ကျားဖျန့်လုပ်သား ထိန်းသိမ်းစရိတ် တစ်ရက်လျှင် ဘတ်သိန်း(၂၀)ထက်မနည်း BGF တို့ ကုန်ကျနေ

5799

Pearl (NP News) - မတ် ၁၇
ထိုင်း - မြန်မာနယ်စပ်မှ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်သူများအရေးနှင့်ပတ်သက်၍ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆေင်ခြင်းများရှိနေသော်လည်း ထိန်းသိမ်းရသူ ပမာဏများပြားနေသောကြောင့် BGF ဘက်တွင် တစ်ရက်ဘတ်သိန်း(၂၀)ထက်မနည်း ကုန်ကျသည်အထိ စရိတ်ထောင်းနေကြောင်း BGF ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က NP News သို့ ပြောသည်။
(၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်မှ မတ် လ (၁၃) ရက်အထိ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုနယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရားမဝင် ပြည်ပနိုင်ငံသား စုစုပေါင်း (၆၀၁၅)ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက်မှ (၃၂၁၃)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၂၈၀၂) ဦး ကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
“တစ်ရက်ကို ကျွန်တော်တို့ဘတ်သိန်း (၂၀) လောက်ကုန်တယ် သူတို့စားစရိတ်က၊ တစ်ရက်ကို အထွေထွေကုန်ကျစရိတ်က စက်သုံးဆီ ကိစ္စတွေ ဘာတွေ ညာတွေ၊ စက်သုံးဆီဆိုလည်း ရှာကြံဝယ်ရ။ ဟိုးအောက်ကနေ တစ်ပေပါဝယ်စု၊ နှစ်ပေပါဝယ်စု ကားတွေသုံးဖို့က တော်တော်အခက်အခဲဖြစ်တာ။ တစ်ရက်ကို ဘတ်သိန်း (၂၀)လောက် ကုန်တယ်။ အခုကျ လူနည်းနည်းလျော့သွားတော့ကျ နည်းနည်း ကောင်းတာပေါ့” ဟု BGF ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။
ကျားဖျန့်နှင့်ပတ်သက်၍ ဆက်လက် ဖမ်းဆီးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ၎င်းက အတိအလင်းဆိုသည်။ “ကျွန်တော်တို့ က ရှာဖွေ၊ ကယ်ဆယ်၊ ဖမ်းဆီး၊ အပ်နှံ၊ ထိန်းသိမ်း (၅)ချက်ပေါ့။ ပြီးသွားရင် တံတား(၂)ဆို တံတား(၂)။ လုံခြုံရေးအပြည့်အဝနဲ့ အရောက်ပြန်ပို့ပေးတယ်။ အခုကျတော့မှ လုံးဝထားစရာမရှိလို့ပါဆိုပြီး ပြောတော့မှ အရှိန်လေးနည်းနည်းလျှော့လိုက်တာ။ ကျွန် တော်တို့ ထားစရာမရှိတော့ဘူး။ အခုကျွန်တော်တို့ တစ်နှစ်ထဲမှာလည်း ရပ်ချင်မှရပ်မယ်။ (၂)နှစ်ထဲမှာ လည်း ရပ်ချင်မှရပ်မယ်။ ကျွန်တော်တို့လစဉ် ရသလောက်ဖမ်းပြီး ပို့နေမယ်”ဟု BGF နှင့်နီးစပ်သူတစ် ဦးက ပြောသည်။
လက်ရှိတွင် တရားမဝင်ပြည်ပနိုင်ငံသားများ ဖမ်းဆီးမှုကို အရှိန်လျှော့ထားပြီး ကျန်ရှိသည့် ပြည်ပ နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပြီးပါက ဒုတိယလှိုင်းအနေဖြင့် ဖမ်း ဆီးမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ “အခု အင်ဒိုနီးရှားကလည်း (၈၄)ယောက် ခေါ်ပြီး ရပ်သွားပြန်ပြီ။ အင်ဒိုနီးရှားက အခုတစ်ပုံကြီး ကျန်သေးတယ်။ တရုတ်တွေလည်း ခေါ်တာ မကုန် သေးဘူး။ အခုပြန်လွှဲဖို့ စုစုပေါင်းက (၃၀ဝဝ)၊ (၄၀ဝဝ)ပတ်ဝန်းကျင်လောက် ကျန်မယ် ထင်တယ်။ အဲဒါ ပြီးရင် ကျွန်တော်တို့က ဒုတိယလှိုင်း ပြန်စမယ်။ မြို့ထဲမှာလည်း ဖမ်းဦးမှာ။ အခုက ဟထားပေးတဲ့နေရာ တွေအများကြီးရှိသေးတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ဂျပန် နိုင်ငံသားတစ်ဦးအပါအဝင် ကျားဖျန့်အရေးကြီး ပုဂ္ဂိုလ်(၇)ဦးကို ဖမ်းဆီးထိန်း သိမ်း ထားပြီး ၎င်းတို့အနက် ဂျပန်နိုင်ငံသားကို တာဝန်ရှိသူများမှ ယခုရက်ပိုင်းအတွင်း ပြန်လည်ခေါ်ဆောင် မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
က်ားဖ်န႔္လုပ္သား ထိန္းသိမ္းစရိတ္ တစ္ရက္လွ်င္ ဘတ္သိန္း(၂၀)ထက္မနည္း BGF တို႔ ကုန္က်ေန
Pearl (NP News) - မတ္ ၁၇
ထိုင္း - ျမန္မာနယ္စပ္မွ အြန္လိုင္းေလာင္းကစားႏွင့္ လိမ္လည္သူမ်ားအေရးႏွင့္ပတ္သက္၍ မိခင္ႏိုင္ငံသို႔ ျပန္လည္ပို႔ေဆင္ျခင္းမ်ားရွိေနေသာ္လည္း ထိန္းသိမ္းရသူ ပမာဏမ်ားျပားေနေသာေၾကာင့္ BGF ဘက္ တြင္ တစ္ရက္ဘတ္သိန္း(၂၀)ထက္မနည္း ကုန္က်သည္အထိ စရိတ္ေထာင္းေနေၾကာင္း BGF ဒုဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္က NP news သို႔ ေျပာသည္။
(၂၀၂၅) ခုႏွစ္၊ ဇန္နဝါရီလ (၃၀) ရက္မွ မတ္ လ (၁၃) ရက္အထိ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳနယ္ေျမမွ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား အပါအဝင္ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသည့္ တရားမဝင္ ျပည္ပႏိုင္ငံသား စုစုေပါင္း (၆၀၁၅)ဦးကို စစ္ေဆးေဖာ္ထုတ္ ထိန္းသိမ္း ႏိုင္ခဲ့ေၾကာင္း သိရသည္။ ၎တို႔အနက္မွ (၃၂၁၃)ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၂၈၀၂) ဦး ကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းလည္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
“တစ္ရက္ကို ကြၽန္ေတာ္တို႔ဘတ္သိန္း (၂၀) ေလာက္ကုန္တယ္ သူတို႔စားစရိတ္က၊ တစ္ရက္ကို အေထြေထြကုန္က်စရိတ္က စက္သုံးဆီ ကိစၥေတြ ဘာေတြ ညာေတြ၊ စက္သုံးဆီဆိုလည္း ရွာႀကံဝယ္ရ။ ဟိုးေအာက္ကေန တစ္ေပပါဝယ္စု၊ ႏွစ္ေပပါဝယ္စု ကားေတြသုံးဖို႔က ေတာ္ေတာ္အခက္အခဲျဖစ္တာ။ တစ္ရက္ကို ဘတ္သိန္း (၂၀)ေလာက္ ကုန္တယ္။ အခုက် လူနည္းနည္းေလ်ာ့သြားေတာ့က် နည္းနည္း ေကာင္းတာေပါ့” ဟု BGF ဒုဗိုလ္မႉးႀကီး ႏိုင္ေမာင္ေဇာ္က ဆိုသည္။
က်ားဖ်န႔္ႏွင့္ပတ္သက္၍ ဆက္လက္ ဖမ္းဆီးျခင္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လည္း ၎က အတိအလင္းဆိုသည္။ “ကြၽန္ေတာ္တို႔ က ရွာေဖြ၊ ကယ္ဆယ္၊ ဖမ္းဆီး၊ အပ္ႏွံ၊ ထိန္းသိမ္း (၅)ခ်က္ေပါ့။ ၿပီးသြားရင္ တံတား(၂)ဆို တံတား(၂)။ လုံၿခဳံေရးအျပည့္အဝနဲ႔ အေရာက္ျပန္ပို႔ေပးတယ္။ အခုက်ေတာ့မွ လုံးဝထားစရာမရွိလို႔ပါဆိုၿပီး ေျပာေတာ့မွ အရွိန္ေလးနည္းနည္းေလွ်ာ့လိုက္တာ။ ကြၽန္ ေတာ္တို႔ ထားစရာမရွိေတာ့ဘူး။ အခုကြၽန္ေတာ္တို႔ တစ္ႏွစ္ထဲမွာလည္း ရပ္ခ်င္မွရပ္မယ္။ (၂)ႏွစ္ထဲမွာ လည္း ရပ္ခ်င္မွရပ္မယ္။ ကြၽန္ေတာ္တို႔လစဥ္ ရသေလာက္ဖမ္းၿပီး ပို႔ေနမယ္”ဟု BGF ႏွင့္နီးစပ္သူတစ္ ဦးက ေျပာသည္။
လက္ရွိတြင္ တရားမဝင္ျပည္ပႏိုင္ငံသားမ်ား ဖမ္းဆီးမႈကို အရွိန္ေလွ်ာ့ထားၿပီး က်န္ရွိသည့္ ျပည္ပ ႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းၿပီးပါက ဒုတိယလႈိင္းအေနျဖင့္ ဖမ္း ဆီးမႈမ်ား ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။ “အခု အင္ဒိုနီးရွားကလည္း (၈၄)ေယာက္ ေခၚၿပီး ရပ္သြားျပန္ၿပီ။ အင္ဒိုနီးရွားက အခုတစ္ပုံႀကီး က်န္ေသးတယ္။ တ႐ုတ္ေတြလည္း ေခၚတာ မကုန္ ေသးဘူး။ အခုျပန္လႊဲဖို႔ စုစုေပါင္းက (၃၀ဝဝ)၊ (၄၀ဝဝ)ပတ္ဝန္းက်င္ေလာက္ က်န္မယ္ ထင္တယ္။ အဲဒါ ၿပီးရင္ ကြၽန္ေတာ္တို႔က ဒုတိယလႈိင္း ျပန္စမယ္။ ၿမိဳ႕ထဲမွာလည္း ဖမ္းဦးမွာ။ အခုက ဟထားေပးတဲ့ေနရာ ေတြအမ်ားႀကီးရွိေသးတယ္” ဟု ၎က ေျပာသည္။
ထို႔ျပင္ ဂ်ပန္ ႏိုင္ငံသားတစ္ဦးအပါအဝင္ က်ားဖ်န႔္အေရးႀကီး ပုဂၢိဳလ္(၇)ဦးကို ဖမ္းဆီးထိန္း သိမ္း ထားၿပီး ၎တို႔အနက္ ဂ်ပန္ႏိုင္ငံသားကို တာဝန္ရွိသူမ်ားမွ ယခုရက္ပိုင္းအတြင္း ျပန္လည္ေခၚေဆာင္ မည္ျဖစ္ေၾကာင္းလည္း သိရသည္။