းမ်ား ေဆာင္႐ြက္ေနျခင္းေၾကာင့္ OWIC ကတ္ထုတ္ေပးေရးလုပ္ငန္းစဥ္ကို ေခတၱရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ OWIC ကတ္အသစ္ ျပဳလုပ္လိုသူမ်ားအား ၂၀၂၅ ခုႏွစ္၊ မတ္လ ၂၀ ရက္ (ၾကာသပေတးေန႔) မွစ၍ အလုပ္သမားဝန္ႀကီးဌာနသို႔ တင္ျပထားသည့္ အတည္ျပဳၿပီး အလုပ္ေခၚစာမ်ား အရျပည္ပသို႔ သြားေရာက္အလုပ္ လုပ္ကိုင္ရန္အတြက္ ခြင့္ျပဳခ်က္ရရွိၿပီးသူမ်ားအား စိစစ္ၿပီး OWIC ကတ္မ်ားကို ျပန္လည္ထုတ္ေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ မိမိအစီအစဥ္ (ကြၽမ္းက်င္) ျဖင့္ သြားေရာက္မည့္သူမ်ားကိုလည္း စိစစ္ၿပီး OWIC ကတ္ ျပန္လည္ထုတ္ေပးမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနကဆိုထားၿပီး OWIC ကတ္ထုတ္ယူရရွိမွသာ ေလယာဥ္လက္မွတ္ဝယ္ရန္လည္း ထည့္သြင္းအသိေပးထားသည္။

အလားတူ ဝန္ႀကီးဌာနအေနျဖင့္ PJ ႏိုင္ငံကူးလက္မွတ္ႏွင့္ ျပည္ပအလုပ္အကိုင္အလုပ္သမား သက္ေသခံကတ္ (OWIC) လက္ဝယ္ရွိေနသူမ်ားသည္ ေအဂ်င္စီအစီအစဥ္ျဖင့္ ေသာ္လည္းေကာင္း၊ မိမိအစီအစဥ္ (ကြၽမ္းက်င္) ျဖင့္ေသာ္လည္းေကာင္း၊ ခြင့္ျပန္လာသျဖင့္ ခြင့္ရက္ေစ့ကာ ျပန္လိုျခင္းေၾကာင့္ေသာ္လည္းေကာင္း ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာမည္ဆိုပါက အလုပ္သမားဝန္ႀကီးဌာနသို႔ စာ႐ြက္စာတမ္းမ်ားႏွင့္အတူ Online မွတစ္ဆင့္ ေလွ်ာက္ထားကာ ျပည္ပသို႔ သြားေရာက္အလုပ္လုပ္ကိုင္ရန္အတြက္ ခြင့္ျပဳခ်က္ ကို ရယူရမည္ ျဖစ္ေၾကာင္း သိရသည္။

ျပည္ပသို႔ သြား‌ေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားအေနျဖင့္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနသို႔ လိပ္မူ၍ ျပည္ပသို႔သြားေရာက္ အလုပ္လုပ္ကိုင္ရန္အတြက္ ခြင့္ျပဳခ်က္ ကိုရယူရန္ ေလွ်ာက္ထားသည့္စာ အပါအဝင္ ႏိုင္ငံကူးလက္မွတ္မိတၱဴ၊ သက္တမ္းရွိေနသည့္ ျပည္ပအလုပ္အကိုင္အလုပသမားသက္ေသခံကတ္(OWIC) ေရွ႕/ေနာက္ မိတၳဴ ႏွင့္ အျခားအခ်က္မ်ားကို ေလွ်ာက္ထားရမည္ျဖစ္ၿပီး [email protected] သို႔ ေပးပို႔ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဝန္ႀကီးဌာနအေနျဖင့္ စိစစ္ၿပီးေနာက္ ျပည္ပသို႔ သြားေရာက္အလုပ္လုပ္ကိုင္ရန္အတြက္ ခြင့္ျပဳသည့္စာရင္းမ်ားကို Safe Migration Telegram Channel တြင္ ေၾကညာေပးမည္ျဖစ္ၿပီး သက္ဆိုင္ရာ ေလဆိပ္မ်ားသို႔လည္း ေပးပို႔ထားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအသိေပး ေၾကညာခ်က္ပါ လုပ္ငန္းစဥ္အား ၂၀၂၅ ခုႏွစ္၊ မတ္လ ၁၇ ရက္ (တနလၤာေန႔) တြင္ စတင္ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.